ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

27 December 2012

မလေးရှားရှိ မြန်မာHIV ဝေဒနာရှင်များကို အားပေး စောင့်ရှောက် ခဲ့တဲ့ ကဗျာဘွဲ့မှူး


မလေးရှားရှိ မြန်မာHIV ဝေဒနာရှင်များကို အားပေး စောင့်ရှောက် ခဲ့တဲ့ ကဗျာဘွဲ့မှူးကဗျာဘွဲ့မှူးက မြန်မာတိုင်းရင်းသား HIV ဝေဒနာရှင် အယောက် ၂ဝဝကျော် ကို အနီးကပ်သွား ရောက် စောင့်ရှောက် အားပေးကာ မေတ္တာ တရားပြခဲ့ သွားရောက် ခဲ့ကြောင်း သိရပါတယ်။
"၃ရက်နေ့က ကျမ်းစာသင် ပေးတယ်။ သီချင်းတွေ သင်ပေးတယ်။ တရားတွေဟောတယ်။ သူတို့တွေနဲ့ အတူကစားတယ်။ သူတို့နဲ့
အတူ ပျော် ပျော်ရွှင်ရွှင်နဲ့မေတ္တာပြတယ်။ ဦးဆောင် တဲ့ သူကမလေးရှားက ဆရာလှစိုင်း ပါ။ ပြီးတော့ UN ကလည်း ပါတယ်" လို့ ကဗျာဘွဲ့မှူး က ပြောပြပါတယ်။ မလေးရှားကို ရောက်ရောက် ချင်း ရောဂါသည်တွေကို တွေ့လိုက်ရ တဲ့အခါ အမှာရောဂါခံစားနေရတဲ့သူ တွေလို့တောင်မထင်ရဘဲ ရုပ်ရည် ချောမော လျက် ရှိနေကြတာကိုတွေ့ ရကြောင်း ကဗျာဘွဲ့မှူး က ပြောပါတယ်။ "မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာ၊ ကချင်တိုင်းရင်းသား အကုန်လုံး ပါဝင်ပါ တယ်။ အခုလိုမျိုးသွားရတာ တအားကို ကုသိုလ်ရပါတယ်။ ဘုရား ရှိခိုးကျောင်းတွေ သွားကြတယ်။ ပြီး တော့ အလုပ်သမား တွေကများတော့ မနက် ၁နာရီ ထိုးမှာ ဘုရားကျောင်း တက်ကြတယ်။ အဲဒါကတော့မေ့မရ တဲ့အမှတ်တရပါပဲ။အခုလိုမျိုး တစ် နေ့လုံးတစ်ညလုံး ဘုရားရှိခိုးခဲ့ရတာ ပထမဦးဆုံးအကြိမ်ပါပဲ"လို့ ကဗျာဘွဲ့မှူးက ပြောပြပါတယ်။
အခုသွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ စိတ်ခံစားမှုတစ်ခုကိုရခဲ့ကြောင်း၊ အတူ တူနွေးနွေးထွေးထွေး နေခဲ့ကြတဲ့ နေ့ရက် တွေကို အမှတ်ရ မိကြောင်း ပြောပါတယ်။ "တကယ်ဆိုရင် သူတို့တွေရဲ့ ကလေးတွေ တအားကိုသနားဖို့ ကောင်း ပါတယ်။ သူတို့ဘဝကို သူတို့အရှုံးပေး ထားကြတယ်။ဒါပေမဲ့ ဒီလိုမျိုးနဲ့ တစ် သက်လုံး အကောင်းအတိုင်းနေနိုင်တဲ့ သူတွေရှိနေပါတယ်။ ဘာသာရေးတွေ က အဓိက မဟုတ်ပါဘူး။ အဓိကက စိတ်ပါပဲလို့ ပြောခဲ့တယ်။ နောက်ဆို ရင် ကျွန်မလည်း ပရဟိတ လူမှုရေး အလုပ် တွေကို ပိုလုပ်တော့မယ်လို့ စိတ်ကူး မိ လာတယ်။ အခုအသက်အရွယ်လည်း ရလာပြီ။ ဘုရားကလည်း လမ်းပြလာ တယ်လို့ ပြော ရမှာပါပဲ။ လူမှုရေးကိစ္စ တွေကို ပိုလုပ်ချင်လာပြီ"လို့ ကဗျာဘွဲ့မှူးက ပြောပြပါတယ်။ ကဗျာဘွဲ့မှူးက မလေးရှားခရီး စဉ်ကို နိုဝင်ဘာ ၃ဝရက်နေ့က ထွက် ခွာခဲ့ တာဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်နေ့ ကပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။ ၂ဝ၁၃ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက် နေ့ နောက်ပိုင်းမှာလည်း မလေးရှား နိုင်ငံကို ခုလိုပဲ ချစ်စမ်းမောင်တို့ အဖွဲ့၊ MYC လူငယ်အဖွဲ့နဲ့အတူ နှစ် ပတ်ကြာ ထပ်မံ သွားရောက်ဖို့ အစီ အစဉ်ရှိနေကြာင်း ကဗျာဘွဲ့မှူး က ပြော ပြခဲ့ပါတယ်။

ထက်လူလူ

 By Popular News

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ