ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

16 February 2013

မြေနံရံထိန်းမြေကြီးပြိုကျ၍ ၃ ဦးသေဆုံး



၁၅-၂-၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ရုံးကုန်းကျေးရွာ ၏ အရှေ့မြောက် (၂)မိုင်ခန့်အကွာ တောင်တွင်းကြီး-မလွန် မီးရထားလမ်း ဖောက်လုပ်ရေးလုပ်ငန်းခွင် တွင် မြေပြိုကျကြောင်း သတင်းအရ မိကျောင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးခဲ့ရာ CENTRAL KEY STONE ကုမ္ပဏီမှ ဆောက်လုပ်လျက်ရှိသည့် မီးရထား လမ်းတံတား အမှတ်(၅၁၂၀)အရှည်(၅၀)ပေ၊ အမြင့်(၄၀)ပေရှိ တံတားအောက်ခြေတွင် ရေတိုက်စားမှု ခံနိုင်ရန်အတွက် ရေထိန်းနံရံပြုလုပ်ရန် အနက်(၆)ပေ၊ အနံ (၈)ပေ၊ အလျား (၃၂)ပေရှိသည့် မြောင်းအတွင်း၌ အုတ်ရိုးစီလုပ်ငန်းအား မကွေးမြို့နယ်၊ ကွမ်းအုံတောင်ကျေးရွာနေ မြင့်ဇော်ဝင်း (၃၅)နှစ်ပါအဖွဲ့မှ လုပ်ကိုင်နေစဉ် အမြင့်(၁၅)ပေခန့်မှ မြေနံရံထိန်းမြေကြီးများ ပြိုကျလာပြီး ပန်းရံ အလုပ်သမားများအားပိသဖြင့် မြင့်ဇော်ဝင်းပါ ၃ ဦး သေဆုံးခဲ့ပြီး ကွမ်းအုံတောင်ကျေးရွာနေ ဖိုးကျော်(၂၃)နှစ်ပါ ၂ ဦးမှာ ဖူးရောင် ကျိုးပဲ့ဒဏ်ရာများ ရရှိခဲ့သဖြင့် မကွေးဆေးရုံသို့ တင်ပို့ထားရှိပြီး မိကျောင်းရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၃ ဖြင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ