ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

27 December 2012

တော်ဝင်စက်ရုံ အလုပ်သမားများ ရှစ်လေးလုံး ကဲ့သို့ အကြမ်းဖက် ဖျက်ဆီးမှုများပြုလုပ်မှု သတင်း နှင့် ဓာတ်ပုံများ

တော်ဝင်စက်ရုံ အလုပ်သမားများ ရှစ်လေးလုံး ကဲ့သို့ ရုံးပိုင် ပစ္စည်းများအား အကြမ်းဖက် ဖျက်ဆီးမှုများပြုလုပ်မှုခဲ့ကြောင်း သတင်းရရှိသည်။ စက်ရုံ နေ့လည်စာစားနားနေချိန်တွင် ယခင်ကဆန္ဒပြခဲ့သော အလုပ်သမား များက စက်ရုံဝင်းအတွင်း ဝင်ရောက်ရိုက်နှက် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။ 


ဝါးတရာရှိတော်ဝင်မိသားစုသစ်အချောထည်စက်ရုံမှာဝန်ထမ်းများအား (၁၇.၁၂.၂၀၁၂)(တနင်္လာနေ့)တွင်အလုပ်စတင်ဆင်းစေခဲ့ပါသည်။ သို့သော် ထိုအလုပ်ဆင်းရက်များတွင် အလုပ်သမားများသည် အလုပ်ပုံမှန်တက်/ဆင်းမပြုကြပါ။ လုပ်ငန်းခွင်ကိုလာကြသော်လည်း အလုပ်ကိုသေချာစွာမလုပ်ဆောင်ပဲ စနေနေ့အထိသာ အလုပ်ဆင်းကြပါသည်။ အခင်းဖြစ်ပွားသည့်နေ့(၂၄.၁၂.၂၀၁၂)(တနင်္လာနေ့)တွင် လုပ်ငန်းခွင်စည်းကမ်းချက်များချပေးသည့်အခါ အလုပ်သမားများမှ မကျေနပ်ကြ၍ စက်ရုံ၏ Main ဂိတ်အရှေ့တွင် လူအင်အား(၁၅၀)ကျော်ဖြင့် စုရုံးမှုများပြုလုပ်ခဲ့ပါသည်။ ထိုလူများသည်(၁၁:၃၀)နာရီ ၀န်ထမ်း/လုပ်သားများ ထမင်းစားထွက်သည့်အချိန်၌ ခြံစည်းရိုးများကို ဖြတ်ကျော်ကာ Main တံခါးအား ထိုလူအုပ်စုဖြင့်တွန်းဖြတ်ပြီး သတ်မည် ဖြတ်မည်ဟုဆိုကာ စက်ရုံအတွင်းသို့ ၀င်ရောက်လာခဲ့ကြပါသည်။ စက်ရုံအတွင်း၌ အုပ်စုခွဲ၍ ကားများအား ရိုက်ခွဲခြင်း၊ မှန်များအားရိုက်ခွဲခြင်း၊ ရုံးခန်းများအား ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပါသည်။ ထို့နောက် စက်ရုံရှိဒါရိုက်တာအား တစ်ခန်းဝင် ၊ တစ်ခန်းထွက်ရုံးခန်းများကိုဖျက်ဆီး၍လိုက်လံရှာဖွေခဲ့ပါသည်။ အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သတ်ပြီး စက်ရုံမှူးမှ ရွှေပြည်သာ(လှော်ကား)ရဲစခန်းတွင် အမှုဖွင့်ထားပါသည်

  ''စက်ရုံက အလုပ်သမားတွေ ထမင်းစားနားချိန်မှာ တံခါးကို အတင်းတွန်း ဖွင့်ပြီး ဝင်လာတယ်၊အထဲက အခန်းတွေကို ရိုက်နှက်ဖျက်ဆီးတယ်။ ပြီး
တော့ သူတို့က ဒီဘက်ကအလုပ်သမားတွေမဟုတ်ဘူး။ သံချည်သံကွေးက အလုပ်သမားတွေ၊ စက်ရုံမှ အင်အားနည်းနေတဲ့အချိန်မှာ ခုလို ဖြစ်တာ၊ စက်ရုံကသူတို့ကို အလုပ်ပြန်ပေးပြီးသားပါ။ လုပ်ငန်းခွင်လည်း ဝင်နေကြပြီ။ သူတို့အချင်းချင်းပြန်ပြီး ထိခိုက်မိတာပဲဖြစ်နိုင်တယ်။ စက်ရုံဘက်ကတော့ ဘာမှတုံ့ပြန်ခဲ့ခြင်းမရှိပါဘူး''ဟု အဆိုပါစက်ရုံမှ စက်ရုံမှူး ဦးလှကြည်က
ပြောကြားသည်။


 ဆန္ဒပြခဲ့သောအလုပ်သမားများ၏ စက်ရုံတွင်းဝင်ရောက်ရိုက်နှက်မှုကြောင့် စက်ရုံရှိ စီမံရုံးခန်း၊ ကွန်ပျူတာ ရုံးခန်း၊ ဒါရိုက်တာရုံးခန်း၊ ကျန်းမာရေးဌာနနှင့် အစည်းအဝေးခန်းတို့မှ ကွန်ပျူတာများ၊ စက်ပစ္စည်းများအပါအဝင် ရုံးခန်းများအတွင်းမှ အသုံး အဆောင်များအပြင် စက်ရုံမှ ကားနှစ်စီး ပျက်စီးခဲ့ကြောင်း၊ စက်ရုံအလုပ် သမားများမှ ဖျက်ဆီးမှု မပြုလုပ်ကြရန် တောင်းပန်ခဲ့ကြ ကြောင်း၊ တစုံတရာ လက်တုံ့ပြန်ခဲ့ခြင်း မရှိကြောင်း သိရသည်။




















 



No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ