ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

16 February 2013

မီးစက်နှိုးရာမှ ၀ါယာရှော့ဖြစ်၍ မီးလောင်



၁၅-၂-၂၀၁၃ ရက်နေ့ ၁၆၂၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ပြည်-ပေါက်ခေါင်း-အုတ်တွင်း ကားလမ်းဘေး၊ ပေါက်ခေါင်းမြို့၊ (၃)ရပ်ကွက်နေ ဦးမောင်မောင်(ခ) ဦးသန်းဦး(၆၂)နှစ်သည် မိတ္တူကူးရန်အတွက် မီးစက်နှိုးရာမှ လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့သည်။


အခင်းဖြစ်နေရာသို့ ပြည်ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပေါက်ခေါင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ၊ အင်အား ၇၀၀ ဦးခန့်မှ မီးသတ်ကား ၄ စီးဖြင့် ၀ိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ၁၇၁၀ အချိန် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် လူ/တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိသော်လည်း ဦးမောင်မောင်၏ လေးပင် ပတ်လည် (၂)ထပ်အုတ်ညှပ် သွပ်မိုးအိမ် ၁ လုံး၊ တန်ဘိုးငွေကျပ် ၁၀ သိန်းခန့် ၄င်းအိမ်နှင့် ကပ်လျက် ရှိသော ဦးမင်းစိန်(၅၉)နှစ်၏ လေးပင်ပတ်လည်(၂)ထပ် အုတ်ညှပ်သွပ်မိုးအိတ် ၁ လုံး၊ တန်ဘိုးငွေကျပ် ၁၅သိန်းခန့်၊ စုစုပေါင်း တန်ဘိုးငွေကျပ် ၂၅ သိန်းခန့် မီးလောင် ဆုံးရှုံးခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးမောင်မောင်(ခ)ဦးသန်းဦးအား ပေါက်ခေါင်းရဲစခန်း (ပ)၄၅/၂၀၁၃ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။


facabook မှ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ