ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

16 February 2013

ဒေါပုံ ရယက အာဏာရလျှင် အလွဲသုံးစားလုပ်ပြီ၊ (ပီးစာ)


ရန်ကုန်တိုင်း၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးမှတ်တင်သည် ရုံးဝန်ထမ်းခန့်ထားရေးနှင့် ငွေကြေးဆိုင်ရာကိစ္စများကို  စီမံဆောင်ရွက်ရာတွင် မိမိအကျိုး၊ မိမိဆွေမျိုးအကျိုးများကိုသာ  မိမိသဘောအတိုင်း ဆောင်ရွက်လုပ်ကိုင်နေပါသည်။

အုပ်ချုပ်ရေးမှူးရုံးအတွင်း ဆိုင်ခန်း(၃) ခန်းငှါးခ ၁၆၀၀၀၀-ကျပ် ရရှိပါသည်။ ရုံးစာရေးအဖြစ် သူနှင့်ခင်မင်ရင်းနှီးသော သဘောင်္ကျင်းရပ်ကွက်နေ  ဦးကျော်မင်းအားလည်းကောင်း၊ ဧည့်စာရင်းရေးရန်  သူဧ။် ညီအရင်းတော်စပ်သူ ဦးသံလုံး (ရာ အိမ်မှူး) နှင့် ဦးသန်းဆောင်(ဆယ်အိမ်မှူး) တို့ကို မိမိတစ်ဦးတည်းဆန္ဒအလျောက် လစဉ်ထောက်ပံ့ကြေးများပေးပြီး တာ ၀န်ပေးအပ်၊ စာရေးများခန့်အပ်ထားပါသည်။
အုပ်ချူပ်ရေးမှူးမှာ  ရပ်ကွက်သ/မ တွင် အတွင်းရေးမှူးတာဝန် ယူထားသူဖြစ်ပါသည်။  ဆင်းရဲနွမ်းပါးမှူ လျော့ချရေးစီမံချက်ကို  အသင်းမှအကျိုးတူ ဆောင်ရွက်သည့် အနေဖြင့်  အသင်းပိုင်ငွေကျပ်သိန်း (၃၀) ကို ရင်းနှီး မြုပ်နှံ ထားပါသည်။  ၄င်းငွေကို ၅% တိုးဖြင့်ချေးပြီး အသင်းသို့ ၂%  ကိုသာ ပေးသွင်းပါသည်။  ဇနီးဖြစ်သူ  မအေးမြင့်မှာလည်း သ/မ အသင်းဆိုင်ကို မိမိအိမ်သဖွယ် ဖွင့်ချင်အချိန်ဖွင့် ၊ ပိတ်ချင်အချိန်ပိတ်ပြီး ဆိုင်ထဲမှာပင် နှစ်လုံး၊ သုံးလုံး ချဲထီ ရောင်း နေပါသည်။
ဝင်ငွေများကို စီမံခန့်ခွဲခြင်း၊ ၀န်ထမ်းများခန့်အပ်ခြင်း၊ သ/မ ဆိုင်နှင့် သ/မ လုပ်ငန်းများကို အသုံးချခြင်းများသည် ရိုးသားခြင်း၊ ပွင့်လင်းမြင်သာမှူ မရှိသည့်အတွက် သက်ဆိုင်ရာလူကြီးမင်တို့ လိုအပ်သလိုစီစစ်အရေးယူပေးနိုင်ရန် လေးဝတီမှ တစ်ဆင့် အသိပေးအပ်ပါသည်။

ရပ်ကွက်သူတစ်ဦး

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ