ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

20 December 2012

ရည်းစားကို ထောက်ပံ့ချင်လို့ ယောက်ျားကို ပြန်ပေးဆွဲခံရသည်ဟု လိမ်သည့် အမျိုးသမီး


အိန္ဒိယနိုင်ငံ Tamil Nadu မှ အမျိုးသမီးတစ်ဥိးဟာ သူမယောက်ျား မသိဘဲ ချစ်သူကို ငွေကြေး ကူညီချင်တဲ့အတွက်ကြောင့် မိမိကိုယ်မိမိ ပြန်ပေးဆွဲခံရသည်ဟု လိမ်လည်ခဲ့ကြောင်း asiaone သတင်းတွင် ဖော်ပြခဲ့ပါတယ်။
အဆိုပါ အမျိုးသမီးဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ရဲစခန်းက သတိပေးပြီး ပြန်လွှတ်ခဲ့တယ် လို့ သိရသည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အသက် ၂၈ နှစ်အရွယ် ထိုအမျိုးသမီး Nivedha ဟာ သူမရဲ့ ရွှေလည်ဆွဲကို အပေါင်ဆိုင်တစ်ခုမှာ လွန်ခဲ့တဲ့ တစ်လက ပေါင်ခဲ့ကြောင်း၊ ထိုငေများကို သူမ၏ ချစ်သူ Vetri ကို ပေးခဲ့တယ် လို့ ဆိုပါသည်။
ထို့နောက်တော့ သူမဟာ သူမပစ္စည်းနဲ့ ပုံစံတူ အတု တစ်စုံ ၀ယ်ခဲ့ပြီး ထို ပစ္စည်းအတုများ အရောင်လွင့်လာချိန်မှာတော့ ပြန်ပေးဆွဲခံရတဲ့ ပုံစံမျိုးနဲ့ အစဖျောက်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။
သူမက သူမယောက်ျားအား ၁၅ ကီလိုမီတာ အဝေးရှိ Mylapore မှ မိဘအိမ် ပြန်ချင်ကြောင်း ပြောခဲ့ပြီး တကယ်တမ်းတွင်တော့ စနေနေ့မှာ သူမချစ်သူရှိရာ Vellore သို့ သွားခဲ့ပါတယ်။
ထို့နောက် သူမ ယောက်ျားကို တနင်္လာနေ့မှာ ဖုန်းခေါ်ပြီး မိန်းမအုပ်စု တစ်စု သူမကို ဖမ်းဆီးပြီး ပစ္စည်းတွေ အကုန်လုသွားကြောင်း ပြောခဲ့ပါတယ်။
သူမမြို့ကို ပြန်ရောက်တဲ့အခါ ရဲများက စစ်ဆေးပြီးသည့်နောက်ဆုံးတွင်တော့ သူမ အမှန်အတိုင်း ၀န်ခံခဲ့ရပါတော့တယ်။



0ppositeye

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ