ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

24 November 2012

ဆူဇူကီးဖလားပွဲ မြန်မာအသင်း ခက်ခက်ခဲခဲကစားရမည်


ထိုင်းနိုင်ငံမှာ ကျင်းပမယ့်  ဆူဇူကီးဖလားဘောလုံးပြိုင်ပွဲမှာ ယှဉ်ပြိုင်ကစားမယ့် မြန်မာအသင်းဟာ အုပ်စုကနေပြီး ဆီမီးဖိုင်နယ် တက်ရောက်ဖို့ မျှော်လင့်သလို ပွဲတိုင်းဟာ ခက်ခဲလိမ့်မယ်လို့ မြန်မာအသင်း တာဝန်ရှိသူက  သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့Golden Tulip Hotel မှာ အာဆီယံ ဆူဇူကီးဖလားအကြို သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပြီး ပြိုင်ပွဲတွေမှာ ပြိုင်ဘက်ရဲ့ ကစားကွက်တွေပေါ်မှာ အခြေခံပြီး ကစားကွက်တွေကို အပြောင်းအလဲလုပ်သွားမယ်လို့ မြန်မာလက်ထောက်နည်းပြနဲ့ မန်နေဂျာ ဦးတင်မြင့်အောင်က ပြောပါတယ်။
အာဆီယံဆူဇူကီးဖလားအကြို သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဓာတ်ပုံ- အံ့ဖုန်းမြတ်)
ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ဆူဇူးကီဖလားမှာ မြန်မာအသင်းဟာ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်တို့နဲ အုပ်စုတခုတည်းမှာ ရောက်နေသလို ဗီယက်နမ်အသင်းနဲ့ နိုဝင်ဘာ ၂၄ ရက် စနေနေ့မှာ ပွဲဦးထွက် ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

ဗီယက်နမ်နဲ့ပွဲစဉ်နဲ့ ပတ်သက်ပြီးနည်းပြ ဦးတင်မြင့်အောင်က “မနက်ဖြန်ကစားမယ့် ဗီယက်နမ်အသင်းဟာဆိုရင် တောင့်တင်းတဲ့အသင်းဖြစ်ပါတယ်။ ကျနော်တို့ အသင်းအနေနဲ့က သူတို့ထက်စာရင် နည်းနည်းအားပျော့တယ်၊ ကျနော်တို့ တချို့လူတွေကျန်ခဲ့တယ်၊ ဒါပေမယ့် ဒီပွဲအတွက် ကျနော်တို့ နိုဝင်ဘာလကစပြီး ပြင်ဆင်လာတယ်၊ အကောင်းဆုံးလည်း ပြင်ဆင်ထားပါတယ်။ ဗီယက်နမ်အသင်းရဲ့ အားနည်းချက်တွေ အားသာချက်တွေကိုလည်း လေ့လာထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီဗီယက်နမ်နဲ့ပွဲမှာ အကောင်းဆုံးပေးဆက်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
ဒီပြိုင်ပွဲမှာ အဖြူရောင် နတ်သားဆိုပြီးတော့ နာမည်ပြောင် ခေါ်ဆိုခြင်းခံရတဲ့ မြန်မာအသင်းမှာ အဓိက ကစားသမားတွေ ဖြစ်တဲ့ ကျော်ကိုကို၊ ကျော်ဇေယျာဝင်းတို့ ဒဏ်ရာရနေလို့ တိုက်စစ်မှူး နေရာအတွက် ပြဿနာရှိနေတယ်လို့ ပြောပါတယ်။
ဒီအတွက်ကြောင့် အသင်းကိုင်တွယ်ရတဲ့ သက်တမ်းတလျှောက်မှာ အဆိုးဝါးဆုံး အခြေအနေ ဖြစ်တယ်လို့လည်း မြန်မာအသင်းနည်းပြချုပ် ပတ်ဆောင်ဟွာက အရင်က ပြောခဲ့ဖူးပါတယ်။
ဆူဇူကီးခြေစစ်ပွဲ ရလဒ်တွေကြောင့် မြန်မာအသင်းဟာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၂၀ ကျော် မြင့်တက်လာပြီးတော့ အရှေ့တောင်အာရှမှာလည်း အဆင့် ၄ နေရာကို ရောက်ရှိလာပါတယ်။
ဒီဘောလုံးပြိုင်ပွဲကို ၁၉၉၆ က စတင်ပြီး စင်ကာပူ အခြေစိုက် တိုက်ဂါးဘီယာရဲ့ ထောက်ပံ့မှုနဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၂ ဆူဇူကီးဖလားကို ထိုင်းနဲ့ မလေးရှားတို့က အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပနေတာလည်း ဖြစ်ပါတယ်။ အကြိုဗိုလ်လုပွဲရောက်ရင်တော့ အိမ်ကွင်း အဝေးကွင်း စနစ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ရန်ကုန်မှာ ကျင်းပခဲ့တဲ့ ဆူဇူကီးဖလားခြေစစ်ပွဲမှာ အောင်မြင်ပြီး ပြိုင်ပွဲဝင်ခွင့်ရတာဖြစ်ပြီး  ၂၀၀၄ ခုနှစ်က တကြိမ်သာ အကြိုဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။



DVB

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ