ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

27 December 2012

Kuala Lumpur တွင် မြန်မာ(၆)ဦး ရောင်းစားခံရရာမှ (၂) ဦးအသတ်ခံ၊ (၄) ဦးလွတ်မြောက်






Kuala Lumpurယမန်နေ့ ဒီဇင်ဘာလ၂၃ ရက်နေ့မလေးရှားနိုင်ငံ၏မြို့တော် Kuala Lumpur တွင် မြန်မာနိုင်ငံသား (၆)ဦး ရောင်းစားခံရရာမှ (၄)ဦးပြန်လည်လွတ်မြောက်လာခဲ့ပြီး (၂)ဦးမှာအသတ်ခံခဲ့ရကြောင်း သိရှိရသည်။
ရောင်းစားခံရသော မြန်မာနိုင်ငံသားများတွင်ရခိုင် (၂)ဦးနှင့်ဗမာ (၂)ဦးဖြစ်ပြီး အသတ်ခံရသူ၂ဦးမှာ ဗမာပြည်မှဖြစ်ကြောင်းသိရသည်။ ၄င်းတို့အားမြဝတီမှပွဲစားတစ်ဦးဖြစ်သူ ခိုင်မင်းညိုမှမဟာချိုင်တွင် အလုပ်လုပ်ရန်ပို့ပေးမည်ဟုဆိုကာ မလေးရှားတွင်ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံရောက်အမျိုးသားအရေးလှုပ်ရှားဆောင်ရွက်နေသူတစ်ဦးဖြစ်သူကိုမျိုးရခိုင်က " မနေ့ကသူတို့အကြောင်းကိုကြားတော့ကျွန်တော်တို့သွားပြီးကူညီပေးခဲ့ပါတယ်။သူတို့ကိုမြဝတီကပွဲစားကိုခိုင်မင်းညိုက မဟာချိုင်ကိုအလုပ်လုပ်ဖို့ ပို့ပေးမယ်ဆိုပြီးခေါ်လာတယ်လို့ ပြောတယ်။သူတို့အားလုံးထိုင်းနိုင်ငံကို အောက်တိုဘာလပိုင်းစရောက်ပြီးတော့ အောက်တိုဘာလ ၂၈ ရက်နေ့မှလှေစထွက်ရတယ်။ ပြီးတော့ဒီဇင်ဘာလ (၁၉) ရက်နေ့ကစပြီးသူတို့ ထွက်ပြေးကြတာလမ်းမှာ (၂)ရက်ကြာသွားတယ်။ အဲဒီမှာသူတို့(၆)ယောက်ထဲက ကိုကုလားလေးနဲ့ ကိုရှမ်းကလေးက အသတ်ခံရပြီးတော့ ကိုရှမ်းကလေးက မသေသေးပဲရေထဲမှာ ကူးနေတာကိုပန်ကာနဲ့ သူတို့ကတိုက်သတ်ပစ်လိုက်တယ်။ ကျန်တဲ့သူတို့ ၄ ယောက်ကထွက်ပြေး လွတ်မြောက်လာကြတယ်။ " ဟုပြောသည်။
ယခုလွတ်မြောက်လာသူများမှာရခိုင်ပြည်၊မြေပုံမြို့နယ်၊ကြက်ချေကျွန်းမှအဖဦးဗိုလ်ကျော်၏သားမောင်ဗိုလ်သန်းအသက် (၂၅)နှစ်၊ မင်းပြားမြို့နယ် အောက်ရွာမှအဖဦးညို၊ အမိဒေါ်စံနုတို့ရဲ့သားမောင်မောင်သန်းအသက် (၃၄)နှစ်၊မြဝတီ၊ကော့ကရိတ်ကမောင်မျိုးခိုင်ဦးအသက် (၁၉)နှစ်နဲ့ရန်ကုန်မြို့ကမောင်သိန်းလှိုင်အသက် (၂၃) နှစ်တို့ဖြစ်ကြောင်းသိရှိရသည်။
မလေးရှားနိုင်ငံ၊ Kuala Lumpur  တွင်အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများသည် မြန်မာနိုင်ငံတွင်အလုပ်အကိုင်ရှားပါးခြင်း အလုပ်လုပ်ရန်အခွင့်အလမ်းများ မရှိခြင်းတို့ကြောင့်မလေးရှား၊ စင်္ကာပူ ထိုင်း အစရှိသည့်နိုင်ငံခြားတိုင်းပြည်များသို့ အလုပ်အကိုင်ရှာဖွေရန်ထွက်ခွာမှုများပြားနေသည်။ ထိုနေရာများတွင်အလုပ်ကြမ်းများကို မတရားအခိုင်းခံရခြင်း၊ရိုက်နှက်နှိပ်စက်မှုများ ခံရခြင်းနှင့်အထူးသဖြင့် အမျိုးသမီးငယ်လေးများသည် လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင် အရောင်းစားပိုမိုခံနေရကြောင်း သိရသည်။
မှတ်ချက်။ ။ အထက်ပါသတင်းတွင်ပါရှိသော ပွဲစားကိုခိုင်မင်းညိုဆိုသူမှာ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)မှ ကိုခိုင်မင်းညိုမဟုတ်ပါကြောင်း၊ ပွဲစားခိုင်မင်းညိုဆိုသူမှာ အသက်၃၅နှစ်ခန့်ရှိပြီး မည်သူမည်ဝါဆိုသည်ကို ဆက်လက်စုံစမ်းဖော်ထုတ်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
"
 

ArakanTime

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ