ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

27 December 2012

လက်ပံတောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် သတင်းထုတ်ပြန် (၄)




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

စုံစမ်းစစ်ဆေးရေးကော်မရှင်

သတင်းထုတ်ပြန်ချက်အမှတ် (၄/၂၀၁၂)

၁၃၇၄ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက်

(၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်)

၁။စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများမှ မီးလောင်ဒဏ်ရာရရှိသည့် လူနားများအား ဆေးကုသမှု ကိစ္စရပ်များကို နိုင်ငံတော်မှ တာဝန်ယူလျက် ရှိပါသည်။

၂။စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ညှိနှိုင်းဆောင် ရွက် ပေးလျက်ရှိရာ သံဃာတော် ဦးတိက္ခဉာဏအား ၁၃-၁၂-၂၀၁၂ ရက်နေ့တွင်လည်းကောင်း၊ ရှင်သဇ္ဇနအား ၂၅-၁၂-၂၀၁၂ ရက်နေ့တွင်လည်းကောင်း၊ ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေး ခဲ့ပါသည်။ အဆိုပါ သံဃာတော် (၂)ပါးသည် ဗန်ကောက်မြို့ရှိ PHRA MONGKUT HOSPITAL တွင် ဆေကုသမှု ခံယူ လျက် ရှိပါသည်။

၃။ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို အကဲဖြတ်နိုင်ရန်နှင့် လူမှုဘဝအကျိုးသက်ရောက်မှုကို အကဲဖြတ်နိုင်ရန်အတွက် မြန်မာ့ပတ်ဝန်းကျင် သိပ္ပံအား တာဝန်ပေးအပ်ခဲ့ရာ မြန်မာ့ပတ်ဝန်းကျင် သိပ္ပံသည် အောက်ပါဘာသာရပ် ကျွမ်းကျင်သူများ ပါဝင်သည့် အဖွဲ့ဖြင့် လုပ်ငန်းများကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါသည်-

(က) Ecology Expert (၁)ဦး

(ခ)Natural Hazard and Environmental Management (၁)ဦး

(ဂ) Project Development Analyst Expert (၁)ဦး

(ဃ) Health, Safety and Environment Consultant (၁)ဦး

(င) Environmental Engineering Consultant (၁)ဦး

(စ) Soil and Water Expert (၁)ဦး

(ဆ) Environmental Mapping Expert (၁)ဦး

(ဇ) Social Impact Assessment Expert (၂)ဦး

(ဈ) Air Quality Expert (၁)ဦး

(ည) EIA Consultant (၁)ဦး

(ဋ) Cultural Expert (၁)ဦး

၎။ အဆိုပါ ပညာရှင်ပေါင်းစုံပါဝင်သည့်အဖွဲ့သည် ကနဦး အစီရင်ခံစာကို (၂)ပတ်အတွင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ တင်ပြသွားမည် ဖြစ်ပါသည်။



No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ