ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

20 December 2012

Asiana လေကြောင်းလိုင်း ရန်ကုန်-ဆိုးလ်ခရီးစဉ် စတင်ပြေးဆွဲမည်

Asiana လေကြောင်းလိုင်း ရန်ကုန်-ဆိုးလ်ခရီးစဉ် စတင်ပြေးဆွဲမည်ကိုးရီးယားနိုင်ငံ အခြေစိုက် Asiana လေကြောင်းလိုင်း သည် တောင် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှ ရနကုန်မြို့သို့ ဒီဇင်ဘာ ၁၉ ရက်တွင် စတင်ပြေးဆွဲတော့မည်ဖြစ်သည်။
ယင်းလေကြောင်းလိုင်းသည် တောင်ကိုရီးယားနိုင်ငံနှင့် မြန်မာ နိုင်ငံသို့ ကိုရီးယားလေကြောင်း
လိုင်းပြီးလျှင် တိုက်ရိုက်ပြေးဆွဲ ပျံသန်းမည့် ဒုတိယမြောက် လေ ကြောင်းလိုင်းဖြစ်သည်ဟု ယင်း လေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြော သည်။ Asiana လေကြောင်းလိုင်း သည် ဘိုရင်း ၇၆၇ လေယာဉ် ဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ခရီးသည်ပေါင်း ၂၉၀ ဦး လိုက်ပါ စီးနင်းနိုင်သည်။
ဆိုးလ်မြို့မှ ရန်ကုန်မြို့သို့ အပတ်စဉ် ဗုဒ္ဓဟူးနှင့် စနေနေ့ ည ပိုင်းတွင် ပြေးဆွဲမည်ဖြစ်ပြီး ရန် ကုန်မြို့မှ ဆိုးလ်မြို့သို့ အပတ်စဉ် ကြာသပတေးနှင့် တနင်္ဂနွေနံနက် ပိုင်း၌ တိုက်ရိုက်ပြေးဆွဲ ပျံသန်း မည်ဖြစ်ကာ လေယာဉ်လက်မှတ် ခအသွားအပြန် ဒေါ်လာ ၆၀ဝ ဖြစ်ပြီး အခြားဝန်ဆောင်စရိတ် ကြေး ထပ်မံပေးရမည်ဖြစ်ကြောင်း သိရသည်။
Asiana လေကြောင်းလိုင်း သည် ယခုနှစ်အတွင်း ထပ်မံတိုးချဲ့ သည့်ပြည်ပအခြေစိုက်လေကြောင်း လိုင်းများအနက်မှ ကိုးခုမြောက် ဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာ နိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပျံသန်း နေသည့် လေကြောင်းလိုင်းမှာ စုစုပေါင်း ၂၃ ခု ရှိလာမည်ဖြစ် သည်။



By 7Day News

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ