ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

27 December 2012

ဖန်ပြွန်သန္ဓေသား နည်းပညာနှင့် မွေးဖွားလာသည့် ကလေးငယ်များ ရင်ကျပ်ပန်းနာရောဂါနှင့် ဆက်စပ်မှုရှိ

ဖန်ပြွန်သန္ဓေသား နည်းပညာနှင့် မွေးဖွားလာသည့် ကလေးငယ်များ ရင်ကျပ်ပန်းနာရောဂါနှင့် ဆက်စပ်မှုရှိဖန်ပြွန်သန္ဓေသား (IVF) လိုမျိုး မျိုးအောင်ကုထုံးနဲ့ မွေးလာတဲ့ ကလေးတွေဟာ ရင်ကျပ်ပန်းနာ ဖြစ်နိုင်ခြေ မြင့်မားကြောင်း သုတေသီ တွေက အကြံပေး ထားကြပါတယ်။ လေ့လာမှုတစ်ခုမှာ အင်္ဂလန်နိုင်ငံ မှ ကလေးငယ်ပေါင်း ၁၃၀ဝ၀ ကျော် ပါဝင်ခဲ့ပြီး သဘာဝအတိုင်း ကိုယ် ဝန်ရရှိတာ မဟုတ်ဘဲ မွေးဖွားလာတဲ့ အသက်ငါးနှစ် အရွယ်ကလေး တွေမှာ ရင်ကျပ်ပန်း
နာရောဂါဖြစ်နိုင်ခြေ နှစ်ဆခန့် မြင့်မားတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒီကလေးငယ်တွေဟာ ဆေးဝါးအသုံးပြုဖို့ လည်း ပိုမိုလိုအပ်တာမို့ အခြေအနေဆိုး ရွားတဲ့ ပန်းနာဖြစ်တယ်လို့ ထင်မှတ်ရ ပါတယ်။ ဒီတွေ့ရှိချက်ကို လူသားမျိုးပွားမှု ဆိုင်ရာဂျာနယ်မှာ ဖော်ပြထားပြီး သုတေသီတွေက ၂၀ဝ၀ ပြည့်နှစ်မှ ၂၀ဝ၂ ခုနှစ် ကြား မွေးဖွားတဲ့ ကလေးတွေပေါ်မှာ သုံးသပ်ထား တယ်လို့ ဆိုပါတယ်။ အ သက်ငါးနှစ်အရွယ် ကလေးအားလုံးရဲ့ ၁၅ရာခိုင်နှုန်းမှာ ရင်ကျပ်ပန်းနာ ရောဂါ ရှိကြပြီး အဲဒီအထဲမှ နည်းပညာနဲ့ မွေးဖွားလာတဲ့ ကလေးငယ် တွေရဲ့ ၂၄ ရာခိုင်နှုန်းမှာ ရင်ကျပ်ရောဂါ ရှိတယ်လို့ သိရပါတယ်။ ရင်ကျပ်ပန်းနာ ရောဂါရှိတဲ့ ကလေးငယ် အများစုကို ကုသလို့ ရပါတယ်။ လေ့လာမှုအရ IVF ကုထုံးနဲ့ရတဲ့ ကလေးငယ် နဲ့ ရင်ကျပ် ပန်းနာ ဆက်စပ်မှုမှာ ကလေးငယ် အနည်းငယ်မှာသာ ပြုလုပ်ထားရ တာဖြစ်ပြီး ဆုံးဖြတ်ချက်အသေအချာချ ဖို့အတွက် လေ့လာမှုတွေ အများအပြား ပြုလုပ်ဖို့ လိုသေးတယ်လို့ သုတေသီတွေက ဆိုပါတယ်။



ဒေါက်တာခင်မိုးမိုး

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ