ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

16 February 2013

မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်ခြင်းကို အီရန် ထောက်ပံ့ခဲ့ကြောင်း ဂြိုဟ်တုဓာတ်ပုံ အထောက် အထားများ အရသိရှိ

မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်ခြင်းကို အီရန် ထောက်ပံ့ခဲ့ကြောင်း ဂြိုဟ်တုဓာတ်ပုံ အထောက် အထားများ အရသိရှိ
ဝါရှင်တန် ဖေဖော်ဝါရီ ၁၅
မြောက်ကိုရီးယား အစိုးရသည် ၎င်းတို့၏ တတိယ အကြိမ် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခြင်းကြောင့် နိုင်ငံ တကာ၏ ဖိအား ပေးခြင်းကို ခံနေရစဉ် အတောအတွင်း တာဝေးပစ် ဒုံးကျည် တစ်စင်းကို လွှတ်တင်ရန် ကြိုတင် ပြင်ဆင်လျက် ရှိသည်ဟု အမေရိကန် ကျွမ်းကျင်သူ အဖွဲ့ တစ်ဖွဲ့က ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
မြောက်ကိုရီးယား နိုင်ငံ အရှေ့မြောက်ပိုင်း တွန်ဂျေ့ ဂြိုဟ်တု လွှတ်တင်ရေး စခန်းအား ရိုက်ကူးထားသည့် ဂြိုဟ်တု ဓာတ်ပုံများ အရ ၎င်းနိုင်ငံအား အီရန် နိုင်ငံမှ အကူ အညီများ ထောက်ပံ့ ပေးခဲ့သည် ဟူသော အထောက်အထား များကို တွေ့ရှိရကြောင်း ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်ရှိ အမေရိကန်- ကိုရီးယား ဆက်ဆံရေး ဆိုင်ရာ အဖွဲ့ကြီး တစ်ခုဖြစ်သည့် 38-North အဖွဲ့၏ စိစစ် လေ့လာမှုများ အရ သိရသည်။
သို့သော် မြောက်ကိုရီးယား နိုင်ငံသည် ၂ဝ၁၂ ခုနှစ် ဧပြီလ အတွင်း စစ်ရေးပြ အခမ်း အနားတွင် ပြသခဲ့သော တိုက်ချင်းပစ် ဒုံးကျည်အဖြစ် တိုးမြှင့် ထုတ်လုပ်နိုင်သည့် KN-08 ဒုံးကျည်သစ် တစ်စင်းအား စမ်းသပ် ပစ်ခတ်နိုင်မည့် အခြေအနေ မရှိသေးကြောင်း 38-North အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
မြောက်ကိုရီးယား အစိုးရသည် ၂ဝ၁၆ ခုနှစ်တွင် အဆိုပါ စမ်းသပ်ရေး စခန်း ပြီးစီး သွားပါက ပိုမို ကြီးမားသည့် ဒုံးကျည်များကို လွှတ်တင်သွားရန် ကြိုတင်ပြင်ဆင် မှုများ   ပြုလုပ် လျက် ရှိကြောင်း ၎င်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ထို့ပြင် ယင်းဒုံးကျည် စမ်းသပ်ရေး စခန်းတွင် ဒုံးကျည်များအား အသုံးပြုပြီး ဓာတ်ငွေ့များနှင့် ထိစပ်ခြင်းမှ ကာကွယ်ရန် ဓာတ်ငွေ့ကာ တစ်ခုကို တွေ့ရှိ ရကြောင်းနှင့် ၎င်း၏ ဒီဇိုင်းအသွင် သဏ္ဌာန်သည် အီရန်နိုင်ငံ အလယ်ပိုင်းရှိ ဆန်နန်ဒုံးကျည် ပစ်လွှတ်စင်တွင် အသုံး ပြုခဲ့သည့် ဓာတ်ငွေ့ကာနှင့် ဆင်တူသည်ဟု ၎င်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။



မြ၀တီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ