ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

27 December 2012

ဟော်မုန်းဗေဒ ဘာသာရပ် မြန်မာနိုင်ငံတွင် စတင်သင်ကြားပေးတော့မည်



ဟောမုန်းဗေဒ ဘာသာရပ်ကို မြန်မာနိုင်ငံတွင် စတင်သင်ကြား ပေးသွားတော့ မည်ဖြစ်ကြောင်း ဆေးတက္ကသိုလ် (၂)မှ ပါမောက္ခချုပ် ဒေါက်တာ တင့်ဆွေလတ်က ပြောကြား လိုက်သည်။ မြန်မာနိုင်ငံတွင် အဆိုပါ ဘာသာရပ်ကို ဆရာဝန်များအား သင်ကြားပေးရန် ရည်ရွယ်ထားခဲ့သည်မှာ ဆယ်စုနှစ်ကျော် ကြာခဲ့ပြီဖြစ်ကြောင်း၊ ဘာသာရပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၏ အားထုတ်ကြိုးပမ်းမှုဖြင့် Endocrine ward ကို ယခုအခါ ဆေးတက္ကသိုလ်(၂)တွင် အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်ခဲ့ပြီ ဖြစ်သည့်အတွက် အဆိုပါဘာသာရပ်နှင့် ပတ်သက်ပြီး ပါမောက္ခများ၊ ဆရာဝန်ကြီးများ ဖြစ်လာသည်အထိ သင်ကြားပေးမည် ဖြစ်သည်။ “မြန်မာနိုင်ငံ ဆေးပညာလောကမှာ သမိုင်းမှတ်တိုင် တစ်ခု ဖြစ်ပါတယ်။ မြန်မာပြည်မှာဖွင့်ဖို့ ကြိုးစားခဲ့တာဟာ ကိုရီးယားက ပြန်လာပြီး ၁၉၉၇ ခုနှစ်ကတည်းက ကြိုးစားခဲ့တာပါ။ ကျွန်တော်တို့ အနေနဲ့ Under Graduate တွေကို သင်ကြားပေးမှာ ဖြစ်သလို မာစတာဘွဲ့တွေ၊ ဒေါက်ထရိတ်ဘွဲ့တွေ ရတဲ့အထိ သင်ကြားပေးသွားမှာပါ” ဟု ဆေးတက္ကသိုလ်(၂)မှ ပါမောက္ခချုပ် ဒေါက်တာတင့်ဆွေလတ်က ပြောသည်။ နိုင်ငံတကာတွင် Endocrine ကြောင့် ဖြစ်ပွားသည့် ရောဂါ အလွန်များပြားသောကြောင့် နိုင်ငံခြားတက္ကသိုလ် ကြီးများတွင် Endocrine Ward များ မြောက်များစွာ ဖွင့်လှစ်ထားကြောင်း၊ Endocrine ကြောင့် ဖြစ်ပွားသည့် ရောဂါများတွင် ဆီးချို၊ သွေးချိုရောဂါ၊ အရိုးပါး၊ အရိုးပွရောဂါ၊ လည်ပင်းကြီးရောဂါ၊ သာသမီးမရရှိသော ရောဂါနှင့် သွေးတွင်းအဆီများသော ရောဂါများ ပါဝင်ကြောင်း သိရသည်။ အဆိုပါ Endocrine Ward ဖွင့်လှစ်နိုင်ရေးအတွက် ကျွမ်းကျင်သော ပညာရှင်ကြီးများ သာမက ဆေးကုမ္ပဏီ များကလည်း ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးခဲ့ပြီး အဆိုပါဟော်မုန်းနှင့် ပတ်သက်ပြီး ဖြစ်ပွားသော ရောဂါများအား မြောက်ဥက္ကလာပ ဆေးရုံကြီး ဟော်မုန်းရောဂါများ အထူးကုဌာနတွင် ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ပြင်ပလူနာအနေဖြင့် လာရောက်ပြသနိုင်မည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။



From : မြန်မာတိုင်းမ်

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ