ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

16 February 2013

ကာမရာဂစိတ်ထကြွစေသော ဆေးပြားများ ဖမ်းဆီးရမိ



နေပြည်တော်၊။  ။ ၁၄-၂-၂၀၁၃ ရက်နေ့ ၁၈၁၀ အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့နယ်ကျန်းမာရေးဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ အမှတ်(၁) ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် သက်သေများပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းရပ်ရပ်ကွက် ညဈေးတန်း အောင်ဆန်းလမ်းဘေးတွင်

မီးစက်နှိုးရာမှ ၀ါယာရှော့ဖြစ်၍ မီးလောင်



၁၅-၂-၂၀၁၃ ရက်နေ့ ၁၆၂၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ပြည်-ပေါက်ခေါင်း-အုတ်တွင်း ကားလမ်းဘေး၊ ပေါက်ခေါင်းမြို့၊ (၃)ရပ်ကွက်နေ ဦးမောင်မောင်(ခ) ဦးသန်းဦး(၆၂)နှစ်သည် မိတ္တူကူးရန်အတွက် မီးစက်နှိုးရာမှ လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မြေနံရံထိန်းမြေကြီးပြိုကျ၍ ၃ ဦးသေဆုံး



၁၅-၂-၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ရုံးကုန်းကျေးရွာ ၏ အရှေ့မြောက် (၂)မိုင်ခန့်အကွာ တောင်တွင်းကြီး-မလွန် မီးရထားလမ်း ဖောက်လုပ်ရေးလုပ်ငန်းခွင် တွင် မြေပြိုကျကြောင်း သတင်းအရ မိကျောင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

မနေ့ ညက မင်းပြားမြို့ နယ် ထောင့်ချေရွာအား ဘင်္ဂလီတစ်စုက အကြမ်းဖက်မီးရှို့ တိုက်ခိုက်ခဲ့


(၁၄.၂.၂၀၁၂)နေ့ ညအချိန်(၁၁)နာရီခန့် တွင် မင်းပြားမြို့ နယ် ၊ ငဇင်ရိုင်းချောင်းအုပ်စု ထောင့်ချေရွာအား
ဘင်္ဂလီတစ်စုက အကြမ်းဖက်မီးရှို့ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အခင်းဖြစ်ပွားပုံမှာ မနေ့ ည(၁၁)နာရီအချိန်လောက်တွင် ဘင်္ဂလီအကြမ်းဖက်(၄၊၅)ယောက်ခန့် သည် ငဇင်ရိုင်းချောင်းအုပ်စု ၊ ထောင်ချေရွာ(ရခိုင်တိုင်းရင်းသားရွာ)သို့ ချောင်းလမ်းအတိုင်း ခိုးဝင်လာခဲ့ပြီး ဓါတ်ဆီ ၊ ရေနံဆီတို့ ဖြင့်လောင်စာစိမ်ထားသည့် ဘင်္ဂလီတံဆိပ်ပါ ခေါင်းအုံးတစ်လုံးအား ရခိုင်တိုင်းရင်းသား နေအိမ်တစ်လုံး၏ခေါင်မိုးပေါ်သို့   စတင်မီးရှို့ တိုက်ခိုက်ခဲ့ သည်ဟု သိရသည်။

သမ္မတ အပါအဝင် မည်သူကိုမဆို စစ်ဆေးအရေးယူနိုင်မည့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းကို အတည်ပြုပြီ




နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင်  အစိုးရဝန်ထမ်းများအား လာဘ်ပေးလာဘ်ယူမှုနှင့်  ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူနိုင်မည့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

အသီးအရွက်များစားပြီး အဆိပ်ဖြစ်သူ အချို့ရှိသဖြင့် သတိပြုစားသုံးရန် လိုအပ်နေပြီ


ယခင်က အသီးအရွက်များ စားလျှင် အဆိပ်ပြေသည် ကျန်း မာသည်ဟု အများသိခဲ့သော် လည်း ယခုခေတ်တွင် အသီး အရွက်များစားသည့်အတွက် အဆိပ်အတောက်များဖြစ်နေ ကြောင်း သိရသည်။
ယင်းကဲ့သို့ အသီးအရွက် များစားသုံးရာမှ အဆိပ်အတောက် ဖြစ်ရခြင်းအကြောင်းအား စားသုံး သူကာကွယ်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားရာတွင် ““သုဝဏ်္ဏဘက်မှာ လင်မယားနှစ် ယောက်က သူတို့အိမ်မှာ ကိုက်လံ ကိုကြော်စားတယ်။ စားပြီးတော့ ၀မ်းသွားတယ်။ အော့အန် တယ်။ အဲဒီလိုဖြစ်လို့ ဆေးခန်း တစ်ခုကိုသွားပြတော့ မသက်သာ ဘူး။ နောက်ဆေးခန်းတစ်ခုကို သွားပြလိုက်တော့မှ အသည်း လည်းရောင်သွားတယ်။

လက်ပံတောင်းတောင် သပိတ် ဖြိုခွဲရာ တားမြစ်လက်နက်သုံးခဲ့

လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းခံရမှုအတွက် မန္တလေးမြို့တွင် ဆန္ဒပြနေတဲ့ သံဃာတော်များ ( ဒီဇင်ဘာ ၈၊ ၂၀၁၂)လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းခံရမှုအတွက် မန္တလေးမြို့တွင် ဆန္ဒပြနေတဲ့ သံဃာတော်များ ( ဒီဇင်ဘာ ၈၊ ၂၀၁၂)

လက်ပံတောင်းတောင် သပိတ်စခန်းတွေကိုဖြိုခွဲရာမှာ သုံးတဲ့လက်နက်ဟာ ဂျနီဗာ သဘောတူညီချက်အရ မသုံးစွဲရ လို့ တားမြစ်ထားတဲ့ စစ်သုံးလက်နက်ဖြစ်တဲ့ White Phosphorus မီးစုန်းငွေ့လက်ပစ်ဗုံးဖြစ်တယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ယက်နဲ့ အမေရိကန်အခြေစိုက် Justice Trust တို့ရဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကဆိုပါတယ်။

14 February 2013

ကူညီကြပါရန် မိတ်ဆွေများထံမှ

မြေပုံမြီု့ရှိ တရားသူကြီးနှင့် ရုံးစာရေးများမှ မတရားသဖြင့် ပြုလုပ်နေကြသည့်အတွက်
အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်စေလိုခြင်း။

ငြိမ်းချမ်းရေးတကယ်လိုချင်ရင် လာဆွေးနွေးဖို့ ကေအိုင်အိုကို ကာချုပ်ဖိတ်ခေါ်


ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) အနေနဲ့ အမှန်တကယ်
ငြိမ်းချမ်းရေးရယူလိုရင် အချိန်မရွေးလာရောက် တွေ့ဆုံဆွေးနွေးဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်ပါတယ်။

ဦးပိုင်ကုမ္ပဏီရဲ့ အက်ဆစ် စက်ရုံမှူးကို ကံကုန်းကျေးရွာသားတွေ တရားစွဲ


အဲဒီလယ်ယာမြေတွေကို ဦးပိုင်ကုမ္ပဏီက သူတို့ကုမ္ပဏီပိုင်  မြေယာတွေအဖြစ် ပြုလုပ်ထားတာကြောင့် မိမိတို့ လက်ဝယ်ရှိတဲ့ မြေယာမှတ်ပုံတင်နံပါတ်တွေနဲ့ အထောက်အထားပြပြီး တရားစွဲတာဖြစ်တယ်လို့ မုံရွာခရိုင်တရားရုံးမှာ တရားစွဲဆိုခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ ကံကုန်းကျေးရွာသား ဦးမတ်စေ့က RFA ကို ပြောပါတယ်။

13 February 2013

တွေ့ဆုံညှိနှိုင်းခြင်းသာ အကောင်းဆုံး နည်းလမ်းဟု သမ္မတ ဦးသိန်းစိန် ပြောဆို



အဲဒီလိုတွေ့ဆုံရာမှာ သမ္မတ ဦးသိန်းစိန်က နှစ်ပေါင်းများစွာကွဲကွာနေကြတဲ့ ညီအကိုများအချင်းချင်း ယခုလို ပြန်လည်တွေ့ဆုံရတဲ့အတွက်  ဝမ်းသာရကြောင်းနဲ့ မိမိတို့ တိုင်းရင်းသား ညီအစ်ကိုတွေဟာ အမိုးအကာ တစ်ခုတည်းအောက် အတူ နေထိုင်ကြသူတွေ ဖြစ်တဲ့အတွက် ပေါ်ပေါက်လာသည့် ပဋိပက္ခတွေကို ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ စာနာ ထောက်ထားခြင်း၊ အပြန်အလှန် လေးစားခြင်းတွေနဲ့ စားပွဲဝိုင်းမှာ ဖြေရှင်း ညှိနှိုင်းခြင်းသည်သာ အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ကျ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ဖေဖော်ဝါရီ ဒုတိယပတ်မှစ၍ မော်တော်ဆိုင်ကယ် စီးနင်းခွင့် ရရှိ


ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ကျ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ဖေဖော်ဝါရီ ဒုတိယပတ်မှစ၍ မော်တော်ဆိုင်ကယ် စီးနင်းခွင့် ရရှိ Wednesday, February 13, 2013  ရန်ကုန်တိုင်း ဒေသကြီးအတွင်း တာဝန်ကျ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ဖေဖော်ဝါရီ ဒုတိယပတ်မှစ၍ မော်တော်ဆိုင်ကယ် စီးနင်းခွင့် ရရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူး ရုံးမှ စုံစမ်းသိရှိရသည်။  အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူး ရုံးမှ ဒုတိယတပ်ဖွဲ့ခွဲမှူး ရဲမှူးသာဌေးက "ရန်ကုန်တိုင်းထဲမှာ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တွေ လုပ်ငန်းလုပ်ဆောင်ရာမှာ မြန်ဆန်ဖို့ ဆိုင်ကယ်အစီးရေ ၂၀ ကို စီးနင်းခွင့် ပြုထားပါတယ်။ လက်ရှိမှာ ဆိုင်ကယ်စီးနင်းခွင့် ပြုထားတဲ့ဌာန သုံးခုပဲ ရှိပါတယ်။ အဲဒီဌာနတွေမှာလည်း စီးနင်းခွင့်ပြုထားတဲ့ ဆိုင်ကယ်တွေပဲ စီးနင်းခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဆိုင်ကယ်စီးနင်းခွင့် မပြုတဲ့ ဌာနဆိုင်ရာတွေက သတ်မှတ်စည်းမျဉ်း စည်းကမ်းနဲ့မညီရင် အရေးယူသွားပါမယ်" ဟု ပြောသည်။  ယခု ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ စီးနင်းခွင့်ပြုထားသည့် မော်တော်ဆိုင်ကယ်မှာ အဖြူရောင်ဖြစ်ပြီး ဆိုင်ကယ်၏ အနောက်၌ တိုင်အမြင့်ဖြင့် အချက်ပြမီးနီ တပ်ဆင်ထားကြောင်း သိရသည်။  ယခင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့တော်စည်ပင်ဌာနမှ မော်တော်ဆိုင်ကယ် ၃၃ စီး၊ လျှပ်စစ်ဝန်ကြီးဌာနမှ ၆၅ စီးသာ စီးနင်းခွင့်ပြုထားသည်။  သို့သော် ၂၀၁၂ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ခွင့်ပြုမိန့်မရှိဘဲ စီးနင်းနေသည့် မော်တော်ဆိုင်ကယ် အစီးရေ ၈၀၀ ကျော်ကို အရေးယူ ခဲ့သော်လည်း အဆိုပါ မော်တော်ယာဉ်များတွင် ဌာနဆိုင်ရာများမှ မပါဝင်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။  ထိုသို့ ဆိုင်ကယ်စီးနင်းခွင့်မရှိဘဲ မောင်းနှင်သွားလာနေသည့် ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် အခြားသူများကို အရေးယူနိုင်ရန် မြို့နယ်အလိုက် ဖမ်းဆီးရေး ကော်မတီများ ဖွဲ့စည်းထားကြောင်း ရဲမှူးသာဌေးက ဆက်လက်ရှင်းပြသည်။  အဆိုပါ ဖမ်းဆီးရေး ကော်မတီတွင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး များမှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ပြီး ယာဉ်ထိန်းတပ်ဖွဲ့စုမှူးများလည်း ပါဝင်ကြောင်း သိရသည်။  ဓာတ်ပုံ - ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က အမေရိကန်သမ္မတ အိုဘားမားခရီးစဉ်တွင် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ  Eleven Media Groupရန်ကုန်တိုင်း ဒေသကြီးအတွင်း တာဝန်ကျ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ
ဖေဖော်ဝါရီ ဒုတိယပတ်မှစ၍ မော်တော်ဆိုင်ကယ် စီးနင်းခွင့် ရရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူး ရုံးမှ စုံစမ်းသိရှိရသည်။

လယ်ယာမြေဆုံးရှုံးမှု အခွင့်အရေး ကော်မတီဖွဲ့စည်း


အစိုးရက ဒေသခံ တောင်သူလယ်သမားတွေကို သူတို့ပိုင်လယ်ယာမြေတွေကနေ ဒီကနေ့ ဖယ်ရှားပေးဖို့ အကြောင်းကြား ထားတဲ့ အတွက် မိမိတို့အရေးကို တောင်းဆိုဖို့ အခုလို ကော်မတီဖွဲ့စည်းလိုက်တာလို့  ဒေသခံ လယ်သမား တစ်ဦးက RFA ကို ပြောပါတယ်။
" မနက်ဖြန်ကို လယ်ယာမြေတွေပေါ်မှာရှိတဲ့ လယ်သမားတွေကို အစိုးရက

ဘူးသီးတောင် ထောင် နံရံတွင် ဗုံးထောင်ထားသည်ကို တွေ့ရှိ၊ ရှင်းလင်းနိုင်ခဲ့


ဘူးသီးတောင် ထောင် နံရံတွင် ဗုံးထောင်ထားသည်ကို တွေ့ရှိ၊ ရှင်းလင်းနိုင်ခဲ့  By Wakker  စစ်တွေ ၊ ၁၃ ဖေဖော်ဝါရီ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]  ယမန်နေ့ ဖေဖော်ဝါရီလ (၁၂) ရက်နေ့က ဘူးသီးတောင် ထောင် နံရံတွင် ဗုံးထောင်ထားသည်ကို တွေ့ရှိရသဖြင့် ထောင်အာဏာပိုင်များက ဘူးသီးတောင် စစ်ဗျူဟာဋ္ဌာနသို့ အကြောင်းကြား အကူအညီ တောင်းကာ ယင်းဗုံးကို ရှင်းလင်းလိုက်ရသည်ဟု ဆိုသည်။   ဗုံးမတွေ့မီ တစ်နေ့က ဘင်္ဂါလီအကျဉ်းသားများက အစာငတ်ခံဆန္ဒပြကြသေးသည် ဟု ဆိုသည်။  (Coral Arakan News အတွက် ၀က္ကာ ရေးသားသည်။)  ================  ဓါတ်ပုံရည်ညွှန်းစာသား - ဘင်္ဂါလီဆူပူမှုများအားနောက်ကွယ်က ကြိုးကိုင်ခဲ့သည်ဟု စွပ်စွဲခံရသူ အန်ဂျီအို ၀န်ထမ်း ဘင်္ဂါလီများ ဖြစ်ကြသည့် ချိုလေးမာ နှင့် စိုးမြင့် တို့ လွတ်မြောက်လာသည့်နေ့က ဘူးသီးတောင် ထောင်ကို တွေ့ရစဉ်။  ဓါတ်ပုံ - ပန်းခရမ်းပြာ။
ယမန်နေ့ ဖေဖော်ဝါရီလ (၁၂) ရက်နေ့က ဘူးသီးတောင် ထောင် နံရံတွင် ဗုံးထောင်ထားသည်ကို တွေ့ရှိရသဖြင့် ထောင်အာဏာပိုင်များက

တောင်ကြီးမြို့ပေါ်တွင် လောင်ကစားမှုများ အကြီးအကျယ်ပြုလုပ်လျှက်ရှိ



တောင်ကြီးမြို့ပေါ်ရှိ ကမ္ဘောဇပန်းခြံ၊ မြို့မဈေးကြီး အပေါ်ထပ်၊ မြကန်သာပန်းခြံနှင့် မြသုခရုံ အပေါ်ထပ်တို့တွင် ကလေးကစားကွင်းအမည်ခံကာ လောင်းကစားမှုများ အကြီးအကျယ်ပြုလုပ်လျက်ရှိပြီး မြို့ပေါ်ရပ်ကွက် (၂၂) ရပ်ကွက်ရှိသည့်အနက် ကျောင်းကြီးစုရပ်ကွက်၊ မြို့မရပ်ကွက်၊ ကံသာရပ်ကွက်၊ ဟော်ကုန်းရပ်ကွက်၊ စိန်ပန်းရပ်ကွက်၊ ဈေးပိုင်းရပ်ကွက်၊ ကန်ရှေ့ရပ်ကွက်၊

ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်က သုတေသနအဖွဲ့ စစ်တွေရောက်ရှိ




ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအကြောင်းအရင်း အချက်အလက်တွေကို ကွင်းဆင်းလေ့လာဖို့အတွက် ရခိုင်အရေး စုံစမ်းရေးကော်မရှင်ရဲ့ သုတေသနအဖွဲ့တစ်ဖွဲ့ ဟာ ဖေဖေါ်ဝါရီလ ၁၃ ရက် ဒီကနေ့မနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးကိစ္စ ဖျန်ဖြေပေးဖို့ဆိုတာ စဉ်းစားစရာဖြစ်နေ – ကေအိုင်အို


ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ကာယကံရှင်တွေ လိုလားတယ်၊ လုပ်စေချင်တယ်ဆိုရင် အချိန်မရွေး ၀င်လုပ်ပေးမယ်လို့ ပြည်ထောင်စုနေ့မှာ ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) က ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ်တွေအတွက် တစုံတဦးကို အမည်တပ်ပြီးတော့ ပါဝင်ဖို့ ဖိတ်ခေါ်သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ် တဦးတယောက်အနေနဲ့ ပြောဆိုခွင့် လုပ်ပိုင်ခွင့်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်အတွင်းကပဲ ရှိမယ်လို့ နားလည်ထားတဲ့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ငြိမ်းချမ်းရေးကိစ္စတွေမှာ ကြားဝင်ဖျန်ဖြေပေးဖို့ဟာ စဉ်းစားစရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ပြောခွင့်ရ ဦးလနန်ကို ဆက်သွယ် မေးမြန်းထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားနဲ့ပတ်သက်ပြီး ကေအိုင်အိုအနေနဲ့ ဘယ်လိုသဘောထားရှိလဲ။
ဦးလနန်
“ကေအိုင်အိုကတော့ အစိုးရနဲ့ တိုင်းရင်းသားကြားမှာ တွေ့ဆုံညှိနှိုင်းတဲ့ နိုင်ငံရေး ဆွေးနွေးပွဲမှာ ဘယ်သူက ပါဝင်သင့်တယ်ဆိုပြီး ကျနော်တို့ဘက်ကနေ ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂိုလ်အပေါ်မှာ တိုက်ရိုက်ပြောဆိုပြီး အကူညီတောင်းတာမျိုးတော့ လုပ်မှာမဟုတ်ဘူး။ ဒါဟာ ကေအိုင်အိုရဲ့ ချမှတ်ထားတဲ့ လမ်းစဉ်ပါ။

ကင်တာနား မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံ


ကုလသမဂ္ဂ လူအခွင့်အရေးကိုယ်စားလှယ် သောမတ်စ်အိုဟေးကင်တာနားဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးကြပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က အတွင်းရေးမှူး ဦးစစ်မြိုင်က ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အခုလို ရှင်းပြပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မြေပုံမြို့နယ်က ဒုက္ခသည်စခန်းများကို သွားရောက်ခဲ့စဉ်
“သီးခြားတွေ့ဆုံတာတော့ မရှိပါဘူး။ တွေ့ရိုးတွေ့စဉ် ကျနော်တို့ဆီလာရောက်တွေ့တာပါပဲ။

ရခိုင်ပြည်နယ်အစိုးရ မွတ်စလင်များကို ခရီးသွားခွင့်ပိတ်ပင်


ရခိုင်ပြည်နယ်အစိုးရက သံတွဲခရိုင်တွင်းက မွတ်စလင်တွေကို ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်လို့ တားမြစ်ခံရတဲ့ သံတွဲမြို့နေ မွတ်စလင်အမျိုးသမီးတဦးက ပြောပါတယ်။
ရန်ကုန်မြို့ကိုသွားဖို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က လေယာဉ်လက်မှတ်သွားဝယ်ရာမှာ လ၀က ထောက်ခံချက်ရယူဖို့ ပြောတာကြောင့် သံတွဲခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန ခရိုင်မှူး ဦးကိုကိုမောင်ကို သွားရောက်မေးမြန်းရာမှာ မွတ်စလင်တွေကို ပိတ်ပင်ထားတယ် ဆိုတာကိုသာ သိခဲ့ရပြီး ဘာကြောင့် ပိတ်ပင်တယ်ဆိုတာ မပြောပြဘူးလို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။

ငါးထောင်တန်ဖုန်းမထွက်သေးသော်လည်း ရွှေပြည်တံခွန်ကုမ္ပဏီက တယ်လီဖုန်းစက်ရုံတည်ဆောက်






ငါးထောင်တန်ဖုန်းထွက်ရှိ ရန် ကြိုးစားလျက်ရှိသော ရွှေ ပြည်တံခွန်အများပိုင်ကုမ္ပဏီလီ မိတက်မှ မြန်မာနိုင်ငံတွင် ဆက် သွယ်ရေးကဏ္ဍတစ်တောင့်တစ် နေရာ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် မြန်မာနိုင်ငံတွင် တယ် လီဖုန်းစက်ရုံ စတင်တည်ထောင် မည်ဖြစ်ကြောင်း သိရသည်။

facebook မှကြည့် ချင်ရင် like လုပ်ပါ