ကမ္ဘာ
တစ်ဝန်းတွင် ၂၀၁၂ ခုနှစ် အတွင်း ဂျာနယ်လစ် များအား ထောင်သွင်း အကျဉ်းချမှု
များမှာ စံချိန်တင် မြင့်တက် ခဲ့ပြီး ဂျာနယ်လစ် ၂၃၂ ဦးအ ထိ အကျဉ်းထောင်
များအတွင်း ရှိနေကြောင်း နယူး ယောက် အခြေစိုက် ဂျာနယ်လစ် များ ကာကွယ်ရေး
ကော်မတီ Committee to Protect Journalists (CPJ) က သတင်း ထုတ်ပြန် ခဲ့သည်။ယခုစံချိန်မှာ (CPJ) က ၁၉၉၀ ပြည့်နှစ်မှစ၍ စစ်တမ်း နှစ်စဉ် ကောက်ယူချိန်မှစ၍ အမြင့်ဆုံး စံ ချိန်ဖြစ်သည်ဟု သိရသည်။ ယခင် ကထောင်ချခံရသော ဂျာနယ်လစ် များ အများဆုံးရှိခဲ့သည့်နှစ်မှာ ၁၉၉၆ ခုနှစ်ဖြစ်ပြီး ထိုစဉ်က ဂျာ နယ်လစ် ၁၈၅ ဦးထောင်ချခံခဲ့ရ သည်။ယခု၂၀၁၂တွင်၂၀၁၁ခုနှစ် က ၁၇၉ ဦးထက် ၅၃ ဦး ပိုတိုးလာ ခြင်းဖြစ်သည်။
ယခုနှစ်အတွင်း ထောင်သွင်း အကျဉ်းချခံရသော ဂျာနယ်လစ် အရေအတွက် များလာရခြင်းတွင် တူရကီ၊အီရန်နှင့်တရုတ်နိုင်ငံတို့၌ ဂျာနယ်လစ်များအား နိုင်ငံတော် ဆန့်ကျင်သည့် ဥပဒေပုဒ်မများ တပ်ကာ ထောင်ချခြင်းတို့ကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။
ကမ္ဘာတစ်ဝန်း၌ ဖမ်းဆီးထောင် ချခံရသော ဂျာနယ်လစ်များမှာ အကြမ်းဖက်ဝါဒ၊နိုင်ငံတော်သစ္စာ ဖောက်မှု၊ ပုန်ကန်မှုစသည့် စွဲချက် များဖြင့် ထောင်ချခံနေရကြောင်း CPJ ကဆိုသည်။ ထို့ပြ င် ကမ္ဘာ တစ်ဝန်းတွင်ထောင်ချခံရသူ အွန် လိုင်းဂျာနယ်လစ်ဦးရေမှာလည်း ၁၁၈ ဦးအထိရှိရာ ယခုစာရင်း၏ ထက်ဝက်ကျော်ပင်ဖြစ်ကြောင်း ဆိုထားသည်။
By 7Day News
No comments:
Post a Comment