ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

24 November 2012

ပြည်သူ များကို သွေးထိုး ပေးနေသော မီဒီယာများ သတိထား(ပေးစာ - ၂၁၉)




 အခု စလောင်းလေးဖွင့်ပြီး မြန်မာပြည်ကလွှင့်တဲ့ မြ၀တီလိုင်းကို ဖမ်းကြည့်နေတာဗျာ..လွှတ်တော်ထဲမှာ ဆွေးနွေးနေတာတွေလွှင့်သွားတယ်...အရမ်းအရမ်း ကောင်းပါတယ်.. အဲ့ထဲမှာ စစ်တပ်ဖက်က အရာရှိတယောက်တင်ပြသွားပါတယ်.. လက်ပံတောင်းကြေးနီစီမံကိန်းဆန္ဒပြနေတဲ့သတင်းပါ.. အဲ့ဒီဆန္ဒပြတဲ့သတင်းတွေကို DVB , BBC , Irrawaddy သတင်းဆိုဒ်နဲ့ရေဒီယိုမှာမကြာခဏလာနေပါတယ်..တကယ်တော့ အဲ့ဒါတွေဟာမီဒီယာလုပ်ကွက်တွေဆိုတာကျွန်တော်သိလိုက်ရပါတယ်..


တိုင်းပြည်ပျက်အောင် လုပ်နေကြတဲ့လုပ်ကွက်စစ်စစ်တွေပါ..တောင်သူတွေကိုမီဒီယာသမားတွေက ဓါတ်ပုံမရိုက်ခင် ငိုခိုင်းတယ်..ဘယ်လိုအော်ရမယ်ဆိုတာသင်ပေးတယ်..အဲ့ဒီပုံတွေကို အစိုးရဖက်ကို သတင်းပေးတယောက်ကနေတဆင့်ရခဲ့တယ်ထင်ပါရဲ့.. မီဒီယာတွေက ငိုဖို့သင်ပေးနေတဲ့ ပုံတချို့နဲ့..ဓါတ်ပုံရိုက်နေတဲ့အချိန်မှာရယ်နေတဲ့ ဆန္ဒပြတောင်သူတွေပုံတွေပါပါတယ်..အဲ့ပုံတွေကို projector နဲ့လွှတ်တော်မှာတင်ပြသွားပါတယ်..

အဲ့မှာ လွှတ်တော်အမတ်စစ်ဗိုလ်ကထပ်ရှင်းသွားပါသေးတယ်..သူတို့ကြေးနီစီမံကိန်းက တလကို သန်း ၂၀၀ အကုန်ကျခံပြီးနိင်ငံခြားကုမ္ပဏီတွေနဲ့ပူးပေါင်းဆောင်ရွက်ရတာပါတဲ့..အခု ဘုန်းကြီးအယောက် ၄၀ နဲ့ ရွာသားအယောက်၄၀၀ခန့် က စီမံကိန်းထဲမှာ လာနေနေကြတော့ အလုပ်ဆက်လုပ်လို့မရပဲ တိုင်းပြည်ငွေကြေးတွေဆုံးရှုံးနေရပါတယ်..အဲ့ဒီဘုန်းကြီးတွေကလဲ ဘယ်သူက ပိုက်ဆံ ဘယ်လောက်ပေးလို့ ဘုမသိဘမသိ ပညာမတတ်ပဲနဲ့ တိုင်းပြည်စီးပွားကို ဖျက်စီးနေတယ်မသိ..ဘုန်းကြီးအစစ်တောင်ဟုတ်ရဲ့လားမသိပါဘူးဗျာ..ဒီလိုသာမီဒီယာ လုပ်ကွက်တွေ ကြားမှာပြည်သူတွေကပါ ရောယောင်ပြီး အစိုးရဘာလုပ်လုပ်ဆန့်ကျင်နေမယ်ဆိုရင် တိုင်းပြည်ပျက်စီးဖို့လမ်းရောက်သွားပါမယ်..ကြေးနီစီမံကိန်းကနေပြည်သူတွေဘာအကျိုးအမြတ်ရလဲလို့

မေးအုံးမလို့လား? အခု အစိုးရက မွေးကင်းစကလေးတွေ ၅မျိုးပါ ကာကွယ်ဆေးထိုးပေးတော့မှာပါ..အဲ့ဒီဆေးကအပြင်မှာထိုးရင် ၁သောင်းခွဲခန့်ရှိတယ်လို့ ပြောပါတယ်..အဲ့ဒီဆေးတွေကိုလဲ သန်းရာချီအကုန်ကျခံပြီး တတိုင်းပြည်လုံးထိုးပေးမှာပါ..

.ကဲ..အဲ့ဒါပြည်သူတွေအကျိုးအမြတ်မဟုတ်ပေဘူးလား..အစိုးရဘာလုပ်လုပ် ဆန္ဒပြနေမှတော့ တိုင်းပြည် တိုးတက်ရေးမှာ အနှောက်အယှက်များစွာဖြစ်နေပါတယ်..ဒီနေ့ပဲ သတင်းတခု ထပ်ဖတ်လိုက်ရပြန်တယ်..တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်ကို စစ်ကိုင်းကိုပြောင်းတာ ဆန္ဒပြနေပါတယ်တဲ့..အဟတ်..တော်တော်ရီချင်သွားတယ်..ကျွန်တော့ ဦးလေးအဲ့ ကျောင်းမှာ ကျောင်းဆရာပါ..ဘုရားစူးပါဗျာ ကျနော်နိုင်ငံခြားမထွက်ခင်ထိ ကျွန်တော့ဦးလေး စာသွားသင်ဖို့နေနေသာသာ အဲ့ကျောင်းက ကျောင်းသားတွေနဲ့ သူငယ်ချင်းပေါင်းပေါင်းပြီးအလေလိုက်နေတာပါ..

ကျွန်တော့ဦးလေးတင်မဟုတ်ပါဘူး..ကျန်တဲ့ ၉၉%ဆရာတွေလဲဒီတိုင်းပါပဲ. စာမေးပွဲနီးရင် မေးခွန်းတောင်းတယ်..ကျောင်းတတ်ချိန်မှာ စာသင်လို့မရအောင်ကို ဆူညံပြီး အထိန်းအကွပ်မရှိတဲ့ နွားခြံလိုကိုဖြစ်နေတယ်လို့ ခဏခဏပြောပါတယ်..အခု ကျောင်းပြောင်းမယ်လဲလုပ်ရော တခါမှ ကျောင်းတောင်ရောက်ခဲ့ဘူးလား မသိတဲ့ကောင်တွေက ဆန္ဒပြ ကြပါတယ်..တကယ်တော့ အစိုးရက နေရာရွှေ့ပြီး သူတို့အခု ကျောင်းနေရာမှာ စီမံကိန်းတခုလုပ်ဖို့ရှိတယ်လို့ ပြောပါတယ်..ကျောင်းမတတ်တဲ့ကောင်တွေကို နေရာပြောင်းပြီး ကို့တိုင်းပြည်တိုးတက်ရေးအတွက် လုပ်တာ ကျေကျေနပ်နပ်ပြောင်းပေးရမှာပေါ့ဗျာ..အခုဟာက...xxx ပြောရင်ကုန်လိမ့်မယ်မထင်...

.နောက်ဆုံးပြောချင်တာက ကျနော်တို့အားလုံးဟာပညာတတ်တွေကြည့်ပါပဲ.. ချင့်ချိန်ပြီးယုံကြပါ.မီဒီယာတွေလှည့်သမျှခံပြီး တိုင်းပြည်မပျက်ဖို့ကျွန်တော်တို့ဖက်က ကာကွယ်သွားဖို့တာဝန်ရှိပါတယ်။




From : G Tone Mmhu

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ