ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

20 December 2012

ပိုက်ဆံမပေးပါက အတူနေခဲ့သည့် ပုံများ၊ဗီဒီယိုများကို အွန်လိုင်းတင်မည်ဟု ခြိမ်းခြောက်သည့် ရည်းစားဟောင်း


Tan လို့ အမည်ရတဲ့ အသက် ၃၀ နှစ်အရွယ် မလေးရှားကျောင်းဆရာမလေးဟာ သူမရဲ့ ရည်းစားဟောင်း ဖြစ်သူက မလေးရှားငွေ RM 50000 မြန်မာငွေ သိန်း ၁၂၀ ကျော်ခန့် မပေးပါက သူမနှင့်အတူ နေခဲ့သည့် ပုံများ၊ ဗီဒီယိုများကို အွန်လိုင်း တင်ပစ်မည်ဟု ခြိမ်းခြောက်ခြင်း ခံခဲ့ရပါတယ်။
သူမဟာ Lai လို့ အမည်ရတဲ့ အသက် ၃၄ နှစ်အရွယ် သင်္ဘောသားတစ်ဦးနှင့် လွန်ခဲ့သည့် ၃ နှစ်ခန့်က ချစ်ကျွမ်းဝင်ခဲ့တာဖြစ်ပြီး သူမတို့ နှစ်ယောက် အတူနေခဲ့တဲ့ ဓာတ်ပုံပေါင်း ၂၀ ကျော် သူ့ဆီမှာ ရှိကြောင်း သူမက ဆိုပါတယ်။
သူမတို့ အတူတွေ့ဆုံပြီး တစ်လလောက်အကြာမှာ  အဆိုပါ အမျိုးသားမှာ မိန်းမနှင့် ကလေး တစ်ယောက် ရှိကြောင်း၊ ထိုမိန်းမကို ကွာပြီး သူမကို လက်ထပ်မည်ဖြစ်ကြောင်း အဆိုပါ အမျိုးသားက ပြောသည့်အတွက် သူမက ယုံမှတ်ပုံအပ်ခဲ့တာပါ။
သို့သော်လည်း အဆိုပါ အမျိုးသားမှ ပြောသည့်အတိုင်း မလုပ်ခဲ့သည့်အတွက် သူမတို့ နှစ်ယောက် ဆက်ဆံေ ရး ရပ်တံ့ရန် ပြောဆိုခဲ့ကြောင်း၊ အဆိုပါ အမျိုးသားမှ သူ့ကိုယ်သူ သတ်သေမည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း ပြောခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ဒီဇင်ဘာ ၃ ရက်နေ့တွင် သူမအနေဖြင့် ဆက်ဆံရေး လုံးဝဖြတ်တောက် လိုက်သည့် အခါ ၄င်းမှ ထိုခြိမ်းခြောက်ငွေကို တောင်းခဲ့ခြင်း ဖြစ်တယ်လို့ သတင်းမှာ ဖြော်ပထားပါတယ်။
အဆိုပါ အမျိုးသမီးက အမျိုးသားတွေကို မျက်စိမှိတ်မယုံဖို့နဲ့ သူတို့စကားတွေကို မယုံကြည်မိဖို့ ကျွန်မ အမျိုး သမီး ထုတစ်ခုလုံးကို သတိပေးလိုက်ချင်ပါတယ်။ လို့ ပြောခဲ့ပါတယ်


0ppositeye

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ