ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

24 November 2012

အိုဘားမားရဲ့ `ရိုဟင်ဂျာ´ အသုံးအနှုန်းကို ရခိုင်အမျိုးသားကွန်ယက်ကန့်ကွက်


ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမမှာ အမေရိကန်သမ္မတ ဘာရက်အိုဘားမားပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ `ရိုဟင်ဂျာ´ဆိုတဲ့အသုံးအနှုန်းကိုသုံးသွားတာကြောင့် များစွာမှ စိတ်ပျက်ဝမ်းနည်းမိပြီး စိုးရိမ်စရာလည်းဖြစ်တယ်လို့ ရခိုင်အမျိုးသားကွန်ယက်က ပြောဆိုလိုက်ပါတယ်။

ကွန်ယက်ဥက္ကဌ ဦးတင်ထူးအောင်က ` ကမ္ဘာ့စူပါပါဝါနိုင်ငံကြီးက သမ္မတက `ရိုဟင်ဂျာ´ လို့သုံးသွားတာဟာ ကျွန်တော်တို့ တိုင်းရင်းသားအဖွဲ့တွေကြားမှာ ရှုပ်ထွေးမှုတွေဖြစ်စေနိုင်ပါတယ်´ လို့ ပြောပါတယ်။

ရခိုင်မှာဖြစ်ပျက်နေတဲ့ပြဿနာတွေဟာ လူမျိုး၊ ဘာသာပြဿနာမဟုတ်ဘဲ လူ့ယဉ်ကျေးကမ္ဘာမှာနေထိုင်တဲ့သူတွေ အကြမ်းဖက်ခံရတာဖြစ်ပါတယ်လို့လည်းသူက ဆိုပါတယ်။
ယနေ့ နေ့လည်မှာ ရန်ကုန်မြို့က၎င်းကွန်ယက်ရုံးခန်းမှာ သတင်းထောက်တွေကိုပြောဆိုခဲ့တာပါ။


ရှင်းလင်းပြောကြားနေသော ရခိုင်အမျိုးသားကွန်ယက် ဥက္ကဌ ဦးတင်ထူးအောင်

`ရိုဟင်ဂျာတွေဟာ ခင်ဗျားတို့ ကျွန်တော်တို့လိုပဲ ဂုဏ်သိက္ခာရှိစွာနေနိုင်ကြရပါမယ်….

`ဘာလူမျိုးဖြစ်နေလို့၊ ဘယ်နေရာကနေရောက်လာလို့ဆိုတဲ့ အကြောင်းတစ်ခုတည်းနဲ့ပဲ အိမ်တွေမီးရှို့ခံရမှာ၊ မိသားစုတွေ အန္တရာယ်ပြုခံရမှာကို စိုးရိမ်ဖို့မလိုဘဲ နေထိုင်ခွင့်ရှိရပါမယ်´ လို့ အိုဘားမားက မိန့်ခွန်းထဲမှာ ပြောဆိုခဲ့ပါတယ်။

အဲဒီပြောဆိုမှုတွေနဲ့ပတ်သတ်ပြီး ရခိုင်အမျိုးသားကွန်ယက် ဒု-ဥက္ကဌ ဦးကျော်ဝင်းချေက ` တိုင်းရင်းသားဆိုတာ ဖန်တီးလို့ရတဲ့အရာမဟုတ်ပါဘူး´ လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ရခိုင်အမျိုးသားကွန်ယက်အနေနဲ့ သမ္မတအိုဘားမားရဲ့ ပြုပြင်ပြောင်းလဲရေးလမ်းစဉ်တွေနဲ့ မြန်မာနိုင်ငံပေါ်ထားရှိမူဝါဒတွေကို ကြိုက်နှစ်သက်ပြီး အငြင်းပွားစရာမရှိသော်လည်း `ရိုဟင်ဂျာ´ ဆိုတဲ့အသုံးအနှုန်းကိုတော့ လက်မခံဘဲ အိုဘားမားဆီကိုလည်း အိတ်ဖွင့်ပေးစာတစ်စောင် ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။            ။
 

 From :  Yangon Press International

  

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ