ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

16 February 2013

သမ္မတ အပါအဝင် မည်သူကိုမဆို စစ်ဆေးအရေးယူနိုင်မည့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းကို အတည်ပြုပြီ




နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင်  အစိုးရဝန်ထမ်းများအား လာဘ်ပေးလာဘ်ယူမှုနှင့်  ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူနိုင်မည့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။
 
“ဒီဥပဒေအရ တိုင်ကြားလာရင် ဘယ်သူ့ကိုမဆို ကော်မရှင်က စစ်ဆေးခွင့်ရှိပြီး  သက်ဆိုင်ရာ တရားရုံးတွေကို တရားစွဲဖို့ တင်ပို့ခွင့် ရှိပါတယ်။ နိုင်ငံတော်သမ္မတက    စစ်ဆေးခွင့် ရှိပါတယ်” ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များမှ ဝန်ကြီးချုပ်အဆင့်ရှိ ပုဂ္ဂိုလ်များအား စစ်ဆေးရန် ရှိလာပါက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားရုံးများသို့ အဆိုပါဥပဒေမှ စစ်ဆေးအရေးယူခွင့် ပေးထားပြီး ၎င်းတရားရုံးများအပေါ် အုပ်ချုပ်ရေးအဖွဲ့များမှ သြဇာလွှမ်းမိုးခံရကြောင်း  ကော်မရှင်မှ ယူဆပါက အထူးတရားရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်ကို ဥပဒေအရ ပေးအပ်ထားကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။ 

အဆိုပါဥပဒေကို အမျိုးသားလွှတ်တော် ဘဏ္ဍာရေးနှင့် ဥပဒေရေးရာ ကော်မရှင်မှ ဥပဒေကြမ်း ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ရေးဆွဲထားသည့် အတိုင်း ပြင်ဆင်မှုမရှိဘဲ လွှတ်တော်မှ အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အဆိုပါဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က “လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ဥပဒေကြမ်း” ဟု အမည်ပေးပြီး ပြည်သူ့လွှတ်တော်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကြမ်းဟု အမည်ပေးလိုသောကြောင့် ဖေဖော်ဝါရီ ၈ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး ဥပဒေကြမ်းဟူသော အမည်ကို အတည်ပြုခဲ့သည်။        

ဥပဒေအရ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်ကို လွတ်လပ်သော အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းရမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့မှ အဖွဲ့ဝင်ငါးဦးစီ ရွေးချယ် တာဝန်ပေးရမည် ဖြစ်သည်။ ကော်မရှင်အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ၎င်းတို့၏ ပိုင်ဆိုင်မှုစာရင်းကို  နိုင်ငံတော်သမ္မတထံ တင်ပြရမည် ဖြစ်သည်။ ကော်မရှင်သို့ တိုင်ကြားမှုများအား စစ်ဆေးနိုင်ရန်အတွက် ကော်မရှင်သည် စစ်ဆေးရေးမှူးချုပ် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းရမည်ဖြစ်ပြီး အဆိုပါအဖွဲ့ဝင်များ၊ ကော်မရှင် အဖွဲ့ဝင်များသည် ရဲအရာရှိတစ်ဦး၏ လုပ်ပိုင်ခွင့်နှင့် ကင်းလွတ်ခွင့်များ ရရှိစေရမည် ဖြစ်ကြောင်း ၎င်းဥပဒေအခန်း (၆) တွင် ဖော်ပြထားသည်။

အစိုးရဝန်ထမ်းများ၏ လာဘ်ပေးလာဘ်ယူမှုများကို စုံစမ်းစစ်ဆေးနိုင်ရန်အတွက် ဖဆပလ အစိုးရလက်ထက်တွင် အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ၎င်းအဖွဲ့အစည်းသည် ယခုတိုင် တည်ရှိနေသည်။ ထို့အပြင် ၎င်းဥပဒေအရ စစ်ဆေးခံရပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ် အပြစ်ပေးနိုင်မည်ဖြစ်သည်။ လာဘ်ပေးလာဘ်ယူမှု လျော့နည်းကင်းရှင်းစေရေးအတွက် ရည်ရွယ်ကာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း  ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီကို နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီ ၈ ရက်တွင် အမိန့်အမှတ် ၉/၂၀၁၃ ဖြင့် အမိန့်ထုတ်ပြန် ဖွဲ့စည်းခဲ့သည်။

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ