ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

26 September 2012

ရခိုင်ပြည်နယ် ၀န်ကြီးဌာနများ ၀န်ထမ်းလစာပေးရန် ဘတ်ဂျက် မရှိဖြစ်နေ


ရခိုင်ပြည်နယ် အစိုးရ အဖွဲ့တွင် ၀န်ကြီးဌာနများရှိ ၀န်ထမ်းများကို လစာပေးရန် ဘတ်ဂျက်ငွေ မရှိ ဖြစ်နေကြောင်း သတင်းရရှိသည်။
“  ရခိုင်အစိုးရက ခုလို ၀န်ထမ်းတွေ လစာအတွက် ဘတ်ဂျက် မရှိ ဖြစ်နေတာကို  မနေ့က ပြုလုပ်တဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ

ဤအဆောက်အဦးသည် ယခင် ပြည်နယ် ခန်းမဖြစ်ပြီး ယခု ရခိုင်လွှတ်တော် ဖြစ်သည်။ ( ဓါတ်ပုံ- နိရဉ္စရာ)
တင်ပြပါတယ်” ဟု စစ်တွေ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

ရသေ့တောင် ရခိုင်ဒေသ လူထု အစည်းအဝေးမှ ဆုံးဖြတ်ချက် ၁၈ ခု၊ ကန့်ကွက်ချက် ၆ ခုနှင့် အဆိုပြုချက် ၃ ခု ချမှတ်

စက်တင်္ဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့ထိ ၂ ရက်တိုင်တိုင်  ကျင်းပပြုလုပ်ခဲ့သော ရခိုင်ဒေသ လူထု အစည်းအဝေးမှ နိုင်ငံတော် အစိုးရသို့ တင်ပြမည့်  ဆုံးဖြတ်ချက်၊ ကန့်ကွက်ချက်နှင့် အဆိုပြုချက်များမှာ အောက်ပါ အတိုင်း ဖြစ်သည်။
———————————————————————————–
(၂၅/၂၆-၉-၂၀၁၂) နေ့များတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင်
ကျင်းပသောရခိုင်ဒေသလူထုအစည်းအဝေး က နိုင်ငံတော် အစိုးရသို့ တင်ပြတောင်းဆိုချက်များ

Photo: Narinjara

24 September 2012

အထက (၂) ကမာရွတ်တွင် ဓားပြတိုက်ခံရ




မြန်မာပြည်မှာ မိမိကိုယ်ပိုင်ကားများကို ထုခွဲရောင်းချကာ ကျောင်းဆောင်သစ်ဆောက်လုပ်နေသော ကျောင်းအုပ်ကြီးတစ်ယောက်အ ကြောင်းကတော့ နဲနဲဆန်းမည်ဟုထင်ပါသည်။

အထက (၂) ကမာရွတ်၊ ရန်ကုန်ကျောင်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်မေလှရီသည် ကျောင်းဆောင်သစ်ဆောက်လုပ်ရန် အတွက် ကျောင်းသားမိဘများကို တစ်ရက်လျှင် တစ်တန်းစီ အစည်းအဝေးခေါ်ယူပြီး ကျောင်းသားမိဘတစ်ဦးလျှင် အနည်းဆုံး ငွေကျပ် တစ်သိန်းစီ ထည့်ဝင်ရန် အတင်းအကျပ်လက်မှတ်ထိုးခိုင်းနေပါသဖြင့် ငွေကြေးမတတ်နိုင်သော ကျောင်းသားမိဘများအတွက် အခက်ကြုံနေရပါ သည်။ 

လေ လူ လက်နက် စစ်

လေ လူ လက်နက် စစ်
နိုင်ဦးညို (ဖိုးဇီးရိုး)


 
လေ
လေအားတွေ
လျော့ဖို့တော့လိုပြီ ...။

လူ
လူဦးရေ ထိမ်းချုပ်ဖို့
ကြိုးစားကြပေမယ့် ... မရ
သန်း ခြောက် ထောင်

လက်နက်
လက်နက်တွေ  စွန့်လွတ်ဖို့
ကြိုးစားကြပေမယ့် … မရ
သန်း ခြောက် သောင်း

စစ်
စစ်ပွဲတွေ ရပ်တန့်ဖို့
ကြိုးစားကြပေမယ့်  … မရ
သန်း ခြောက် သိန်း

လူ လက်နက် စစ်
လေအားတွေ
လုံးထွေးရစ်ပတ်
ဤကမ္ဘာမြေ
နှစ် သန်း ခြောက် သန်း
ရှည်ပါစေသား ....။    ။

မှတ်ချက် - လွန်ခဲ့တဲ့ ငါးနှစ်ခန့်က ရေးထားခဲ့တာဖြစ်ပါတယ်။

မိုးမခ

‘The West Wing’ ဇာတ်လမ်းတွဲဟာ ဒီမိုကရေစီ လမ်းညွှန်လား


အမေရိကန် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ‘The West Wing’ ကို ကြည့်ရှု၍ မြန်မာ စစ်ဗိုလ်ချုပ်ဟောင်း တချို့
သည် ဒီိမိုကရေစီစနစ်တွင် မည်ကဲ့သို့ အုပ်ချုပ်ရမည် ဆိုသည်နှင့် ပတ်သတ်သော အတွေးအမြင် ရရှိခဲ့သည်ဟု
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် အား ပြောခဲ့
ကြောင်း သိရသည်။

The-West-Wingဒီဇင်ဘာလ အတွင်း ကလင်တန်၏ သမိုင်းဝင် မြန်မာပြည် ခရီးစဉ်အတွင်း
တွင် ဦးရွှေမန်း က သူ့အား ပြောခဲ့ပုံကို ကလင်တန်က ပြန်လည် ပြောပြခဲ့

မြိတ်တွင် ၈၈ မျိုးဆက်ကျောင်းသား အတု ပေါ်ပေါက်ဟုဆို


  တနင်္သာရီတိုင်း မြိတ်ခရိုင်တွင် ၈၈ မျိုးဆက်ကျောင်းသားအမည်ခံ အဖွဲ့တဖွဲ့ ပေါ်ပေါက်
နေပြီး ထိုသူများက ၈၈ ကျောင်းသားများ ကန့်ကွက်ထားသည့်  မြိတ်မြို့နှင့် ၁၇ မိုင်ခန့်အကွာတွင် တည်ဆောက် မည့် ကျောက်မီးသွေးလျှပ်စစ်စက်ရုံကို ထောက်ခံကြောင်း ပြောဆိုမှုများ ရှိနေသည်ဟု မြိတ်ခရိုင် ၈၈ ကျောင်းသား အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုတင်ကိုကိုဦး က ပြောသည်။

နိုင်ငံရေး အရှုပ်တော်ပုံကြောင့် တရုတ်ရဲချုပ်ဟောင်း ထောင် ၁၅နှစ်ကျ


တရုတ်နိုင်ငံက ရဲချုပ်ဟောင်းတဦးကို တရားရုံးကနေ ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

တရုတ်နိုင်ငံက ရဲချုပ်ဟောင်းတဦးကို တရားရုံးကနေ ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ နိုင်ငံရေးအရှုပ်တော်ပုံ တခု ပေါ်ပေါက်ခဲ့ပြီး ထိပ်တန်းနိုင်ငံရေးသများ Bo Xilai ရာထူးကနေ ဖယ်ရှားခံလိုက်ရပြီးတဲ့နောက် အဲဒီဖြစ်ရပ်တွေနဲ့ ဆက်စပ် နေတဲ့ ထိပ်တန်းရဲအရာရှိဟောင်းကို အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာပါ။

ကျောက်တော် ထွက်ပြေးတရားခံများ ပြန်လည် ဖမ်းဆီးရ၊ ရဲမှူးနှင့် စခန်းမှူး အရေးမယူရန် တည်ငြိမ် အေးချမ်းမူ ကော်မီတီက စာရေးမေတ္တာရပ်ခံ




ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ထွက်ပြေးသွားသော လူသတ် တရားခံ (၂)  ဦးကို ပြန်လည် ဖမ်းမိခဲ့ပြီးနောက် ကျောက်တော်မြို့နယ် တည်ငြိမ်အေးချမ်းမူ ဖေါ်ဆောင်ရေး  မြို့မိ မြို့ဖများမှ  ယာယီ ပြောင်းရွှေ့ ခံထားရသော ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးတို့အား ပြန်လည် တာဝန်ချထားပေးပါရန် အတွက် အထက်သို့ စာရေး မေတ္တာရပ်ခံလိုက်သည်ဟု သိရသည်။
အဆိုပါ စာအား ကော်မီတီဝင် ၁၉ ဦးက လက်မှတ်ထိုး ရေးသားကာ ပေးပို့လိုက်ခြင်း ဖြစ်ပြီး  စာပါ အကြောင်းအရာမှာ အောက်ပါအတိုင်း ဖြစ်သည်။
အကြောင်းအရာ။      ။ ယာယီ ပြောင်းရွှေ့ ခြင်းခံထားရသော ကျောက်တော်မြို့နယ်

လူထုအစည်းအဝေးမှ ဆွေးနွေးဆုံးဖြတ်မည့် အကြောင်းအရာများ အကြိုညှိနှိုင်းပွဲပြုလုပ်





IMG 0412 copy
ရသေ့တောင်မြို့တွင် ပြုလုပ်မည့် လူထုအစည်းအဝေးမှ ဆွေးနွေးဆုံးဖြတ်မည့် အကြောင်းအရာများ

စစ်ကိုင်းတိုင်း အနီး အိန္ဒိယ နယ်စပ်တွင် ဖမ်းဆီးခံ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၂၂ ဦး ထောင်ချမှတ်ခံရ


မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းနှင့် ကပ်ရပ်တည်ရှိသော အိန္ဒိယဘက်ခြမ်း အင်ဖါးမြို့တွင် များမကြာမှီက ဖမ်းဆီးထားသော ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၂၂ ဦးကို ထောင် (၂) နှစ် နှင့် ရူပီငွေ ၁၀၀၀၀ စီ ပြစ်ဒဏ် ချမှတ်လိုက်သည်ဟု အိန္ဒိယ ထုတ် The Hindu ဖေါ်ပြသည်။

အိန္ဒိယသို့ အထောက်အထားမဲ့ ခိုးဝင်လာသဖြင့်

""နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ထံသို့ အိပ်ဖွင့်ပေးစာ""



ဒကာတော်သမ္မတကြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘေးရန်အပေါင်းမှ
ကင်းဝေးပါစေကြောင်းနှင့် လက်ရှိကြုံ
တွေ့နေရသော အခက်အခဲများကိုလည်း

ကျော်လွှားနိုင်ပါစေလို့ ဦးဇင်း ဆုတောင်းမေတ္တာပို့
သလိုက်ပါတယ်….

အိမ်မြေဖယ်ရှားပေးရမယ့် ပုသိမ်ကြီးဒေသခံတွေ အသနားခံ


မန္တလေး၊ ပုသိမ်ကြီးမြို့နယ် ကျူးကျော် ရပ်ကွက်မှာ နေထိုင်သူတွေ နေရာကနေ ချက်ချင်းဖယ်ရှားဖို့ မြို့တော်ဝန်က ပြောဆိုခဲ့အပြီး အသနားခံ ဆန္ဒပြခဲ့ကြသူများ။ (စက်တင်ဘာလ ၂၃ ရက်၊ ၂၀၁၂)။ ဓာတ်ပုံ - (ကိုဖြိုး-မန္တလေး)
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်တွင်းမှာရှိတဲ့ အစိုးရပိုင် မြေနေရာတွေမှာ ကျူးကျော် ၀င်ရောက် နေထိုင်သူတွေကို ဖယ်ရှားပေးဖို့ မနေ့က မန္တလေး မြို့တော်ဝန် ကိုယ်တိုင် ပြောဆိုခဲ့ပြီးနောက် ၁၀၀ နီးပါး ကျူးကျော်နေထိုင်သူတွေကနေ မြို့တော်ဝန်ကားကို ပိတ်ဆို့ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ကျူးကျော်နေထိုင်သူတွေ ထဲကတော့ ဒီမြေတွေဟာ သူတို့ ၀ယ်ယူထားတာဖြစ်တယ် ဆိုတဲ့ အထောက်အထားတွေကို ကိုင်ဆောင်ပြီး ငိုယိုတောင်းပန် တာတွေလည်း ရှိခဲ့တယ်လို့

ရသေ့တောင် လူထုစည်းဝေးပွဲသို့ တက်ရောက်မည့်သူများ သောင်းသောင်းဖြဖြသွားရောက်






ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ ကျင်းပမည့် လူထုစည်းအဝေးပွဲသို့ တက်ရောက်မည့်သူများ ဒေသအသီးသီးမှ သောင်းသောင်းဖြဖြ သွားရောက်နေကြကြောင်း သိရသည်။
DSC03155 copy
" အခုလက်ရှိအနေအထားကတော့ သတင်းယူဖို့သွားတဲ့အခါမှာ မြင်ရတဲ့မြင်ကွင်းက

ရခိုင်ပြည်သူများနှင့် ဒေါ်အောင်ဆန်းစုကြည်ကြား နားလည်မှုလွဲအောင် ကြံဖွံ့ပါတီ လုပ်ကြံ





www.myanmarexpress.net 15ဇွန်လ ၃၀ ရက်နေ့က ဥရောပခရီးစဉ်မှပြန်လာသော ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုပွဲတွင် ရှစ်မိုင်လမ်းဆုံ၌ ဒေါ်အောင်ဆန်းစုကြည်ကို ကုလားမစုကြည်အလိုမရှိဟုဆိုကာ ဆန္ဒပြခဲ့သူများမှာ မြန်မာနိုင်ငံ ရခိုင်ပြည်အမျိုးသား အင်အားစုမှဖြစ်ကြောင်း သတင်းရရှိသည်။
ထိုရခိုင်ပြည်အမျိုးသားအင်အားစုမှာ ပြည်ခိုင်ဖြိုးကြံဖွံ့ပါတီမှ လက်သတ်မွေးစားထားသော ပါတီတစ်ခုဖြစ်ပြီး၊ ရခိုင်ပြည်နယ်မြောက်ဦးမြို့တွင် အခြေစိုက်ကြောင်း သိရှိရသည်။
“ ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးအပြန်ပြည်သူလူထုက ကြိုဆိုပွဲမှာ ဒီလိုမဟုတ်မက၊ လုပ်ကြံဆန္ဒပြဖို့အတွက် အဓိကလုပ်ကြံခိုင်းသူကတော့ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ မဲဆန္ဒနယ်၊ ကြံဖွံ့ပါတီက ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သိန်းလင်းက အဲဒီမြန်မာနိုင်ငံ ရခိုင်အမျိုးသားအင်အားစုကို ငွေပေးပြီး အသုံးချလိုက်ခြင်းဖြစ်တယ် ” ဟု ရခိုင်အမျိုးသားအင်အားစုနဲ့ နီးစပ်သူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား ဆန္ဒပြခဲ့ခြင်းမှာ ရခိုင်ပြည်သူများနှင့် ဒေါ်အောင်ဆန်းစုကြည်ကြားတွင် သဘောထားနားလည်မှုများလွဲမှားအောင် ကြံဖွံ့ပါတီအနေနဲ့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်း နေထိုင်သော တစ်ခြားတိုင်းရင်းသားပြည်သူများရှေ့မှောက်တွင် ရခိုင်တိုင်းရင်းသားများကို သိက္ခာချခြင်းဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်သူတစ်ချို့က ပြောဆိုနေကြသည်။ 
www.myanmarexpress.net 19
ယင်းရှစ်မိုင်လမ်းဆုံတွင် ဆန္ဒပြခဲ့သော လူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးယူထားသော NLD အဖွဲ့ဝင်တို့ ထိုးကြိတ်ခဲ့မှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် အင်တာနက် သတင်း Website စာမျက်နှာတစ်ချို့တွင် NLD အား ဝေဖန်မှုတစ်ချို့လည်း ထွက်ပေါ်ခဲ့သည်။


Arakan Time
 

မြန်မာ စားဖိုမှူး အသင်းက ကန်ဒေါ်လာ တစ်သိန်းကျော် တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများ စစ်တွေသို့ သွားရောက် လှူဒါန်း


မြန်မာနိုင်ငံ စားဖိုမှူးများအသင်းက ရခိုင်ဒေသ အတွက် အမေရိကန် ဒေါ်လာ တစ်သိန်းကျော် (ကျပ်သိန်း ၈၅၀ကျော်) တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများကို စစ်တွေမြို့သို့ သွားရောက် လှူဒါန်းခဲ့ သည်ဟု သတင်း ရရှိသည်။

ဆူပူ အကြမ်းဖက်မူ ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ဒေသရှိ ဆေးရုံများတွင် အသုံးပြုရန် အတွက် ရည်ရွယ်ပြီး လှူဒါန်းခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ စားဖိုမှူးများ အသင်း အဖွဲ့ဝင် Mr.Oliver က

iPhone 5 အာရှမှာ စတင်ရောင်းချ


ဂျပန်နိုင်ငံ တိုကျိုမြို့က Apple အရောင်းဆိုင် တခုမှာ iPhone 5 စတင်ရောင်းချနေစဉ်။
Apple ထုတ်ကုန်ပစ္စည်းတွေကို နှစ်သက်ကြတဲ့ အာရှတိုက်သားတွေ ကာလကြာရှည်စောင့်စားနေကြတဲ့ iPhone 5 လက်ကိုင်ဖုန်းကို ပထမဆုံး စတင် ကိုင်ခွင့်ရနေကြပြီဖြစ်ပါတယ်။

အမေရိကန် အလက်ထရောနစ် ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီးက သူ့ရဲ့နောက်ဆုံးထုတ် Smart

တူရကီ အာဏာသိမ်းရန်ကြိုးပမ်းမှု စီရင်ချက်ချ


တူရကီနိုင်ငံမှာ အစိုးရကို ဖြုတ်ချဖို့ ကြိုးစားမှုနဲ့ စွဲချက်တင်ခံထားရတဲ့ လက်ရှိ တာဝန်ထမ်း စစ်တပ်အရာရှိတွေနဲ့ စစ်အရာရှိဟောင်းများ တရားခွင်သို့ လာရောက်စဉ်

တူရကီနိုင်ငံမှာ အစိုးရကို ဖြုတ်ချဖို့ ကြိုးစားမှုနဲ့ စွဲချက်တင်ခံထားရတဲ့ လက်ရှိ တာဝန်ထမ်းနေကြသူ စစ်တပ်အရာရှိတွေနဲ့  စစ်အရာရှိဟောင်းပေါင်း စုစုပေါင်း ၃၃၀ လောက်ကို တရားရုံးတခုက ပြစ်ဒဏ် ချလိုက်ပါတယ်။

တောင်သူလယ်သမားများ ဆန္ဒဖော်ထုတ်ခွင့် ငြင်းပယ်ခံရ

လယ်သမားများဘ၀ဟာ ဒီပုံလေးအတိုင်းပါဘဲ
အင်းလုပ်ငန်းတွေကြောင့် သူတို့လယ်ယာမြေတွေ ရေနစ်မြုပ်နေရတာနဲ့ ပတ်သက်ပြီး ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်က တောင်သူလယ်သမားတွေဟာ ဆန္ဒဖော်ထုတ်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ခွင့်တောင်းခံခဲ့တာကို ညောင်လေးပင် မြို့နယ်ရဲစခန်းက ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။
ဆန္ဒဖော်ထုတ်ပွဲအတွက် ပြီးခဲ့တဲ့ ၁၈ ရက်နေ့ကတည်းက တင်ပြတောင်းဆိုခဲ့ပေမယ့် အချိန်ဆွဲထာပြီး တိုင်းရုံးကို သွားရောက်ဖို့ မြို့နယ်က ပြောခဲ့တယ်လို့ ဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းစီစဉ်ခဲ့သူ ညောင်လေးပင်မြို့နယ် တော်ပလီကျေးရွာက လယ်သမား ကိုအေးလွင်က အခုလိုပြောပြပါတယ်။

ကုလညီလာခံတက်ဖို့ သမ္မတ ဦးသိန်းစိန် အမေရိကန်ကို ထွက်ခွာ


ုမြန်မာသမ္မတ ဦးသိန်းစိန်။ (ဇန်န၀ါရီလ ၁၂ ရက်၊ ၂၀၁၂)။
မြန်မာသမ္မတ ဦးသိန်းစိန် ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ဖို့ အမေရိကန် ပြည်ထောင်စုကို ဒီကနေ့ တနင်္လာနေ့မှာ ထွက်ခွာမှာ ဖြစ်တဲ့အကြောင်း သမ္မတရုံးက ပြောပါတယ်။ ဒီသီတင်းပတ်ထဲ ကျင်းပမယ့် နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ပြီး ၂၇ ရက်နေ့မှာ မိန့်ခွန်းစကား ပြောဆိုဖို့လည်း စီစဉ်ထားတာပါ။

တိုးတက်လာတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းနဲ့ စိန်ခေါ်မှုများ


မြန်မာနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဟာ အရှိန်အဟုန်နဲ့ တိုးတက်နေပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေ နဲ့ စီးပွားရေးရည်ရွယ်ချက်နဲ့ ၀င်လာတဲ့သူတွေရဲ့ အရေအတွက်ဟာ ၃၀% ကျော်ထိ တိုးလာပါတယ်။
ရန်ကုန်တိုင်း၊ ဒလမြို့နယ်တွင် ဆိုက်ကားစီး သွားလာနေသည့် ကမ္ဘာလှည့်ခရီးသည်များ။ နိုဝင်ဘာ ၁၊ ၂၀၁၀။

မြန်မာနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဟာ အရှိန်အဟုန်နဲ့ တိုးတက်နေပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေ နဲ့ စီးပွားရေးရည်ရွယ်ချက်နဲ့ ၀င်လာတဲ့သူတွေရဲ့ အရေအတွက်ဟာ

ဒေါ်အောင်ဆန်းစုကြည် ကိုလံဘီယာတက္ကသိုလ်တွင် မိန့်ခွန်းပြော

ပြသနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ တစ်ဆင့်ချင်း စဉ်းစား အဖြေရှာသွားသင့်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်မှာ ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနားမှာ အခုလို ပြောကြားခဲ့ပါတယ်။
“ကိုယ်ရင်ဆိုင်ဖြေရှင်းရမယ့် ပြဿနာတစ်ရပ်ကို ကြုံလာတိုင်းမှာ ကိုယ်လုပ်နိုင်မယ့်ကိစ္စကို တစ်ထစ်ချင်း၊

23 September 2012

ဥရောပစီးပွားပျက်၊ အီတလီအခက် တရုတ်အချက်


ဥရောပတိုက်မှာ ကြုံတွေ့နေရတဲ့ စီးပွားရေးအကျပ်အတည်းဟာ အီတလီနိုင်ငံရဲ့ မြောက်ပိုင်း၊ ပိုပြီးတော့ ဖွံ့ဖြိုး တိုးတက်တဲ့ဒေသတွေမှာ အပြင်းအထန် ထိခိုက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။
အီတလီစက်ရုံတခု မြင်ကွင်း။ စက်တင်ဘာ ၁၄၊ ၂၀၁၂။

ဥရောပတိုက်မှာ ကြုံတွေ့နေရတဲ့ စီးပွားရေးအကျပ်အတည်းဟာ အီတလီနိုင်ငံရဲ့ မြောက်ပိုင်း၊ ပိုပြီးတော့ ဖွံ့ဖြိုး တိုးတက်တဲ့ဒေသတွေမှာ အပြင်းအထန် ထိခိုက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီမှာ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေဟာ ငွေချေးယူ နိုင်တဲ့အခြေအနေ နည်းပါးနေပြီးတော့ ဖောက်သည်ကလည်း လျော့လာပါတယ်။ အကျပ်အတည်းကိုကျော်လွန်ဖို့ အဲဒီဒေသ က စီးပွားရေးလုပ်ငန်းရှင်တွေ ဘယ်လို လုပ်နေကြရသလည်းဆိုတာကို ဗွီအိုအေသတင်းထောက် Rebecca Valli က ကိုယ်တိုင်သွားပြီး တွေ့ဆုံ မေးမြန်းထားပါတယ်။

ဒီအကြောင်း ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ တက်ဆက်ထားပါတယ်။
ဥရောပ စီးပွားရေးကပ်ဆိုက်တဲ့ဒဏ်ကို အပြင်းအထန် ကြုံတွေ့ခံစားနေရတဲ့ အီတလီနိုင်ငံက စွန့်ဦးတီထွင် လုပ်ငန်းရှင် တွေဟာ သူတို့လုပ်ငန်းတွေရဲ့ အနာဂတ်ကို သူတို့ ဘယ်တုန်းကမှ တွေးမထားခဲ့ဖူးတဲ့ နည်းလမ်းမျိုးသုံးပြီ ဆုံးဖြတ်နေကြရ ပါတယ်။

အဲဒါကတော့ နှစ်ပေါင်းများစွာ တည်ထောင် လုပ်ကိုင်လာခဲ့တဲ့ လုပ်ငန်းတွေကို တရုတ်နိုင်ငံက
ရင်းနှီးမြှုပ်နှံသူတွေဆီ ရောင်း ပစ်ရတာပါပဲ။

Renato Bianchi ဟာ ၁၉၆၀ ပြည့်နှစ် နှောင်းပိုင်း အီတလီစီးပွားရေး အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်ခဲ့ချိန်တုန်းက CB Ferrari ဆိုတဲ့ ကုမ္ပဏီကို တည်ထောင်ပြီး နှစ် ၅၀ ကြာ လုပ်ကိုင်လာခဲ့သူပါ။ အလုပ်သမားအရေအတွက် နည်းနည်းလေးနဲ့ ကုမ္ပဏီကို စ ထူထောင်ပြီးတဲ့နောက် နှစ်ပေါင်း ၄၀ ကာလအတွင်း သူ့ရဲ့ကုမ္ပဏီဟာ အလုပ်သမား ၁၆၀ လောက်အထိ တိုးပွားလာခဲ့ပါ တယ်။

ဒါပေမဲ့လည်း ၂၀၀၀ ပြည့်နှစ် နှစ်လည်ကာလတွေမှာတော့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အကျပ်အတည်းက သူ့ရဲ့ ကုမ္ပဏီကိုပါ ရိုက်ခတ်လာခဲ့ပါတော့တယ်။ သူ့ဆီမှာတဲ့ အော်ဒါအရေအတွက် ကျသွားခဲ့ပြီး တနှစ်ကို ဒေါ်လာငါးသိန်းကျော် စပြီး အရှုံးပေါ်ခဲ့ တယ်လို့ Bianchi က ပြောပါတယ်။
“ဒီလုပ်ငန်းကို ဆက်ပြီး ရှင်သန်အောင် မလုပ်နိုင်တော့တာကြောင့် စီးပွား ရေး ပြောင်းလုပ်ရတော့မလားလို့ ကျနော်တွေးခဲ့မိတယ်။ တခုခုကို စပြီး လုပ်ရင်လုပ် မလုပ်ရင်လည်း ကုမ္ပဏီကို ရောင်းပစ်ရ တော့မလားဘဲ … ကျနော်တို့နဲ့ လုပ်ငန်းပြိုင်ဘက်တွေဖြစ်တဲ့ ဆွစ်တွေ၊ ဂျာမန်တွေနဲ့ အီတလီကုမ္ပဏီတွေက ကျနော့်ကုမ္ပဏီ ကိုဝယ်ဖို့ သိပ် စိတ်ဝင်စားခဲ့ကြတယ်။ အဲဒီကုမ္ပဏီတွေအားလုံးနဲ့ ကျနော်တို့ စပြီး ဆွေးနွေးခဲ့ကြတယ်။ သူတို့ပေးတဲ့ ငွေ ပမာဏကလည်း အတော်လေး များပါတယ်။”

ဒါပေမဲ့လည်း ဥရောပကုမ္ပဏီတွေကို ရောင်းမယ့်အစား တရုတ်ကုမ္ပဏီတခုကိုရောင်းဖို့ Bianchi က ရွေးချယ်လိုက်ပါတယ်။ ငွေ ရတာ နည်းပေမဲ့ သဘောတူညီချက်ထဲမှာ အရေးကြီးတဲ့ အာမခံချက်တခုပါတယ်လို့ Bianchi  ကပြောပါတယ်။
“သဘောတူညီချက်မှာ အကောင်းဆုံးအချက်ကတော့ ကုမ္ပဏီရဲ့ လက်ရှိအခြေအနေအတိုင်း သူတို့ ၀ယ်မယ် ဆိုတာပါပဲ။ မန်နေဂျာတွေနဲ့ အလုပ်သမားတွေကို ဆက်ပြီးခန့်ထားဖို့ တရုတ်ကုမ္ပဏီက သဘောတူပါတယ်။ အဲဒါက ကျနော့် အတွက် အရမ်းကို အရေးကြီးပါတယ်။ ဒါဟာ ကျနော့်အလုပ်သမားတွေ၊ ကျနော့်လူတွေကို ကျနော် သစ္စာမဖောက်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။”

Bianchi ရဲ့ CB Ferrari ကုမ္ပဏီဟာ မော်တော်ကားတွေ၊ လေယာဉ်တွေနဲ့ စွမ်းအင်ထုတ်လုပ်ရေး လုပ်ငန်းတွေအတွက် တာဘိုင်အင်ဂျင်တွေလုပ်တဲ့ အတိအကျ အလိုအလျောက် အလုပ်လုပ်နိုင်တဲ့စက်တွေကို ထုတ်တဲ့ကုမ္ပဏီပါ။

Bianchi ရဲ့ကုမ္ပဏီကိုဝယ်လိုက်တဲ့ တရုတ်အစိုးရပိုင် ကုမ္ပဏီကလည်း အလားတူ စက်တွေကိုပဲ လုပ်ပါတယ်။ ဒါပေမဲ့လည်း Bianchi ထုတ်တဲ့စက်တွေလောက် နည်းပညာအဆင့် မမြင့်မားလှပါဘူး။

တရုတ်ကုမ္ပဏီတွေဟာ သူတို့ရဲ့လုပ်ငန်းတွေကို အဆင့်မြှင့်တင်ဖို့ နည်းပညာတွေကို ဥရောပတိုက်မှာ လာရှာနေကြတယ်လို့ အီတလီ စီးပွားရေးပညာရှင်တဦးဖြစ်တဲ့ ရောဘတ်တာ ရာဘယ်လ်လော့တီ (Roberta Rabellotti) က ပြောပါတယ်။

“မာကို ပိုလိုက တရုတ်ပြည်သွားပြီး နည်းပညာအသစ်အဆန်းတွေ ပြန် ယူလာခဲ့သလိုပါပဲ။ အခုဖြစ်ရပ်မှာတော့ တရုတ် တွေက ဥရောပတိုက်ဆီ လာကြတာပါ။ တရုတ်တွေက အီတလီနိုင်ငံဆီလာပြီး အကောင်အထည်မပြနိုင်တဲ့ အကျိုးစီးပွားတွေ ဖြစ်ကြတဲ့ အသိသုတတို့၊ စီမံခန့်ခွဲမှုစွမ်းရည်တို့ကို လာယူတာပါပဲ။ ဒီဖြစ်ရပ်ကတော့ မာကို ပိုလိုဖြစ်ရပ်နဲ့ ပြောင်းပြန်လို့ ကျမတို့ ကင်ပွန်းတပ်တဲ့ ဖြစ်ရပ်မျိုးပါ။”

အီတလီနိုင်ငံမှာ စက်မှုကုန်ထုတ်လုပ်ငန်းမှာ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်ပေမဲ့ ဗျူရိုကရေစီစနစ် သိပ်ကိုကြီးမားလွန်းတဲ့ စီးပွား ရေးပတ်ဝန်းကျင်ကြောင့် ပြည်ပရင်းနှီးမြှုပ်နှံနဲ့ သိပ်ကြီး သဟဇာတမဖြစ်လှပါဘူး။ ကမ္ဘာ့ဘဏ်ရဲ့ စစ်တမ်းတခုအရဆိုရင် တကမ္ဘာလုံးက စီးပွားရေးလုပ်ဖို့လွယ်ကူတဲ့ နိုင်ငံတွေရဲ့ အဆင့်သတ်မှတ်ချက်ထဲမှာ တခြား ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြားထက် အီတလီနိုင်ငံက အဆင့်နိမ့်နေပါတယ်။ ဆိုလိုတာက ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ဖို့ သိပ်ကြီး အဆင်ပြေ ချောမွေ့လှတဲ့နိုင်ငံ တွေထဲမှာ အီတလီနိုင်ငံက အောက်ရောက်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

အဲဒါကြောင့်လည်းပဲ အိမ်နီးချင်း ဥရောပနိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေထက် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေဟာ ပုံမှန်အား ဖြင့်ဆိုရင် အီတလီနိုင်ငံဆီ သိပ်လာလေ့မရှိဘူးလို့ ရာဘယ်လ်လော့တီက ပြောပါတယ်။ ဒါပေမဲ့လည်း စီးပွားရေးအကျပ် အတည်းက အဲဒီအခြေအနေကို ပြောင်းလဲပစ်နေတာပါ။

“အီတလီမှာ အကျပ်အတည်းဆိုက်နေတဲ့ ကုမ္ပဏီ တွေက အများကြီးပါပဲ။ ငွေအရင်းအနှီးကို လိုအပ်နေပြီး တရုတ်မှာက အဲဒီငွေအရင်းအနှီးရှိပါတယ်။ ဒီက စွန့်ဦးတီထွင် လုပ်ငန်းရှင် အများအပြားဟာ အကြီးအကျယ် အခက်အခဲ တွေ့နေကြပါတယ်။ ဒီတော့ လုပ်ငန်းတွေကို ရောင်းထုတ်ပစ်တာ ကလွဲပြီး တခြားနည်းလမ်း မတွေ့ကြပါဘူး။”

ဒီကြားထဲမှာပဲ သူ့အဆိုအားဖြင့် “လုယက် ယူသွားတဲ့ ရင်းနှီးမြှုပ်နှံမှု” ဆိုတာမျိုး ဖြစ်မယ့်အပေါ် စိုးရိမ်တာတွေက အီတလီ နိုင်ငံမှာ မြင့်မြင့်မားမား ရှိနေတုန်းပဲလို့ ရာဘယ်လော့တီက ပြောပါတယ်။

“တရုတ်တွေနဲ့ပတ်သက်ပြီး မကောင်းပြောကြတာတွေ ရှိပါတယ်။ ဒါက အတိအကျပြောရရင် ဘာ့ကြောင့်လည်းဆိုတော့ နည်းပညာတွေ လွှဲယူသွားပြီးတဲ့ နောက် လုပ်ငန်းကို ပိတ်ပစ်လိုက်တဲ့ ဖြစ်ရပ် နမူနာတွေ အများကြီး ရှိထားလို့ပါ။ ဆိုတော့ လူတွေ လန့်ကြတယ်ဆိုတာက လည်း ကျိုးကြောင်းဆီလျော်ပါတယ်။”

အဲဒီစိုးရိမ်စိတ်ကို ပျောက်သွားအောင်လုပ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ သက်ဆိုင်ရာ ဒေသ တွင်း စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေဖို့ အထောက်အကူဖြစ်ခဲ့တယ်ဆိုတဲ့ နမူနာကောင်းတွေကို ပြဖို့ပဲဖြစ်ပါတယ်လို့ ရာဘယ်လ် လော့တီကဆိုပါတယ်။

နှစ် ၅၀ ထူထောင်လာခဲ့တဲ့ ကိုယ်ပိုင်လုပ်ငန်းကို တရုတ်ကုမ္ပဏီလက်ထဲ ရောင်းလိုက်ရတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင် Bianchi ကတော့ သူ့ရဲ့ကုမ္ပဏီဟာ အဲဒီလို နမူနာကောင်းဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်ဆိုတာကိုတင်ပြရင်း ဒီသီတင်းပတ် စီးပွားရေးအစီအစဉ်ကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။


VOA

ဂွမ်တာနာမို အကျဉ်းသား ၅၅ ယောက်နံမည် အမေရိကန်ထုတ်ပြန်


ကျုးဘားနိုင်ငံ၊ ဂွာတာနာမို စစ်အကျဉ်းထောင်။ (ဇွန်လ ၂၇ ရက်၊ ၂၀၀၆)။

ကျုးဘားနိုင်ငံ ဂွာတာနာမို စစ်အကျဉ်းထောင်မှာ ထိန်းသိမ်း ခံထားရသူတွေထဲက မကြာခင်ပြန်လွှတ်ပေးမယ့် အကျဉ်းသား ၅၅ ဦးရဲ့ အမည်စာရင်းတွေကို အမေရိကန် အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ ဒီစာရင်းထဲမှာ အမေရိကန်ပြည်ထောင်စုမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ကတည်းကစလို့ ၁၁ နှစ်လောက်ကြာ ထိန်းသိမ်းခံထားရတဲ့ အကြမ်းဖက်သမားအဖြစ် မသင်္ကာသူ အကျဉ်းသား စုစုပေါင်း ၁၆၇ ယောက်ထဲက ၃ ပုံ၊ ၁ ပုံ ရဲ့ နံမည်တွေ ပါဝင်ပါတယ်။

22 September 2012

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ကျင်းပ


အကျဉ်းးထောင်တွေထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်သားတွေ လွတ်မြောက်ဖို့ ၈၈ မျိုးဆက်ကျောင်းသားတွေ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့နဲ့၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာ ဦးဆောင်ခဲ့ကြတဲ့ ရဟန်းသံဃာတွေက ဒီကနေ့ စက်တင်ဘာ (၂၁) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။

ငြိမ်းချမ်းရေးနေ့ ဦးဆောင်သူတွေကို သက်ဆိုင်ရာက တရားစွဲ

ရန်ကုန်နဲ့ ရှမ်းပြည်နယ် တောင်ကြီး အောင်ပန်းမြို့တွေမှာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဦးဆောင်သူတွေကို သက်ဆိုင်ရာက တရားစွဲလိုက်ပြီလို့ သတင်းရရှိပါတယ်။
စက်တင်ဘာလ ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက ဆုံးဖြတ်ထားတာကို မြန်မာနိုင်ငံသား လူငယ်အဖွဲ့တွေက စုပေါင်းကျင်းပခဲ့ကြတာပါ။

"သြစတေးလျဝန်ကြီးချုပ် ဂျူလီယာဂျေးလတ်ရဲ့ သမိုင်းတင်သည့် ရဲရင့်ပြတ်သားသောမိန့် ခွန်း"

သူမဟာ မိမိရဲ့ ခိုင်မာပြတ်သားတဲ့ ရပ်
တည်ချက်ကနေ လျော့မပေးနိုင်ေ
ကြာင်းကိုထပ်လောင်းအတည်ပြုလိုက်
တာကြောင့်သူမရဲ့ ကိုယ့်နိုင်ငံသူ နိုင်ငံ

သားတွေရဲ့ အခွင့်အရေးအပေါ် ယုံကြည်ချက်ကို ချီးကျူးထောပနာ ပြုသင့်လှပါတယ်။

21 September 2012

ရခိုင်ဒေသလုံးဆိုင်ရာ လူထုအစည်းအဝေး အာဏာပိုင်ကန့်သတ်


ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်မှာ လာမယ့် စက်တင်ဘာလ ၂၅ ရက်နေ့မှာ စတင်ကျင်းပပြုလုပ်မယ့် ရခိုင်ဒေသလုံးဆိုင်ရာ လူထုအစည်းအဝေးနဲ့ ပတ်သက်ပြီး ဒေသ အာဏာပိုင်တွေဘက်က ဒီကနေ့မှာ ကန့်သတ်မှုတွေ ပြုလုပ်လိုက်တယ်လို့ သိရပါတယ်။
ရခိုင်ဒေသလုံးဆိုင်ရာ လူထုအစည်းအဝေး ပင်မကော်မတီက တာဝန်ရှိသူတွေကို ဒီကနေ့မနက် ၈

မြန်မာတိုင်းရင်းသားများ အပြန်အလှန် နားလည်လေးစားမှုရှိဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား


မြန်မာနိုင်ငံ ငြိမ်းချမ်းသာယာမှု ရရှိစေဖို့အတွက် တိုင်းရင်းသားတွေကြားမှာ အပြန်အလှန် နားလည်မှုနဲ့ အပြန်အလှန် လေးစားမှု ရှိကြရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
RFA
၂ဝ၁၂ ခုနှစ် စက်တင်ဘာလ ၂ဝ ရက်နေ့က ဝါရှင်တန်ဒီစီ မြို့တော်တွင်
ကျင်းပသည့် National Endowment for Democracy (NED) အဖွဲ့၏ ၂ဝ၁၂ ခုနှစ် ဆုပေးပွဲ
အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာစဉ်။
အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်မှာ ရှိတဲ့ American University အမေရိကန်တက္ကသိုလ်မှာ ကျင်းပပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာတိုင်းရင်းသား မိသားစုများ တွေ့ဆုံပွဲမှာ အဲဒီလို ပြောကြားလိုက်တာပါ။

20 September 2012

အောက်တိုဘာ ၁၇ ရုပ်ရှင် ဂီတ ပဒေသာ ဖျော်ဖြေပွဲမှာ မပါဝင်တဲ့ အကြောင်း ရှင်းလင်း







မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ် ရန်ပုံငွေ ဖျော်ဖြေရေး အနေနဲ့ ရုပ်ရှင်၊ ဂီတပဒေသာ ဖျော်ဖြေပွဲကြီးနဲ့ King & Queen မော်ဒယ်လ်ရှိုး ပြိုင်ပွဲကို ၂၀၁၀ အောက်တိုဘာ ၁၆၊ ၁၇ရက်မှာ ပြုလုပ်မယ် ဆိုတဲ့အကြောင်း စာနယ်ဇင်းကို ၂၀၁၀ စက်တင်ဘာ ၁၆ရက်က ရန်ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

အင်တာနက်ဒေါင်းလိုက်မန်နီဂျာ လိုအပ်သူတွေရှိနေလို့ တင်ပေးလိုက်ရပါတယ်

အောက်မှာပြထားတဲ့ပုံထဲ့မှာတစ်ပုံလောက်လိုနေပါတယ်  လူတိုင်လိုလိုသိမယ်ထင်ပါတယ်  ဒေါင်ပြီး၇င်ဘယ်လိုရင်းရမယ်ဆိုတာ  free ဆော့ဝဲ  ပါဘယ်သူမဆိုဒေါင်းလို့ အဆင်ပြေမယ်ထင်ပါတယ်  သီချင်း mp3/ mp4/ အခြားဒေါင်လို့ ၇တာတွေလည်းအများကြီးပါဘဲ  လိချင်ရင်ဒေါင်သာဒေါင်လိုက်ပါ
dowload here





ဘူးသီးတောင် လဝက ဦးစီးမှူးက အင်ဒိုနီးရှားနိုင်ငံသားတစ်ယောက်ကို ပြန်လွှတ်ပီးလိုက်


ဘူးသီးတောင် သဘောင်္ဆိပ်မြထွန်းအောင်(ဘူးသီးတောင်)။ ။ရခိုင်ပြည် ဘူးသီးတောင်မြို့ သဘောင်္ဆိပ်ကမ်းတွင် အင်ဒိုနီရှားနိုင်ငံသားတစ်ယောက်ကို မင်္သခါလို့ လ၀ကနန့် ဆိပ်ကမ်း လုံခြုံရေး တာဝန်ဟိသူတိက စစ်ဆီးဖို့ ခေါ်ယူလားခရေလို့ လေးဝတီက သတင်းရဟိပါသည်။
ဒေဂုလ ၁၆ ရက်နိ့ မွန်းတည့် (၁း၃၀) အချိန်မှာ ဘူးသီးတောင်မြို့ သင်္ဘောဆိပ်ကမ်းက တာဝန်ကျနိန်ရေ လဝက အရာဟိနန့် လုံခြုံရီးတပ်ဖွဲ့ဝင်တိက သူအား စစ်ဆီးမိန်းမြန်းဖို့ ခေါ်ယူလားခစော်

ဒေါ်စုနဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံ မေးမြန်းခန်း




မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်အသံ ရုံးချုပ်ကို အင်္ဂါနေ့က လာရောက်ပြီးတော့ ဗွီအိုအေ (မြန်မာပိုင်း) မိသားစုတွေနဲ့ တရင်းတနှီးတွေ့ဆုံပြီးတော့ သြဝါဒ စကားတွေလည်း ပြောဆိုခဲ့ပါတယ်။ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဗွီအိုအေ (မြန်မာပိုင်း) အကြီးတန်း အယ်ဒီတာ ဦးကျော်ဇံသာက သီးသန့် တွေ့ဆုံမေးမြန်းခွင့်လည်း ရခဲ့ပါတယ်။ ဒီတွေ့ဆုံမေးမြန်းခန်းကို အပြည့်အစုံတင်ပြပေးထားပါတယ်။

မောင်တောမြို့ပေါ်မှ ဒုက္ခသည်များကို နေရပ်ပြန်ပို့


ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းမှုအတွင်း နေအိမ်များ မီးရှို့ခံရသည့် အ တွက် မောင်တောမြို့ပေါ်တွင် လာရောက်ခိုလှုံနေကြသည့် ဒုက္ခသည်များကို မကြာသေးမီက နေ ရပ်ကို ပြန်ပို့လိုက်ပြီဖြစ်ကြောင်း ဆရာတော် မဏိသာရ ပြောကြားသည်။

“ ဦးဇင်း ကျောင်းကတော့ အိမ်ထောင်စု ၈၂ စု၊

ဟာသတိုများ

1
မှားပေလို့
အရက်မူးသမားနှစ်ယောက်သည် ပန်းခြံထဲမှာ အရက်သောက်ပြီး ကလေးများစကားကွင်းထဲသို့ သွားကာ ရိုလာကိုစတာတတ်စီးကြသည်။ နောက်ဆုံးမှာတော့ မူးနေသူတစ်ယောက်က ကျန်တစ်ယောက်ဘက်သို့ လှည့်ပြောလေ တော့သည်။

ရာနှင့်ချီသည့် လူမျိုးစု ခေါင်းဆောင်များကို ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ခေါ်ယူ တွေ့ဆုံ


ဘင်္ဂလားဒေ့ခ်ျနိုင်ငံ စစ်တကောင်းတောင်တန်းဒေသရှိ ရာနှင့်ချီသည့်လူမျိုးစုခေါင်းဆောင်များကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာမှ စက်တင်္ဘာလ ၁၈ ရက်နေ့က ဒက္ကားမြို့တော်တွင် ခေါ်ယူ တွေ့ဆုံခဲ့ကြောင်း သိရသည်။

19 September 2012

ဖားကန့်ဒေသတွင် မေလကုန်မှ ရပ်ဆိုင်းထားသော ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများ၏ လုပ်ကွက် ၆၀၀၀ ကျော်အား ပြန်လည်တူးဖော်ခွင့်ပေးရန် အစီအစဉ်မရှိသေးဟု သိရ

 
ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်နေရာအား စက်တင်ဘာလ ၁၈ ရက်နေ့က တွေ့မြင်ရစဉ် ဓာတ်ပုံ မင်းသန့်
ကချင်ပြည်နယ် ဖားကန့်ဒေသတွင် မေလကုန်ပိုင်းမှ ရပ်ဆိုင်းထားသော ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများ၏ လုပ်ကွက် ၆၀၀၀ ကျော်အား ပြန်လည်တူးဖော်ခွင့်ပေးရန် အစီအစဉ်မရှိသေးဟု လုံးခင်းမြို့နယ် သတ္တု တွင်းဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာ

ဖားကန့်မြို့တွင် စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက အသက် ၅၁ အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ယင်းနေ့တွင်ပင် ဖားကန့်မြို့အ၀င် အဓိကလမ်းပိုင်းတစ်ခုတွင် ပေါက်ကွဲမှုနှစ်ကြိမ်နှင့် တာမခံဒေသ၌ ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့







ဖားကန့်မြို့နယ်တွင် မိုင်းနင်းမိ၍ သေဆုံးခဲ့ရသော ဒေါ်လပ်ဆိုင်း(အသက်၅၁)၏ အသုဘ အခမ်းအနားကို တွေ့မြင်ရစဉ်
_DSC0106ကချင်ပြည်နယ် ဖားကန့်မြို့တွင် စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက အသက် ၅၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယင်းဖြစ်စဉ် အပါအ၀င် စက်တင်ဘာလ ၁၈ ရက်နေ့က ဖားကန့်မြို့အတွင်း ပေါက်ကွဲမှုနှစ်ကြိမ်နှင့် ဖားကန့်၊ တာမခံဒေသ၌ ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အသက်(၂၀)အရွယ်အမျိုးသမီးတစ်ဦးကို လိမ်လည်၍ အင်တာဗျူးမည်ဟု ဆိုကာအဓမ္မပြုကျင့် မှုဖြစ်ပွါး


စက်တင်ဘာ၊၁၉ ရက်၊ကွာလာလမ်ပူ 
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တော်တွင် 
မလေးနိုင်ငံသူ တရုတ်အမျိုးသမီးတစ်ဦး 
အား အလုပ်အင်တာဗျူး မည်ဟု အင်တာနက်

 အီးမေးလ် မှတဆင့် အကြောင်းကြားကာ ၎င်းအမျိုးသမီးအား ဟိုတယ်တခုသို့ ချိန်းဆို၍ အဓမ္မပြုကျင့်
မှုဖြစ်ပွါးခဲ့ပါသည်။

အမေရိကန်တွင် စီးပွားရေးလုပ်ကိုင်ခွင့်နှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် တားမြစ်ခံထားရသူ စာရင်းမှ သမ္မတ ဦးသိန်းစိန်ကို ဖယ်ရှားပေး




အမေရိကန်တွင် စီးပွားရေးလုပ်ကိုင်ခွင့်နှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် တားမြစ်ခံထားရသူများစာရင်းမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဖယ်ရှားပေးခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေ မန်းကိုလည်း တားမြစ်ခံထားရသူများစာရင်းမှ ဖယ်ရှားပေးခဲ့သည်ဟု သိရသည်။

facebook မှကြည့် ချင်ရင် like လုပ်ပါ