ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

20 December 2012

ဝေဖန်မှုမလွတ်သေးသည့် တရားစီရင်ရေး ကဏ္ဍအပေါ် လွှတ်တော် ကိုယ်စားလှယ် အချို့ သြဇာချဲ့ထွင်မှု ရှိလာ

ဝေဖန်မှုမလွတ်သေးသည့် တရားစီရင်ရေး ကဏ္ဍအပေါ် လွှတ်တော် ကိုယ်စားလှယ်အချို့ သြဇာချဲ့ထွင်မှု ရှိလာမြန်မာနိုင်ငံ၏ တရားစီရင်ရေး ကဏ္ဍ အပေါ် လွှတ်တော် ကိုယ်စားလှယ် အချို့ သြဇာ
လွှမ်းမိုးမှု ရှိလာသည်ဟု လွှတ်တော် ကိုယ်စားလှယ် များနှင့် ဥပဒေ ပညာရှင် များက ပြောသည်။

''တချို့နေရာတွေမှာ အာဏာ ပိုင်တွေတင် မကဘူး။ လွှတ်တော် ကိုယ်စား လှယ်တွေ ကိုယ်တိုင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တို့ပါ ဝင်ပြီးတော့ တရား ရုံးတွေကို သြဇာလွှမ်းနေတဲ့သတင်း ကျွန်တော် ရထား ပါတယ်။ ဒါက ကျွန်တော်က ပါတီစွဲနဲ့ တိုက်ခိုက်တယ်ဆိုတဲ့ သဘောမျိုး မဖြစ်ဖို့၊ အဲဒီ လွှတ်တော် ကိုယ်စားလှယ်တွေကို ကိုယ်စားပြုတဲ့ ဒီနေ့ ရွေးကောက်ပွဲမှာ အများဆုံး အနိုင်ရထားတဲ့ ပါတီကြီးရဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို အသိပေးဖို့ ရှိပါတယ်'' ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

မြန်မာနိုင်ငံ၏ တရားရေး မဏ္ဍိုင်သည် အာဏာရှင်စနစ် အောက်တွင် ပျက်စီးခဲ့ရပြီး အဂတိ လိုက်စားမှုများ၊ အုပ်ချုပ်ရေးဘက်မှ လွှမ်းမိုးမှုများ အပြင် အချို့နေရာ များတွင် ယင်းကဲ့သို့ လွှတ်တော် ကိုယ်စားလှယ်များကပါ သြဇာ လွှမ်းမိုးနေကြောင်း ၄င်းက ဆက်ပြောသည်။ ''
တရားရေးကိစ္စမှာ တရား သူကြီးတွေကို အမြင့်ဆုံး အာဏာပေးထားပေ မယ့် ငါတို့က အမြင့်ဆုံးအာဏာဆိုပြီး ထင်ရာလုပ်လို့ မရဘူး။ ဥပဒေက ဘာပြောပြော ငါစီရင်သလို စီရင်မယ်။ အဲဒီလို လုပ်လို့ မရဘူး။ တကယ်လို့ များ တရားရေးမှာ တိမ်းစောင်းတာတွေ၊ လမ်းကြောင်းမှားတာတွေ ရှိလို့ရှိ ရင် လွှတ်တော်က ကော်မတီတွေ အနေနဲ့ ကြပ်မတ် ထိန်းကျောင်းပေးတယ် ဆိုတဲ့ သဘောပဲ။ တရားရေးက ဆုံးဖြတ်ချက်တွေကို ဖျက်လို့မရဘူး။ အဲ့ဒါက လက်ရှိသဘော တရားပဲ''ဟု ဦးကိုနီက ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလတွင် ပဉ္စမအကြိမ် ပုံမှန်အစည်းအဝေး ကျင်းပနေစဉ်မှ စ၍ လွှတ်တော်မှ ဖွဲ့စည်းထားသော တရားရေးနှင့် သက်ဆိုင်သော တရားစီရင်ရေး နှင့် ဥပဒေရေးရာကော်မတီ (ဥက္ကဋ္ဌ သူရဦးအောင်ကို)၊ တရား ဥပဒေစိုး မိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ (ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်) တို့မှ တရားရေး စီရင်မှုများတွင် တိမ်းစောင်းနေခြင်း၊ ပြိုလဲနေခြင်းနှင့် လာဘ်ပေးလာဘ် ယူမကင်းခြင်း စသည့်ကိစ္စများကို လေ့လာစစ်ဆေးခဲ့ပြီး ကော်မတီသို့ ရောက်ရှိလာသော တိုင်စာများ၊ လေ့လာတွေ့ရှိချက်များကို လွှတ်တော်တွင် တင်ပြခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။
ယင်းကဲ့သို့ တရားရေးကိစ္စ များ၏ ပြဿနာ အချို့နှင့် ပူးပေါင်း လုပ်ဆောင် သွားမည့် အခြေအနေ များနှင့် စပ်လျဉ်း၍ လွှတ်တော်မှ လုပ်ဆောင်မှုများ သည် တရားရေး ပိုင်းတွင် လွှတ်တော်၏ စိုးမိုးမှုများ ရှိလာသည့် သတင်းများ ထွက်ပေါ် လာကြောင်း၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရ ဦးအောင်ကိုက ပေါ်ပြူလာ နယူးစ်ဂျာနယ်နှင့်တွေ့ဆုံစဉ် ပြောကြား ခဲ့ပြီး ယင်းကဲ့သို့ စိုးမိုးသည်ဟု ထင်နေသော်လည်း မိမိတို့အနေဖြင့် တရားရေးမဏ္ဍိုင် တည့်မတ် စေရန် ထပ်မံပြုလုပ်သွားရ မည် ဖြစ်ကြောင်း ပြောကြားသည်။
''တရားရေးကို လွှတ်တော် က စိုးမိုးတယ်လို့ ယူဆတယ်ဆို ရင်လည်း ထပ်ပြီး လုပ်ကိုင်ဆောင် ရွက်ရမှာပဲ။ ပြည်သူတွေ တရားရေးမဏ္ဍိုင် ကိစ္စကြောင့် ဘယ်လောက် ဒုက္ခရောက်နေကြလဲ။ အားလုံးအသိ ဖြစ်နေတာ။ ခုလို ထိန်းကျောင်းပေးတာကို စိုးမိုးတယ် လို့ ယူဆရင်လည်း ထပ်ပြီး စိုးမိုး ရမှာပဲ'' ဟု သူရဦးအောင်ကိုက ဆိုသည်။
လက်ရှိတွင်တရားရေးမဏ္ဍိုင် အနေဖြင့် လွှတ်တော်၏ ထိန်းကျောင်းပေးမှု ကို လက်ခံရမည်ဖြစ်သော်လည်းတရားရေးမဏ္ဍိုင်မှ ဆုံးဖြတ်ချက်များ ကို ပြင်ဆင်မည့် အခွင့်အရေးမရှိကြောင်း ယင်းကဲ့ သို့ လွှတ်တော်၏ ထိန်းကျောင်း ပေးမှုကို တရားရေးမှ လက်မခံပါက စွပ်စွဲပြစ်တင်မှုဖြင့် သက်ဆိုင် သူများကို ထုတ်ပယ်၍ ရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောသည်။
နိုင်ငံသား အခွင့်အရေးများ ကိုအခြေခံဥပဒေတွင် ပေးအပ်ထားပြီး စာချွန်တော် တင်သွင်းခြင်းနှင့် ပတ်သက်၍ အခွင့်အရေးယူခြင်း မရှိအောင် မြန်မာနိုင်ငံ၏ လက်ရှိ ပြည်ထောင်စုတရားစီရင်ရေးမှ လုပ်ဆောင်ထားကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်း ညွန့်က ပြောသည်။
''စစ်ကိုင်းတိုင်း အတွင်းမှာ ရှိတဲ့ တရားသူကြီးတွေ အနေနဲ့ အုပ်ချုပ်ရေး ဘက်က ပြောဆိုမှုတွေ အောက်မှာ မလွတ်မကင်း လုပ်နေရတယ်။ တရားစီရင်ရေးက မန္တ လေးနဲ့ ရန်ကုန်တောင် မတူဘူး ဖြစ်နေတယ်။ ဦးမြတ်ခိုင်တို့ကို ပုဒ်မ ၅ဝ၅ နဲ့ ရန်ကုန်မှာ အာမခံရတယ်။ မန္တလေးမှာကျတော့ မရဘူး။ ဒါအုပ်ချုပ်ရေးနဲ့ ပတ်သက် နေတာပါ'' ဟု ၄င်းက ဆက်ပြောသည်။
ဆဋ္ဌမအကြိမ် ပြည်သူ့လွှတ် တော်တွင် ပြည်ထောင်စုတရားစီရင်ရေး ကို ပြင်ဆင်သည့် ဥပဒေအား အတည်ပြုရန်ရှိကြောင်း ၄င်းက ပြောသည်။ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အနေဖြင့် လိုက်လံစစ်ဆေးရာတွင် တရားသူကြီးများ အကျဉ်းထောင်များသို့ တစ်ခေါက်မျှ သွားရောက် စစ်ဆေးခြင်းမရှိကြောင်း တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီ အဖွဲ့ဝင် ဦးသိန်း ညွန့်ကပင် ပြောသည်။
''အကျဉ်းသားတွေရဲ့ အခွင့် အရေး ဘာတွေဖြစ်နေသလဲ ဆို တာ သွားကြည့်ရမှာပေါ့။ အခုက ဘယ်သူ့ကိုမေးမေး မသွားဘူးလို့ ပဲ ပြောတယ်။ ဘယ်သွားချင်မှာ လဲ။ ဝေဒနာတွေပဲရမှာ၊ ပိုက်ဆံမှ မရတာကိုး'' ဟု ဦးသိန်းညွန်က ပြောသည်။
မြန်မာနိုင်ငံ၏ တရားရေး မဏ္ဍိုင် ပျက်စီးနေသည်ကို လက်ရှိတာဝန် ထမ်းဆောင်နေသော လူငယ်လူလတ် တရားသူကြီးများကပါ ထောက် ခံ ဝေဖန်လာကြကြောင်း လက်ရှိပြည်ထောင်စု တရားစီရင်ရေးဥပဒေ အား ပြင်ဆင်မည့်ဥပဒေကို ထောက်ခံစာများ ပေးပို့ထားကြောင်း သိရသည်။


Popular News

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ