ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

2 January 2013

“ရနောင်းမြို့အနှိပ်ခန်းတွင်ရောင်းစားခံထားရသည့် မြန်မာအမျိုးသမီးများအားဖမ်းမိ”


၂၀၁၂ ဒီဇင်ဘာ ၃၀ထိုင်းမြန်မာနယ်စပ်
 ရနောင်မြို့တွင်းရှိသော  ဘန်ချဖိုင်ခေါ်
 အနှိပ်ခန်းတစ်ခု တွင်ရောင်းစားခံ ထားရသည့် မြန်မာမိန်းကလေး၆ဦးတို့


အား ၂နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များ ပူးပေါင်းဆောင်

ဆီးရီးယားမှာ သေသူ ၆ သောင်း ရှိပြီပြော


၂ဝ၁၁ မတ်က ဆီးရီးယား အုံကြွမှုတွေ
စတင်ပြီး နောက် သေဆုံးသူ အနည်းဆုံး
 ၆ သောင်း လောက် ရှိနေပြီလို့ ကုလ
 သမဂ္ဂ က ပြောကြား လိုက်ပါပြီ။



ဒီပမာဏဟာ အတိုက်အခံ တွေ ဘက်က ခန့်မှန်း ထားတဲ့ ၄၅,ဝဝဝ လောက် ဆိုတာထက်ကို များနေပါတယ်။

၁၄နှစ်အရွယ် ကျောင်းသူအား အုပ်စုလိုက်မုဒိမ်ပြုကျင့်


ဘင်္ဂလားဒေ့ခ်ျနိုင်ငံဒက္ကားမြို့ အရှေ့မြောက်
ပိုင်း တင်းဂန်းမြို့ဒေသတွင် ၁၄နှစ်
အရွယ်ကျောင်းသူ တဦးအား အုပ်စု
လိုက်မုဒိမ်းပြုကျင့်မှု တခုဖြစ်ပွားခဲ့သည်။



ပြုကျင့်ခံရသည့် ကျောင်းသူBithi Akhter မှာ အသက် ၁၄နှစ်သာရှိပြီး သူမကို

အဓိကလမ်းမကြီးများ၌ အချက်ပြ အမှတ်အသားများအား ရေးဆွဲသွားမည်




မန္တလေးမြို့ပေါ်ရှိ အဓိက မိန်းလမ်းမကြီးများ၌ဆိုင်ကယ်မောင်းနှင်မှုများအား ဘယ်ဖက်ယာဉ်ကြောကို အသုံးမပြုပဲ ညာဖက်ယာဉ်ကြောမှသာ မောင်းနှင်ကြရန် လမ်းမများပေါ်တွင်အချက်ပြအမှတ်အသားများအား ရေးဆွဲ သွားမည်ဖြစ်ကြောင်းမန္တလေးမြို့တော်စည်ပင်သာရာရေးကော်မတီ လမ်းတံတားဌာနမှ သိရသည်။

သမ္မတကတိ ကေအိုင်အေ ဌာနချုပ်ကို သိမ်းမည် မဟုတ်ဟုဆို

သမ္မတကတိ ကေအိုင်အေ ဌာနချုပ်ကို သိမ်းမည် မဟုတ်ဟုဆိုကေအိုင်အေ ဌာနချုပ် လိုင်ဇာကို တိုက်ခိုက် သိမ်းပိုက်မည် မဟုတ်ဟု သမ္မတ ကိုယ်တိုင် ပြောထားပြီးဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြော သည်။
”လိုင်ဇာကို သိမ်းဖို့ မရှိပါဘူး။ သမ္မတကြီးက ကတိပေးပြီးသားပဲ။ သမ္မတကြီးပေးတဲ့ ကတိက လူကြီးပေး တဲ့ ကတိပဲ” ဟု ပြည်ထောင်စု ဝန်ကြီးက ပြောသည်။ လက်ရှိတွင်

မင်မလိုသော တစ်သက်လုံး သုံးလို့ရသည့် ဘောလ်ပင်

betapanBeta Pen လို့အမည်ပေးထားတဲ့ ပုံက ဘောလ်ပင်ဟာ တကယ် မင်မလို ပါဘူး။ မင်တံထည့်ရတာတို့၊ မင်ရည်ဖြည့်ရတာတို့ လုံးဝ လုပ်စရာ မလိုပဲ တစ်သက်လုံး သုံးလို့ရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အရှည်ဆုံး အမြန်ရထားလမ်းကို တရုတ်တို့ စတင် အသုံးပြု

rail way chinaတရုတ်နိုင်ငံ မြောက်ဘက်စွန်းက ပေကျင်းမြို့ ကနေ တရုတ်နိုင်ငံ တောင် ဘက် ကျတဲ့ ကွမ်ကျိုး (Guangzhou) မြို့ အထိကို ဖောက်လုပ်ထားတဲ့ အမြန်ရထား လမ်း ဖြစ်ပါတယ်။

တော်ဝင်သစ်ချောစက်ရုံက လုပ်သား ၁၇၀ ကျော်အား အမှုဖွင့်ထား


အဖေနှင့်သမီးအတူနေကလေးရရှိပြီးပတ်ဝန်းကျင်မှ မသင်္ကာ ဖြစ်ကာ ရဲစခန်းသို့ တိုင်ကြားဖမ်းဆီး



အသက် ၄၆ နှစ်အရွယ် ဂျော့ ဆေယာနှင့် သမီးဖြစ်သူ အသက် ၂၃ နှစ် အရွယ်ရှိ တစ်ဖနီ ဟာ့တ်ဖို့ဒ် တို့သည် တစ်အိမ်တည်း အတူနေကြပြီး  ကလေးတစ်ယောက်ရရှိ လာသဖြင့် ပတ်ဝန်းကျင်မှ သင်္ကာမကင်း ဖြစ်ကာ ရဲစခန်းသို့ တိုင်ကြားခဲ့ကြသည်။
တာဝန်ရှိသူများက သမီးနှင့် ဖခင်တို့၏ DNA များကို စစ်ဆေးသောအခါမှ ထိုကလေးသည် သူတို့နှစ်ဦး၏ ကလေးဖြစ်နေကြောင်း သိရှိခဲ့ရသည်။

လဂျားယန်စခန်းတွင် စိတ်ကြွဆေးနှင့် မူးယစ်ဆေးဝါး အမြောက်အများသိမ်းဆည်းရမိခဲ့





 KIA ၏ လိုင်ဇာဌာနချုပ်ကို အကာအကွယ်ပေးစိုးမိုးထားသည့် လဂျားယန်စခန်းအား အစိုးရ တပ်များက သိမ်းပိုက်ခဲ့ရာတွင် စိတ်ကြွဆေးအပါအ၀င် မူးယစ်ဆေးဝါးအမြောက်အများ သိမ်းဆည်း

နိုင်ငံတော်သမ္မတက လွတ်လပ်ရေးနေ့ ညစာစားပွဲအတွက် ပါတီဥက္ကဋ္ဌများကိုဖိတ်




သမ္မတက တည်ခင်းသော လွတ်လပ်ရေးနေ့ ညစာစားပွဲကို ဆယ်စုနှစ်နှစ်ခုကျော်အတွင်း ပထမဆုံး
အကြိမ်အဖြစ် နိုင်ငံရေးပါတီဥက္ကဋ္ဌများကိုပါ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း နိုင်ငံရေးပါတီများမှ သတင်းရရှိသည်။

ရခိုင်ဘုရင့်နိုင်ငံတော်၏မြေမျက်နှာပြင်

Rakhaing Historical Journal


Ray lunn မှကူးယူဖော်ပြပါသည်။

ရခိုင်သမိုင်း သုတေသီ ရမ္မာဝတီ အသျှင် ပညာစာရ

Pnsr Booklet


nandarmyanmar မှ ကူးယူဖော်ပြပါသည်။

ရင်ခွင်ရို့ နားခိုဖို့ ရာနှင့် ပြိုကွဲသွားသော အိမ်မက်များ

Suffing Letter for You Now



yeyint မှကူးယူဖော်ပြပါသည်။

ရခိုင်လူမျိုး ရခိုင်းနိုင်ငံ အစဘ၀ နောက်ဆုံး နိန့် ဂုံး

coloni_rakhinewithcovers (1)


la porta မှကူးယူဖော်ပြပါသည်။

ရီခြားပြီခြား

ရီခြားမြီခြား



wataungtharchay မှ ကူးယူဖော်ပြပါသည်။

ရှေဟောင်ရခိုင်သမိုင်း သုတေသန ပညာရှင်ဦးစံသာအောင်

U San Thar Aung

lunnmyat မှကူးယူဖော်ပြပါသည်။

ဒေါက်တာ-အေးချမ်း ၏ ရခိုင်သမိုင်းနှင် ဘာသာရေးဆိုင်ရာ

Statement


mratngin မှကူးယူဖော်ပြပါသည်။

စာရေးဆရာ မောင်ဗသိန်းအကြောင်း( စစ်တွေ)

Mg Ba Thein


lunnmyat  မှကူယူဖော်ပြပါသည်။

ရခိုင် ကဗျာများ

Hot Drops of Snow


fassgroup arakan မှကူးယူဖော်ပြပါသည်။

ဆက်သွယ်ရေးကဏ္ဍတွင် တရုတ်နိုင်ငံထုတ်ပစ္စည်းများ စိုးမိုးခဲ့ရခြင်းမှာ Sanction ကြောင့်ဟုဆို



Photo:
ပြည်တွင်းဆက်သွယ်ရေးကဏ္ဍတွင် အခြားနိုင်ငံများမှ ပစ္စည်းများသည် တရုတ်နိုင်ငံထုတ် ပစ္စည်းများထက် ဈေးနှုန်းပိုသော်လည်း ရေရှည်တွင် ပိုကောင်းနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်း အင်ဂျင်နီယာချုပ်က ပြောသည်။

''အရင်တုန်းက Sanction ကြောင့်

ကလေးတွင် ဘင်္ဂါလီ ၆ ဦးဖမ်းမိ




အိန္ဒိယနယ်စပ်နှင့် ဆက်စပ်နေသော စစ်ကိုင်းတိုင်း ကလေးမြို့တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်တွင် ခိုးဝင်လာသော ဘင်္ဂါလီ ခြောက်ဦးကို ဖမ်းဆီးရမိကြောင်း ယင်းမြို့နယ် ရဲစခန်းမှ သိရသည်။

ကလေးမြို့တောင်ပိုင်းရှိ ခုံတိုးမြို့သာနှင့် ကြန်သာ ကျေးရွာတို့တွင်

တရုတ်တွင် မိဘများထံ သွားမလည်သည့် သားသမီးများ တရားစွဲ ခံရမည်



သက်ကြီးရွယ်အို မိဘများထံသို့ အချိန်မှန် သွားရောက် လည်ပတ်ခြင်း မပြုသည့် သားသမီးများအား တရားစွဲ ဆိုနိုင်သည့် ဥပဒေကို တရုတ်အစိုးရက ပြဋ္ဌာန်းလိုက်ကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။

အသစ်ထုတ်ပြန်လိုက်သော ဥပဒေတွင် မိဘများထံသို့ သွားရောက် လည်ပတ်ရမည့် အကြိမ်ရေအတွက် ကို တိကျစွာ ထည့်သွင်း ဖော်ပြ မထားပေ။

သီလ၀ါ အထူးစီးပွားရေးဇုန်အတွက် အခြေခံအဆောက်အဦများ တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလျံ ဂျပန်ထောက်ပံ့ရန် စီစဉ်





Photo:  Eleven Media Group
ဂျပန်နိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ် Mr. Taro Aso သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးမြှင့်သွားရန် မြန်မာနိုင်ငံ
သို့ လာရောက်မည်ဖြစ်ကြောင်း Yahoo သတင်းဌာနတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံခရီးစဉ်အတွင်း ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအတွင်း စီးပွားရေးအရ လုပ်ကိုင်ရန်စီစဉ်ထားသည့် ကဏ္ဍများအပေါ် ထောက်ပံ့ပေးသွားရန် ဆွေးနွေး
သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အေဘီအက်စ်ဒီအက်ဖ် ခေါင်းဆောင်များနှင့် မြောက်ပိုင်းအဖွဲ့ အချက် ၃ ချက် သဘောတူ


မြန်မာပြည်ထဲရောက်ရှိနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ခေါင်းဆောင်တွေနဲ့ မြောက်ပိုင်းပြန် ကျောင်းသားအဖွဲ့တို့ ရန်ကုန်မှာ ဒီနေ့တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အချက် ၃ချက် သဘောတူခဲ့ကြပါတယ်။
မြောက်ပိုင်းပြန် ကျောင်းသားအဖွဲ့ဟာ ၁၉၉၂ ခုနှစ်တုန်းက မြောက်ပိုင်း ကချင်ပြည်နယ် ပါဂျောင်စခန်းမှာ သူလျှိုအဖြစ်စွပ်စွဲခံရပြီး အသက်သေဆုံးခဲ့တဲ့ဖြစ်စဉ်မှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ပြီး လွတ်မြောက်လာသူတွေဖြစ်ပါတယ်။ သူတို့တွေက ဒီအဖြစ်အပျက်ကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုနေကြတာ ဖြစ်ပါတယ်။

ဂျပန် ဒုဝန်ကြီးချုပ် မြန်မာပြည်ခရီးစတင်


ဂျပန်နိုင်ငံရဲ့ ဒု-၀န်ကြီးချုပ်လည်းဖြစ် ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ မစ္စတာ တာရိုအာဆိုဟာ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ဒီနေ့ညနေပိုင်းမှာ လေကြောင်းနဲ့ ရောက်လာဖို့ရှိတယ်လို့ ဂျပန်သံရုံး တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဒါဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဂျပန်နိုင်ငံမှာ ၀န်ကြီးချုပ်သစ် ရှင်ဇိုအဘေး အစိုးရသစ် တက်လာပြီးနောက် မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ ဂျပန်အစိုးရရဲ့ အဆင့်အမြင့်ဆုံး ထိပ်တန်းခေါင်းဆောင် တဦးရဲ့ ခရီးစဉ်ဖြစ်ပါတယ်။
မစ္စတာ တာရိုအာဆို

ကေအိုင်အေအပေါ်ထိုးစစ် ယူအန်အက်ဖ်စီ ပြစ်တင်ရှုတ်ချ

အစိုးရက ဒီဇင်ဘာလကုန်ပိုင်းမှာ ကေအိုင်အိုတပ်စခန်းတွေကို အပြင်းအထန် တိုက်ခိုက်နေတဲ့အပေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က  အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
အစိုးရနဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က နှစ်ဘက် နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးဖြေရှင်းကြဖို့ သဘောတူညီကြပြီးကာမှ မတွေ့နိုင်သေးဘဲ ကြားကာလမှာ ဇန်န၀ါရီ ၁ ရက်နေ့ ရက်စွဲနဲ့ သဘောထားထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

1 January 2013

ရေကြည်တပေါက်၊ အေးရိပ်မြမြ အမွေ (အက်ဆေး)


တောကိုမှီ၍သာ လူသား မျိုးနွယ်စု၏ ယဉ်ကျေးမှု သမိုင်းခရီးရှည်ကို ချီတက် နိုင်ခဲ့ကြ၏။ ဥာဏ်အလင်းကိုလည်း တောမှာပင် ရှာမှီး သိမြင်ခဲ့လေပြီ။ “ဥတုရာသီ တောကို မှီ၏” ဟူသော ရှေးလက်ဆောင်ကလေးလည်း မပျောက်ပျက်စကောင်း။ ထို့ထက် အဖိုးတန်သော ပညာအမွေသည်လည်း မရှိနိုင်ခဲ့။ ရှင်သန်မှုအတွက် လိုအပ်ချက်များ၏ ပင်ရင်းလည်း ဖြစ်သည်မို့တမုံ့။

ချိုသော အသီးကို

အလှပြင်ဆိုင်နှင့် ဓာတ်မတည့်မှု ကင်းစေရန်

အလှပြင်ဆိုင်နှင့် ဓာတ်မတည့်မှု ကင်းစေရန်သင့်အတွက် စိတ်ချရပြီး ဓာတ်မတည့်မှု ကင်းစေတဲ့ အလှပြင်ဆင်မှု ဖြစ်စေဖို့ အလှပြင်ဆိုင် သွားမယ်ဆိုရင် အောက်ပါအချက်တွေကို ဂရုစိုက်ပါ။
လုပ်ငန်းလိုင်စင်မရှိခြင်း
အလှပြင်ဆင်ခြင်းလုပ်ငန်းနဲ့ ပတ်သက်တဲ့

ဒဂုံတောင် အထည်ချုပ် စက်ရုံ အလုပ်သမား ၆၀၀ ခန့် ဆန္ဒထုတ်ဖော်

ဒဂုံတောင် အထည်ချုပ် စက်ရုံ အလုပ်သမား ၆၀၀ ခန့် ဆန္ဒထုတ်ဖော်ဒဂုံတောင် စက်မှု ဇုံ ၁ အထည်ချုပ် စက်ရုံ အလုပ်သမား ၆၀၀ခန့် ဆန္ဒ ထုတ်ဖော် ရန်ကုန် ဇန်န၀ါရီ၁ ဒဂုံတောင် စက်မှု ဇုံ ၁ ကျိုင်းတုံလမ်း

အသက်ကြီးမှ ကိုယ်ဝန်ဆောင်သည့် အမျိုးသမီးများ သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေလျော့နည်း

အသက်ကြီးမှ ကိုယ်ဝန်ဆောင်သည့် အမျိုးသမီးများ သားမြတ်ကင်ဆာဖြစ်နိုင်ခြေ လျော့နည်း   ပထမဆုံးအကြိမ် ဓမ္မတာ စတင်ဖြစ်ပေါ် ချိန်ကစပြီး အနည်းဆုံး ၁၅ နှစ်ကြာမှ
ကလေးယူတဲ့ အမျိုးသမီးတွေဟာ သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း လျော့နည်းကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ပျမ်းမျှအားဖြင့် အသက် ၁၃ နှစ်အရွယ်မှာ ဓမ္မတာစတင်

ရွှေဖြူနှင့် လုပ်သော မာစီဒီးပြိုင်ကား

150917 513881015309413 169410018 nဒူဘိုင်းမြို့ က ရေနံ စော်ဘွား ဘီလျံနာ တစ်ဦး ပိုင်တဲ့ ကား ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ Mercedes-Benz SLR McLaren ဖြစ်ပြီး အလူမီနီယံ သားမဟုတ်ပဲ ရွှေဖြူ (ပလက်တီနံ) နဲ့ လုပ်ထားတဲ့ ကားကိုယ်ထည်ကို ယခုလို မြင်တွေ့ ရပါတယ်။

အီးပေါက်တာဘယ်သူလဲ မပြောသဖြင့် ရိုက်နှက်မှု ထောင်ကျ

Photo:   မောက္ခ
သမီးများကို ရက်စက်စွာ ရိုက်နှက်သည့် ဖခင်တစ်ဦးအား ရဲများက
ဖမ်းဆီးထားကြောင်း သတင်းရရှိ သည်။ အော်စတင် ဒေးဗစ်ဆိုသူ အသက် ၃၂ အရွယ်ရှိ ဘခင်တစ်ဦးသည် ကားအတူစီးလာသည့် သမီး ၃ ဦးထဲမှ အီးပေါက်လိုက်သဖြင့် အနံ့အသက်ဆိုးသောကြောင့် မည်သူပေါက်သလဲ
ဟုမေးကြောင်း၊ မည်သူကမျှ ၀န်ခံခြင်းမပြုသဖြင့် ခါးပတ်ချွတ်ပြီး သမီးများကို ရက်စက်စွာ ရိုက်နှက်ဆုံးမခဲ့ကြောင်း၊ သမီးများမှာ အသက် ၆ နှစ်၊ ၉ နှစ်နှင့် ၁၂ အရွယ်များဖြစ်ကြကြောင်း သိရသည်။

အိန္ဒိယရောက် မြန်မာအမျိုးသမီးများ ထိတ်လန့်





 ပြီးတဲ့သီတင်းနှစ်ပတ်က အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ ဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ မုဒိမ်းမှုကြောင့် သေဆုံးသွားခဲ့ရပြီး၊ ဒီကနေ့ပဲ သင်္ဂြလ်လိုက်တဲ့ အသက်
၂၃ နှစ် ဆေးကျောင်းသူလေး ဂယက်နဲ့ အိန္ဒိယနိုင်ငံမှာ ရောက်ရှိ
နေထိုင်နေတဲ့ မြန်မာ အမျိုးသမီးတွေ ကြားမှာလည်း စိုးထိတ်မှုတွေ ရှိနေကြပါတယ်။

(၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ပထမဆုံးသော မြန်မာနိုင်ငံခေါင်းဆောင်အဖြစ် မိန့်ခွန်းပြောကြားခဲ့သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်



3026
နိုင်ငံတော်သမ္မတဦးသိန်းစိန် ကုလာသမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားနေစဉ်
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ပထမဆုံးသော မြန်မာနိုင်ငံ ခေါင်းဆောင်အဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားခဲ့ခြင်းကို ၂၀၁၂ ခုနှစ်၏ ထင်ရှားသော ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြလိုက်ပါသည်။

အုပ်စုဖွဲ့မုဒိမ်းကျင့်မှု ကျူးလွန်သူများအား သေဒဏ်ပေးရန် တရားလိုမိသားစုလိုလား



ဘတ်စ်ကား တစ်စင်းပေါ်တွင် အရက်မူးနေသူ (၆)ဦး၏ ဝိုင်းဝန်း မုဒိမ်းကျင့်ပြီး ရိုက်နှက်ခြင်းကို ခံရသော အသက်(၂၃)နှစ်အရွယ် ဆေးကျောင်းသူ မိန်းကလေးသည် စင်္ကာပူနိုင်ငံရှိ ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။
အုပ်စုဖွဲ့မုဒိမ်းကျင့်မှု ကျူးလွန်သူများအား သေဒဏ်ပေးရန် တရားလိုမိသားစုလိုလား
အိန္ဒိယနိုင်ငံတွင် လူစုလူဝေးဖြင့် မုဒိမ်းကျင့်ခံရခြင်းကြောင့် သေဆုံးသွားရှာသည့် မိန်းကလေး၏ မိသားစုက တရားခံများအား သေဒဏ်ပေးရန် လိုလားနေကြောင်း သိရှိရသည်။ ဘတ်စ်ကား တစ်စင်းပေါ်တွင် အရက်မူးနေသူ (၆)ဦး၏ ဝိုင်းဝန်း မုဒိမ်းကျင့်ပြီး ရိုက်နှက်ခြင်းကို ခံရသော အသက်(၂၃)နှစ်အရွယ် ဆေးကျောင်းသူ မိန်းကလေးသည်

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်ကို နေပြည်တော်၌ ပထမဆုံး ကျင်းပမည်



 မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ တတိယပတ်၌ နေပြည်တော်တွင် ပထမဆုံး ကျင်းပသွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ဒီဇင်ဘာ ၂၆ ရက်က ကျင်းပခဲ့သည့် တတိယအကြိမ် စီမံကိန်းကော်မရှင် အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားစဉ်

KIA အရာရှိတစ်ဦးရဲ့ဖွင့်ဟ၀န်ခံချက်



ကျွန်တော်တို့ KIO အဖွဲ့အစည်းအတွင်း ဆလန်ကဘားလို့ခေါ်တဲ့ မြို့ပြအုပ်ချုပ်ရေးအဖွဲ့နဲ့ ဒူဝါက ဘားလို့ခေါ်တဲ့ လက်နက်ကိုင်အဖွဲ့ဆိုပြီး ၂ ပိုင်းခွဲခြားထားပါတယ်။ ဆလန်ကဘားအဖွဲ့ကိုတော့ KIO လို့ လူသိများပြီး၊ ဒူဝါကဘားအဖွဲ့ကိုတော့ KIA လို့ သိကြပါတယ်။ KIO ဖွဲ့စည်းပုံအရ KIAအဖွဲ့ဟာ KIO ရဲ့ အဖွဲ့ခွဲတစ်ခု သာဖြစ်ပေမယ့် လက်ရှိအခြေအနေမှာ KIO လူကြီးတွေအားလုံးဟာ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်ရဲ့ အမိန့်အောက်မှာသာ လုပ်ဆောင်နေကြရတာဖြစ်ပါတယ်။
 

ဗိုလ်ချုပ်ဂမ်ရှောင်ဟာ တပ်မဟာမှူးဘ၀တည်းက ရက်စက်တဲ့လူဆိုပြီး နာမည်ကြီးပါတယ်။ သူလို

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြု ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၄၁/ ၂ဝ၁၂)
၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်
(၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်)
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

KIA ထံမှ သိမ်းဆည်းရရှိသော ပစ္စည်းများ နှင့် လဂျားယန်တောင် ပေါ်မှ နောက်ဆုံးရ ဓာတ်ပုံများ





ကျွန်တော်တို့ ဒီဇင်ဘာ (၃၀)နေ့လည်လောက်က လဂျားယန်တောင်ကြောကအမြင့်ဆုံးတောင်ကုန်းဖြစ်တဲ့ ပွိုင့် ၇၇၁ တောင်ကုန်းက KIA စခန်းကိုရပါတယ်။ တရုတ်နိုင်ငံလုပ် ၁၂၀ မမစိန်ပြောင်းကြီးအပါအ၀င် လက်နက်ငယ်နဲ့ မိုင်းတွေ၊ လက်ပစ်ဗုံးတွေအများအပြားသိမ်းမိပါတယ်။ ဒါ့အပြင် စိတ်ကြွဆေးနဲ့မှုးယစ်ဆေး အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ ဖမ်းမိခဲ့တဲ့ KIA စစ်သည်တွေရဲ့အဆိုအရ KIA အရာရှိတွေဟာ KIA စစ်သားတွေကို

ရာသီသွေးပေါ်ချိန် အမျိုးသမီးတွေကို ခွဲခြားထားတဲ့ နီပေါကျေးလက်ဓလေ့


ဘတ်ဂက်ဆ၀ါဆိုတဲ့ ရွာကလေးက ဘုရားကျောင်းမှာ လူတွေ ဒါဇင်နဲ့ချီပြီး ရောက်နေပါတယ်။ ရိုးရာဗုံတွေ တီးရင်၊ ရိုးရာသီချင်းတွေကို သီဆိုနေကြပါတယ်။
“ချောင်ဗဒီ” လို့ ခေါ်တဲ့ အမျိုးသမီးတွေကို ရာသီသွေးပေါ်ချိန်မှာ ပတ်ဝန်းကျင်နဲ့ သီးသန့် ခွဲထားတဲ့ ဓလေ့ကို အဆုံးသတ်ဖို့ စည်းရုံးလှုပ်ရှားနေကြတာပါ။ “ချောင်ဗဒီ” ဆိုတဲ့ ဒီဓလေ့အောက်မှာ ရာသီသွေးပေါ်ချိန်မှာ အမျိုးသမီးတွေကို ယုတ်ညံ့သူတွေလို့ သတ်မှတ်ကြ ပါတယ်။
ဒါကြောင့် အမျိုးသမီးတွေကို မိသားစုနဲ့ ခွဲထုတ်ပြီး နွားမတွေကို ထားတဲ့တဲတွေမှာ ၄ ရက်လောက်အထိ ထားကြပါတယ်။ အဲဒီတဲတွေမှာ ပြတင်းတံခါးတွေ မရှိသလို၊ ကြမ်းခင်းတွေကလည်း သန့်ရှင်းမှုမရှိပါဘူး။

တရားဥပဒေစိုးမိုးရေးကော်မတီကို တိုင်စာ ၂၅၀၀ ကျော်ရောက်ပြီ


ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီကို ပြည်သူတွေဆီကနေ တိုင်ကြားစာ စုစုပေါင်း ၂၅၀၀ ကျော် ရောက်လာပြီလို့ ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။
အဲဒီ တိုင်စာတွေထဲမှာ လယ်ယာမြေ အသိမ်းခံရတဲ့ တိုင်စာတွေက အများဆုံးဖြစ်ပြီး

လွတ်လပ်ရေးယူစဉ်ကလို ညီညွတ်မှုမျိုးနှင့်စိန်ခေါ်မှုများကို လက်တွဲကျော်လွှားရန် သမ္မတပြော

တိုင်းပြည်လွတ်လပ်ရေးရယူစဉ်ကလို ညီညွတ်မှုမျိုးနဲ့ စိန်ခေါ်မှုတွေကို လက်တွဲ ကျော်လွှားသွားကြဖို့ မြန်မာ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ မြန်မာပြည်သူ တရပ်လုံးကို တိုက်တွန်းပြောကြားလိုက်ပါတယ်။
၂၀၁၃ ဇန်န၀ါရီ ၁ ရက်နေ့ မနက်မှာ  သမ္မတ ဦးသိန်းစိန်က  ရေဒီယိုအစီအစဉ်တွေကနေ တဆင့် ပြည်သူကို ပထမဆုံး တိုက်ရိုက် ပြောကြားတဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားသွားတာပါ။

ရခိုင်ပဋိပက္ခ အစီရင်ခံစာ အပြီးတင်ရန် ရခိုင်ကို ထပ်သွားမည်


၂၀၁၃ မတ်လကုန်မှာ ရခိုင်ပဋိပက္ခ အစီရင်ခံစာ အပြီး တင်ပြနိုင်ဖို့ လာမယ့် ဇန်န၀ါရီ ဒုတိယအပတ်မှာ မင်းပြားနဲ့ မြေပုံဘက်ကို သွားဖို့ရှိတယ်လို့ စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် အမျိုးသားဒီမိုကရေစီအင်အားစု ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

မြောက်ဦးမြို့တွင် ရှေးဟောင်းဌာပနာ ဘုရားအဆူ ၈၀ တူးဖော်တွေ့ရှိ


ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အရှေ့ မြတန်ဆောင်းဘုရားမှာ ဌာနပနာဆင်းတုတော် အဆူ ၈၀ ကို တူးဖော်တွေ့ရှိတယ်လို့ ပြည်ထောင်စုအစိုးရ ပြန်ကြားရေး ၀န်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ကျားဖြူပါတီညီလာခံအကြိုဆွေးနွေးပွဲ စတင်


ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ရဲ့  ဒုတိယအကြိမ် ညီလာခံကို ကျင်းပဖို့ ပါတီဝင်အားလုံး  ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ ရောက်နေကြပြီး ဒီနေ့မနက် ညီလာခံအတွက် အကြိုဆွေးနွေးပွဲတွေ စတင်နေပါတယ်။
ပါတီမူဝါဒတွေ ပြင်ဆင်ရေးဆွဲဖို့နဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ ဒေသ အသီးသီးက ကျားဖြူပါတီ ကိုယ်စားလှယ်တွေ စုဝေးနေကြတာပါ။
ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာရှိတဲ့ ကျားဖြူပါတီ ကိုယ်စားလှယ်

စစ်ပွဲဖြစ်ရာ ကချင်ဒေသကို ၈၈ မျိုးဆက်များ ဒုတိယအကြိမ် သွားရောက်


ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)  ဌာနချုပ်အနီးရှိ လိုင်ဇာကို ၈၈ မျိုးဆက်ကျောင်းသား အချို့ ဒီနေ့ ထပ်မံ သွားရောက်မှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းအဖြစ် ၈၈ ကျောင်းသားတွေက လိုင်ဇာကို သွားရောက်တာဖြစ်ပြီး ကေအိုင်အေ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ ကြိုးစားသွားမယ်လို့  လိုင်ဇာသွားမယ့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးက ပြောပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး

စိန်ခေါ်မှုများကို ညီညီညွတ်ညွတ် ကျော်လွှားကြရန် သမ္မတတိုက်တွန်း


တိုင်းပြည်လွတ်လပ်ရေးရယူစဉ်ကလို ညီညွတ်မှုမျိုးနဲ့ စိန်ခေါ်မှုတွေကို လက်တွဲ ကျော်လွှားသွားကြဖို့ မြန်မာ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့နှစ်သစ်ကူးမိန့်ခွန်းမှာ မြန်မာပြည်သူ တရပ်လုံးကို တိုက်တွန်း ပြောကြားလိုက် ပါတယ်။
၂၀၁၃ ဇန်န၀ါရီလ ၁ ရက် မနက်မှာ   သမ္မတ ဦးသိန်းစိန်က  ရေဒီယိုအစီအစဉ်တွေကနေ တဆင့် ပြည်သူကို ပထမဆုံး တိုက်ရိုက် ပြောကြားတဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားတာပါ။
“မကြာခင်မှာ ကျရောက်တော့မယ့် လွတ်လပ်ရေးနေ့နဲ့ ဆက်စပ်ပြီး

ကျေးလက်ပြည်သူများ အရစ်ကျဆင်းကတ်အကြွေး သက်သာတော့မည်


မြန်မာ့ဆက်သွယ်ရေးက တယ်လီဖုန်းဆင်းကတ်တွေကို ဒီလထဲမှာ ကျပ်ငွေ ၁ သိန်းခွဲနဲ့အောက် ဈေးနှုန်းနဲ့ရောင်းချပေးတဲ့အခါ ဆင်းကတ်တခု ကျပ် ၂ သိန်းဈေးနှုန်းနဲ့ အရစ်ကျပေးစနစ် ၀ယ်ထားကြတဲ့ ကျေးလက်နေ ပြည်သူတွေလည်း ၁ သိန်းခွဲနဲ့အောက် ဈေးနှုန်းမှာ အကျုံးဝင်တယ်လို့ မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ကျေးလက်နေ ပြည်သူတွေဟာ ဆင်းကတ်တခုကို ကျပ် ၂ သိန်းနဲ့ အကြွေးစတင်ဝယ်စဉ်က ကျပ်ငွေ ၄ သောင်း ကနဦးပိုင်းသွင်းရပြီး ကျန်ငွေ ၁ သိန်း ၆ သောင်းကို နောက်လတွေမှာ တလကို ကျပ် ၁ သောင်းနှုန်း သွင်းနေကြရပါတယ်။

ကချင်စစ်ပွဲ ရပ်တန့်ရေး ရန်ကုန်တွင် ဆန္ဒပြ

၂၀၁၃ ခုနှစ်ရဲ့  ပထမဆုံး ဆန္ဒပြပွဲအဖြစ် ရန်ကုန်မြို့မှာ ငြိမ်းချမ်းရေး လိုလားတဲ့ ရဟန်းရှင် ပြည်သူတွေက ကချင်ပြည်နယ်က  စစ်ပွဲတွေကို ရပ်တန့်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
ငြိမ်းချမ်းရေး လိုလားသူ ၁၀၀ ကျော် လောက်ပါဝင်တဲ့ ဆန္ဒပြသူတွေက ရန်ကုန်မြို့လယ်ခေါင် မြို့တော်ခန်းမရှေ့မှာ နှစ်သစ် ငြိမ်းချမ်းရေးဆုတောင်း သ၀ဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။ အဲဒီနောက် ငြိမ်းချမ်းရေးသီချင်းတွေသီဆိုပြီး ဗန္ဓုလ ပန်းခြံနဲ့ ဆူးလေဘုရားကို လှည့်လည် ဆန္ဒပြတယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတဦးက ပြောပါတယ်။
အခုလို ငြိမ်းချမ်းစွာ ဆန္ဒပြရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲမှာ ပါဝင်တဲ့  Generation Wave ခေါ်  မျိုးဆက်သစ်လူငယ်များအဖွဲ့က သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုကြည်ဇင်သာက ခုလို ပြောပါတယ်။

facebook မှကြည့် ချင်ရင် like လုပ်ပါ