ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

27 December 2012

သမဝါယမလီမိတက်ဘဏ်မှ Western Union နှင့် ချိတ်ဆက်၍ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်သို့ ပြည်ပငွေလွှဲပို့ ဝန်ဆောင်မှုလုပ်ငန်း စတင်လုပ်ဆောင်



သမ၀ါယမလီမိတက်ဘဏ်မှ အမေရိကန်အခြေစိုက် နိုင်ငံတကာ ငွေလွှဲပို့ ၀န်ဆောင်မှုအဖွဲ့ဖြစ်သော Western Union နှင့် ချိတ်ဆက်၍ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်သို့ ငွေလွှဲပို့ ၀န်ဆောင်မှုလုပ်ငန်းကို ဒီဇင်ဘာလ ၁၄ ရက်နေ့မှ စတင်ဆောင်ရွက်နေကြောင်း အဆိုပါဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။ ဒီဇင်ဘာ ၁၄ ရက်နေ့က Western Union နဲ့ လက်မှတ်ရေးထိုးပြီး ပြည်ပငွေလွှဲ လုပ်ငန်းကို
စတင်ပါပြီ။ မြန်မာနိုင်ငံကို မြန်မြန်ဆန်ဆန်နဲ့ ငွေလွှဲလို့ရပါပြီ။ ငွေလွှဲနှုန်းပေါ် မူတည်ပြီး ၀န်ဆောင်မှုအနေနဲ့ Western Union က ၇၅ ရာခိုင်နှုန်း၊ သမ၀ါယမ လီမိတက်ဘဏ်က ၂၅ ရာခိုင်နှုန်း အကျိုးအမြတ် ရမှာပါ” ဟု သမ၀ါယမ လီမိတက်ဘဏ်မှ မန်နေးဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောကြားပါသည်။ Western Union နှင့် ချိတ်ဆက်၍ နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ ငွေလွှဲပါက အဆိုပါ သက်ဆိုင်ရာ နိုင်ငံ၏ ငွေကြေးဖြင့် လွှဲသော်လည်း မြန်မာကျပ်ဖြင့်သာ ပြန်လည်ထုတ်ယူနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေလဲမှုနှုန်းတွင် မြန်မာ ကျပ်ငွေ၏ ပေါက်ဈေးအတိုင်း ထုတ်ယူနိုင်မည် ဖြစ်သည်။ Western Union သည် သမ၀ါယ လီမိတက်ဘဏ်အပြင် ယူနိုက်တက် အမရဘဏ်၊ မြန်မာ့အရှေ့တိုင်း ဘဏ်နှင့်ပါ ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း၊ အမေရိကန် အခြေစိုက် Western Union သည် ၁၈၅၁ ခုနှစ်တွင် ကြေးနန်းကုမ္ပဏီ တစ်ခုအဖြစ် စတင်ခဲ့သော ကုမ္ပဏီ တစ်ခုဖြစ်ပြီး၊ လက်ရှိအချိန်တွင် Western Union သည် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သော ထိုင်း၊ စင်ကာပူ၊ မလေးရှား နိုင်ငံများအပြင် ကမ္ဘာ့ထိပ်တန်း နိုင်ငံများဖြစ်သော အမေရိကန်၊ ဂရိတ်ဗြိတိန်နှင့် အီးယူ နိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း ၂၀၀ ကျော်နှင့် ချိတ်ဆက်၍ ငွေလွှဲပို့ ၀န်ဆောင်မှုများကို ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း၊ အေးဂျင့်ပေါင်း ငါးသိန်းတစ်သောင်း ၀န်းကျင်ခန့် ရှိကြောင်း၊ နိုင်ငံတကာ ငွေလွှဲပို့ ၀န်ဆောင်မှုအဖွဲ့နှင့် ချိတ်ဆက်ထားသော နိုင်ငံများအားလုံးကို ငွေလွှဲပို့ နိုင်ကြောင်း၊ မြောက်ကိုရီးယား၊ ဆိုမာလီ၊ ဆူဒန်နှင့် အီရန်နိုင်ငံတို့မှာ Western Union အဖွဲ့မှ ၀န်ဆောင်မှု ပေးထားခြင်း မရှိသော နိုင်ငံများဖြစ်ကြောင်း သိရသည်။ ပြည်တွင်းပုဂ္ဂလိက ဘဏ်များသည် ပြည်ပငွေလွှဲ အ၀င်လုပ်ငန်း၊ နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကား ခွင့်နှင့် နိုင်ငံခြားဘဏ်လုပ်ငန်း ၀န်ဆောင်မှု ပြုလုပ်နိုင်ရန် ဂျပန်၊ စင်ကာပူ၊ ထိုင်းတို့ရှိ ဘဏ်များနှင့် အဓိက ချိတ်ဆက်လျက်ရှိပြီး အမေရိကန် ဒေါ်လာ၊ ယူရို၊ ယွမ်၊ ယန်း၊ စင်ကာပူဒေါ်လာ၊ ဘတ် စသည့် နိုင်ငံတကာ ငွေကြေးများဖြင့် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခြင်းနှင့် ငွေသွင်းငွေထုတ် ပြုလုပ်ခြင်း၊ ကုန်သွယ်ရေး ငွေပေးချေခြင်း၊ စာရင်းပြောင်းခြင်း၊ ငွေလွှဲခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

From : ခေတ်လူငယ်

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ