ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

24 November 2012

စစ်တပ် သိမ်းလယ်မြေ ပြန်ခွဲဝေ ပေးမည်ဟု ရခိုင်ဝန်ကြီး ကတိ လယ်သမားများ မယုံကြည်


မောင်ရမ္မာ
စစ်တပ်မှ သိမ်းဆည်းထားသော လယ်မြေများထဲမှ တချို့ကို ပြန်လည် ခွဲဝေပေးမည်ဟု ရခိုင်ဝန်ကြီး တစ်ဦးက ကတိပြု ပြောကြားသော်လည်း ရခိုင်လယ်သမားများက အယုံအကြည် မရှိဟု သိရသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပေါင်းဇား ကျေးရွာ အနီးတ၀ိုက်မှ လယ်ဧက ၁၈၀၀ကို ဘူးသီးတောင် အခြေစိုက် စစ်ဗျူဟာက သိမ်းယူထားခဲ့သည်။ ထို လယ်မြေများထဲမှ တချို့တ၀က်ကို ပြန်လည် ခွဲဝေပေးမည်ဟု ရခိုင်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးကျော်သိန်းက နိုဝင်္ဘာလ ၂၀ က အဆိုပါ ကျေးရွာသို့ ရောက်ရှိစဉ် ပြောဆိုခဲ့ဟု ဆိုသည်။

“ စစ်တပ်က သိမ်းယူထားတဲ့ လယ်ဧက ၁၈၀၀ ထဲမှာ မြေစာရင်း ဦးစီးဌာန လပ စာရင်း ဖေါက်ထား တာက စစ်တပ်ပိုင်  ၇၄၄ ဒဿမ ၇၇ ဘဲ ရှိတယ်။ ဒါကြောင့် ကျန်တဲ့ မြေတွေကို လယ်သမား တွေကို ပြန်လည် ခွဲဝေပေးမယ်လို့ ၀န်ကြီးက ကတိပြု ပြောဆိုသွားပါတယ်။ ဒါပေမယ့်လည်း စစ်တပ်က ပြန်ပေးမှ ရမယ်။ စစ်တပ်က မပေးရင် မရဘူး။ ဒါကြောင့် ၀န်ကြီး ကတိကို လယ်သမားတွေက မယုံကြဘူး” ဟု ပေါင်းစား လယ်သမား တစ်ဦးက ပြောသည်။
ဝန်ကြီး ဦးကျော်သိန်းနှင့် အတူ ပေါင်းဇား ကျေးရွာသို့ လယ်မြေများ စစ်ဆေးရန် ရောက်လာရာတွင် စစ်တပ်မှ အရာရှိများ၊  ရသေ့တောင်မြို့ မြို့နယ်ဦးစီးမှူး ဦး ထွန်းထွန်းဝင်းနှင့်  ပြည်နယ် မြေစာရင်း ဒု ဦးစီး အရာရှိလည်း ပါဝင်သည်ဟု သိရသည်။
“ ၀န်ကြီး ဦးကျော်သိန်းက စစ်တပ်မှ သိမ်းယူထားတဲ့  လယ်ဧက ၇၄၄ ဒဿမ ၇၇ ကို တပ်မတော်သို့ ပေးမှာကို သဘောတူသလားလို့ ရွာသားတွေကို မေးပါတယ်။ ရွာသားတွေက အစိုးရ အာဏာပိုင်တွေကို ကြောက်ကြတော့ သဘောတူပါတယ် ဆိုပြီး ပြန်ပြောတယ်။ ဒါဆိုရင် ကျန်တဲ့ မြေတွေဟာ လယ်သမားတွေ ပိုင်တဲ့မြေ ဖြစ်ရမယ်။ အဲဒီ လယ်မြေတွေကို ဒီဇင်ဘာလ နောက်ပိုင်းမှာ လယ်သမားတွေကို ပြန်ခွဲဝေပေးမယ်လို့ ၀န်ကြီးက ကတိပေး ပြောသွားပါတယ်” ဟု သူက ဆက်ပြောသည်။
ရသေ့တောင်မြို့နယ် မယူကမ်းဒေသ ပေါင်းဇား၊ နေပူခံ၊ ကျွန်းချောင်းနှင့် ပိုးရီးပြင် ကျေးရွာများမှ လယ်သမားများ  မြေစာရင်းဌာနတွင် စာရင်းဖေါက်၍ မရှိသော လယ်မြေ ၇၄၄ ဒဿမ ၇၇ ကို အဆိုပါ ကျေးရွာများမှ မိုင်ပေါင်း ၅၀ ခန့် ဝေးသော ဘူးသီးတောင် အခြေစိုက် စစ်ဗျူဟာမှ သိမ်းယူခဲ့သည်။
သိမ်းယူသောအခါ အကျင့်ပျက် စစ်အရာရှိ တချို့သည် ဒေသခံ စီးပွားရေးသမားများနှင့် ပေါင်းကာ လယ်ဧက ၇၄၄ ဒဿမ ၇၇ သိမ်းယူမည့် နေရာတွင် အနီးအနားရှိ လယ်မြေများ အပါအ၀င် ဧက ၁၈၀၀ ကျော်ကို သိမ်းယူခဲ့သည်။ သိမ်းယူပြီးနောက်ပိုင်းတွင် တစ်ဧကို တင်း (၂၀) နုန်းဖြင့် လယ်သမားများကို ပြန်လည် ဌားစားခဲ့သည်။
ယခုကဲ့သို့ စစ်တပ်မှ မတရားသဖြင့် လယ်မြေများကို သိမ်းယူပြီး ပြည်သူများ အပေါ် ခေါင်းပုံ ဖြတ် ဂုတ်သွေးစုတ်နေမူကို မခံမရပ်နိုင်ဖြစ်နေကြသော လယ်သမားများသည် ၂၀၁၀ ခုနှစ် ရွှေးကောက်အပြီး အရပ်သား အစိုးရတက်လာသောအခါ ၎င်းတို့ပိုင်ဆိုင်သော လယ်မြေများကို ကျွဲနွားများဖြင့် တက်ရောက် ထွန်ယက် စိုက်ပျိုးခဲ့ကြသည်။
ထိုသို့ ထွန်ယက် စိုက်ပျိုးသည့် အပေါ် စစ်တပ်နှင့် ပူးပေါင်းပြီး စီးပွားရေး လုပ်ကိုင်စားသောက်နေသူ ရသေ့တောင်မြို့မှ ဦးစောအောင်သိန်းက လယ်သမား ၄၅ ဦးကို ပိုင်နက် ကျူးကျော်မူ၊ လူစု လူဝေးဖြင့် လုယက် ဖျက်ဆီးမူ စသည့် အမူတွဲ (၅) ခုဖြင့် တရားစွဲဆိုခဲ့သည်။
တရားစွဲဆိုပြီးနောက် စစ်တပ်၏ ဖိအားဖြင့် လောင်ချောင်းရဲစခန်းမှ လယ်သမား (၂၉) ဦး တစ်ကြိမ်၊ နောက်ထပ် လယ်သမား (၁၉) ဦးးကို တစ်ကြိမ် ဖမ်းဆီး ချုပ်နှောင်ခဲ့ပြီး ရသေ့တောင်မြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။ လယ်သမား ၄၅ ဦးမှာ အာမခံဖြင့် ပြန်လည် လွှတ်မြောက်လာသော်လည်း ယခုအချိန်ထိ တရား ရင်ဆိုင်နေရဆဲ ဖြစ်သည်။
ယခု ရခိုင်ဝန်ကြီး ဦးကျော်သိန်းနှင့် အဖွဲ့ ပေါင်းဇားကျေးရွာသို့ လာရောက်ပြီး လယ်ယာမြေ စစ်ဆေးမှူနှင့် ပတ်သက်ပြီး  ရသေ့ တောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင်သိန်းကို မေးမြန်းကြည့်ရာ သူက ယခုလို နိရဉ္စရာသို့ ပြောသည်။
“ စစ်တပ်က ပေါင်းဇားမှာ သိမ်းထားတဲ့ လယ်ဧကကို လွှတ်တော်မှာတင်ပြီး မေးမြန်းတဲ့အခါ  ဧက  ၇၄၄ ဒဿမ ၇၇ ရှိတယ်လို့ ပြည်ထောင်စု ၀န်ကြီးလှမင်းက လွှတ်တော်မှာ ပြောပါတယ်။ လက်ရှိ တိုင်းတာတဲ့ အခါ အသိမ်းခံထားရတဲ့ လယ်ဧက ၁၈၀၀ နီးပါးထိ ရှိနေတယ်။ ဒါဆိုရင် စစ်တပ်က သိမ်းထားတဲ့ အထဲမှာ ပိုနေတဲ့ လယ်တွေကို ပြန်ပေးပါလို့  ပြည်နယ် ၀န်ကြီးချုပ်ကို တင်ပြ တောင်းဆို ထားတဲ့ အတွက်  အခု ၀န်ကြီး ဦးကျော်သိန်း လာရာက် စစ်ဆေးတာ  ဖြစ်ပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်က  စစ်တပ် တပ်ရင်းများ အခြေစိုက်ရန်  အတွက် မြေများသိမ်းယူသည့် အပြင် တပ်မရန်ပုံငွေ၊ တပ်ရင်း ရန်ပုံတွေ အတွက်ဟု အကြောင်း အမျိုးမျိုးပြကာ သိမ်းယူထားသော လယ်မြေဧကမှာ သိန်းဂဏန်းချီပြီး ရှိနိုင်သည်ဟု အများက ခန့်မှန်း ပြောဆိုနေကြသည်။
ရခိုင်ပြည်နယ် တောင်ပိုင်း ဂွမြို့နယ် တစ်ခုတည်းတွင်ပင် တိုင်းမှူး ၀င်းမြင့်လက်ထက်က သိမ်းယူသွားခဲ့သော လယ်မြေဧကမှာ တစ်သောင်းကျော် ရှိသည်ဟု ဒေသခံများက ပြောဆိုသည်။






narinjara

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ