ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

16 February 2013

ကာမရာဂစိတ်ထကြွစေသော ဆေးပြားများ ဖမ်းဆီးရမိ



နေပြည်တော်၊။  ။ ၁၄-၂-၂၀၁၃ ရက်နေ့ ၁၈၁၀ အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့နယ်ကျန်းမာရေးဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ အမှတ်(၁) ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် သက်သေများပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းရပ်ရပ်ကွက် ညဈေးတန်း အောင်ဆန်းလမ်းဘေးတွင်

ဖွင့်လှစ်ရောင်းချလျက်ရှိသော မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်နေ ဦးမင်းမင်း(၃၅)နှစ်၏ ဆေးဆိုင်အား ၀င်ရောက်ရှာဖွေခဲ့ရာ ဆေးဆိုင်အတွင်းမှ VIP, MAX MAN/ TADALOFIL, KANCYNA, FDYWONY, US NO(1), BACKMAN, VIGRA, CIALIS VIAGRA, MACA,VIGRH, KAMAGRA, BIOTIN, IMPOTENCE NENISIS, LOVE KISS, LVSE(VIGRA), EXCITED PENIS, CROWN 3000, KING BOSS, BODELAY စာတမ်းများပါ အမျိုးသား/အမျိုးသမီး ကာမရာဂစိတ်ကို ထကြွစေသောဆေးဝါး ၂၄၉ ဗူး၊ (၁၁)ထုပ်၊ (၁)ကဒ်၊ (၂၈)လုံးအား တွေ့ရှိဖမ်းဆီးရမိသည်။ သို့ဖြစ်၍ ဦးမင်းမင်းအား မြစ်ကြီးနားအမှတ်(၁)ရဲစခန်း (ပ)၃၀/၂၀၁၃ အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့သည်။
အလားတူ အဆိုပါအဖွဲ့သည် မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက် ညဈေးတန်းရှိ ကွမ်းယာနှင့် ဆေးပစ်္စည်းများရောင်းချနေသူ မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်နေ ဦးသိန်းဝင်း(၄၇)နှစ် ၏ ဆိုင်အား ၀င်ရောက်ရှာဖွေရာ BROTHER LONG, MAX MAN, POWER VIGRAM, VIP, IMPOTENCE NEMESIS, MAGIS VIGRA, NEW PLAY BOY, FORBIDDEN KINGDOW, POSH, LOTION, PASSION, CHANP, LEOPARD WOMAN, COFFEE EXCITMENT, BIG BOY, LONG GANG, INDIA IAGEA, MIFEPRISTONE TABALEDS, KANG ACOO စာတမ်းများပါ အမျိုးသား/အမျိုးသမီး ကာမရာဂစိတ်ကို ထကြွစေသောဆေးဝါး ၁၄၉ ဗူး၊ (၁၁)ထုပ်၊ (၂၃)ကဒ်၊ (၄)တောင့် အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဦးသိန်းဝင်းအား မြစ်ကြီးနားအမှတ်(၁)ရဲစခန်း (ပ)၃၁/၂၀၁၃ အမျိုးသား ဆေးဝါးဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ