ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

4 February 2013

အစိုးရနှင့်ကေအိုင်အို စစ်ရေးတင်းမာမှုများ လျှော့ချရန် သဘောတူ


ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ အစိုးရတို့ ဒီနေ့ မနက် ၉ နာရီကနေ ညနေ ၄ နာရီကျော်အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရွေလီမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြပါတယ်။

ကြေညာချက်မှာ စစ်ရေးတင်းမာမှုများ လျှော့ချရေး၊ နှစ်ဖက် ဆက်သွယ်မှုများ ထားရှိရေး နဲ့ နောက်တကြိမ် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ မကုန်ခင် ဆက်ပြုလုပ်နိုင်ရေးတို့ သဘောတူခဲ့ကြကြောင်း ပါရှိပါတယ်။
ဒီနေ့ တရက်တည်းနဲ့ ဆွေးနွေးပွဲ အဆုံးသတ်ခဲ့ပြီး အစိုးရဘက် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း၊ မွေးမြူရေးဝန်ကြီး ဦးအုန်းမြင့်တို့ ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။
ကေအိုင်အိုဘက်ကတော့ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်ပြီး ဗိုလ်ချုပ်ဂွမ်မော် နဲ့ တခြား တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူ တဦးက ပြောပါတယ်။
ဒီပွဲမှာ ဦးလှမောင်ရွှေအပါဝင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေလည်း ပါဝင်သလို  ထူးခြားချက်အနေနဲ့ တရုတ်အစိုးရ ကိုယ်စားလှယ်အဖြစ် တရုပ်သံအမတ်ကြီး Luo Zhao Uhi လူဇောင်ဟီလည်း သက်သေအဖြစ် တက်ရောက်ခဲ့ပါတယ်။
တခြား ကြားခံသက်သေတွေအဖြစ် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူး စေးဖိုးနဲ့ အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS က ဗိုလ်မှူးချုပ် စိုင်းလူနဲ့အဖွဲ့တွေ၊ ဦးဟန်ညောင်ဝေ ဦးဗစ်တာဗြတ်လျန်လို့လည်း သက်သေအဖြစ် တက်ရောက်ခဲ့ကြပါတယ်။
 

DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ