ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

20 December 2012

ရေအတွက် အပူပိုင်းဇုန်တွင် တစ်လလျှင် ဆယ်ဒေါ်လာကျော် သုံးစွဲနေရဟုဆို

ရေအတွက် အပူပိုင်းဇုန်တွင် တစ်လလျှင် ဆယ်ဒေါ်လာကျော် သုံးစွဲနေရဟုဆို မိုးနည်းသော မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဇုန်ဒေသရှိ အိမ်ထောင်စုများ အနေဖြင့် နွေရာ သီကဲ့သို့ ခြောက်သွေ့ ရာသီလ များတွင် သောက်သုံးရေ အတွက် တစ် လလျှင် ဆယ်ဒေါ်လာကျော်နှင့် ညီမျှသော ငွေကြေးကို သုံးစွဲနေရ ကြောင်း ကျေးလက်ဒေသ ပြည်သူ များအတွက် အသက်မွေးဝမ်း ကျောင်းနှင့် စားနပ်ရိက္ခာ ဖူလုံမှု ဆိုင်ရာ ရန်ပုံငွေအဖွဲ့ (LIFT) ၏ အ စီရင်ခံစာတွင် ဖော်ပြပါရှိသည်။
အဆိုပါ ဒေသနေ အိမ် ထောင်စုများသည် မိုးရာသီကုန် ဆုံးပြီးနောက် ရေကန်၊ ရေအိုင်များ
ခန်းခြောက်ချိန်မှစ၍ အရေအ တွက် လစဉ်ဆယ်ဒေါ်လာထက်ပို သော ငွေပမာဏဖြင့် ရေကို ဝယ် ယူသုံးစွဲနေရကြောင်း ယင်းအဖွဲ့ က အခြေခံစာရင်းများ ကောက် ယူရာ၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
သောက်သုံးရေ ဝယ်သုံးရခြင်း သည် ဒေသခံ ဆင်းရဲသော အိမ် ထောင်စုများအတွက် ကြီးမား သည့် အသုံးစရိတ်ဖြစ်နေကြောင်း အစီရင်ခံစာတွင် ဆက်လက်ဖော် ပြထားသည်။
အပူပိုင်းဇုန်ဒေသတွင် မ ကွေးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးများ ပါ ဝင်ပြီး ၂၀၁၁ ခုနှစ်တွင် ကောက် ယူခဲ့သော စာရင်းများအရ ဒေသ နေ အဆင်းရဲဆုံး အိမ်ထောင်စု များမှာလစဉ်ဒေါ်လာ၃၀အောက် ဝင်ငွေဖြင့်သာ မှီခိုရပ်တည်နေရ ကြောင်းလည်း ယင်းအဖွဲ့၏ ထုတ် ပြန်ချက်အရ သိရသည်။
ယင်းအခြေအနေများအရ ဒေသခံများအနေဖြင့် ရေအတွက် ငွေသုံးစွဲမှု မလိုရန်၊ အချိန်ကုန် သက်သာပြီး ကလေးငယ်များ ပ ညာသင်ယူခွင့် ပိုမိုရရှိရန်အတွက် ယင်းအဖွဲ့က ကျေးရွာရေကန် ပေါင်း ၆၉၅ ကန်ကို ပြန်လည်ပြု ပြင်ပေးရန်ရှိကြောင်း၊ ထို့အပြင် ဆည်မြောင်းဦးစီးဌာနနှင့် ပူး ပေါင်း၍လည်း မြစ်ရေတင်စီမံ ကိန်းလေးခုအတွက် စူးစမ်းလေ့ လာခြင်းနှင့် နည်းပညာပံ့ပိုးခြင်း များ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ အဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ်အတွင်း ကျေးရွာ ပေါင်း ၂၉၁ ရွာရှိ လယ်သမား အိမ်ထောင်စု ၅,၃၂၈ ခု၏ လယ် ယာ ၁၇ç၄၇၀ ဧကအတွက် ကန် ဒေါ်လာ ၁ ဒသမ ၇ သန်းကို စိုက် ပျိုးစရိတ်အဖြစ် ထုတ်ချေးခဲ့ ကြောင်း ထပ်မံသိရှိရသည်။


By 7Day News

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ