ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

27 December 2012

သမိုင်းကြွေးတင်တဲ့ည






------------------------------------
မကြာမီ ဒီဇင်ဘာ(၃၁)ကိုရောက်တော့မှာပါလား Happy New Year
ဆိုတဲ့အားကိုကမ္ဘာနိုင်ငံတိုင်းကဝမ်း
မြောက်ပျော်ရွှင်စွာ အော်ဟစ်ပျော်ပါးကြတော့မယ့်အချိန်း
နှစ်ဟောင်းကအညစ်
အကြေးတွေ ၊ မကောင်းမှုတွေ
ကိုဒီဇင်ဘာ(၃၁)ရဲ့နောက်ဆုံးအချိန်မှာ ထားခဲ့ပြီး စိတ်သစ်၊ လူသစ်နဲ့နှစ်သစ်ကိုကြိုဆိုကြမယ့်အချိန်မှာပေါ့လေ
ကမ္ဘာသူ ကမ္ဘာသားများပျော်ပါးမြူးထူးနေကြမယ့် အချိန်မှာ
ကြေကွဲနှလုံးသားနဲ့ ဝမ်းနည်းပူဆွေးငိုကြွေးပူဆွေး
ကြမယ့် လူမျိုးတစ်မျိုးလည်းရှိနေပါသေးတယ်။

အဲဒီ ဒီဇင်ဘာ(၃၁) ရက်မှာပေါ့ ရခိုင်တို့ရဲ့ ကံကြမ္မာ
တစ်ဆစ်ချိုးလို့ ဘဝနေဝင်ချိန်ညှိုးခဲ့ရတာလေ ။
ရာဇဝင်အဆက်ဆက် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြာဌန်းနဲ့အစဉ်အဆက်နေလာခဲ့တဲ့လူမျိုးဟာ အဲဒီညမှာ
ထီးကျိုးစည်ပေါက် ကျွန်သဘောက်ဘဝကို ရောက်ခဲ့ရတယ်ပေါ့ ။
မြစ်ချောင်းအင်းအိုင်တကြော အလောင်းတွေ
မျောခဲ့တဲ့ညပေါ့ ။ ကူပါကယ်ပါ အသံတဇာဇာတွေ ဘဝဂ်ထိညံခဲ့ပြီး
တစ်မျိုးသားလုံး ငရဲကျခဲ့ရတဲ့ည။ လင်ပျောက်တဲ့ဇနီးမယား။ အမေ ၊
အဖေ တွေပျောက်တဲ့သား။ ခိုကိုးစရာ ရင်ခွင်မရှိတော့တဲ့ဘဝ ပေါင်းများစွာ
အဲဒီညမှာကမ္ဘာပျက်ခဲ့ရတယ်။
ပေါက်တောမြို့နယ်က လက်ပံပြားရွာတွေ၊ သူငယ်တော်ရွာတွေ ၊ သပြေကန်ရွာတွေဟာ အဲဒီညရဲ့
အလွန်မှာ နာမည်အဆန်းနဲ့ သမိုင်းဟောင်းရဲ့ အဖြစ်ကောင်းတွေကိုသက်သေခံစရာ နေရာတွေအဖြစ်ပေါ်
ထွက်လာခဲ့တယ်လေ။ လက်ပံပြားဆိုတာ ရခိုင်တွေ၊ အမျိုးသမီးတွေ ၊ အရွယ်မရောက်သေးတဲ့ကလေးတွေ
အရွယ်အိုတွေကို ကုလားတန်မြစ်တစ်ကြားမှာ ကျောက်အပြည့်ထည့်ထားတဲ့လောင်း ၊ သမ္မာန်တွေမှာကြိုးနဲ့
လက်ပြန်တုတ်ပြီးထည့်ကာ နစ်မြုပ်သတ်ခဲ့လို့ လက်ဖံပြ ၊ လက်ပံပြားဖြစ်လာတာပေါ့ ။ သူငယ်တော် ဆိုတာ
လည်း အရွယ်မရောက်သေးတဲ့ နို့စို့အရွယ်ကလေးတွေကို အပေါ်မြောက်ပြီးဓားကစားခဲ့လို့ သူငယ်တော်
ဆိုတာဖြစ်လာခဲ့တာပေါ့ ။ ဖမ်းမိတဲ့ တော်လှန်ရေးသမားတွေ ဆွေမျိုးတွေ ၊ အရွယ်ရောက်သူတွေကို ခုတ်သတ်
ပြီးအဲဒီမှာရှိတဲ့ ကန်တွေထဲ အပြည့်ထည့်ခဲ့လို့ သားပြည့်ကန် ၊ ကာလကြာတော့ သပြေကန်ဖြစ်သွားတာပါ။
ပုဏ္ဏားကျွန်းမြို့က သားပုန်ဆိုတဲ့ ရွာဟာလည်း အဲဒီညရဲ့အလွန်မှာ နာမည်သစ်နဲ့ သမိုင်းတွင်စာမျက်
နှာဖွင့်ခဲ့တယ်လေ။ ဦးရောက်မြို့ရဲ့ ရေတပ်စခန်းကား ရခိုင့်ရေတပ်မတော်သားတွေ တော်လှန်ရေးသမားတွေကို
အကုန်စုပြီး သတ်ခဲ့ ၊ ဖြတ်ခဲ့ပြီး အသားတွေ တောင်ပုံ ၊ ယာပုံ ၊ ပုံထားခဲ့လို့အသားပုံ ၊ နောက်တော့ သပုံဆိုတာ
ဖြစ်လာရတာပေါ့။ နေမယ့်လူမရှိတော့တဲ့ အိမ်တွေရယ် ၊ သံင်္ဃာတွေကင်းမဲ့တဲ့ကျောင်းစာသင်ခန်းတွေရယ် အဲဒီ
ညရဲ့အလွန်မှာ အကုန်လုံး ဆိတ်သုန်းခဲ့ရတယ်လေ ။ ကမ္ဘာပျက်တယ်ဆိုတာ ဒီအတိုင်းပါပဲ။ သုံ့ပန်းအဖြစ်ခေါ်
ဆောင်သွားတဲ့လူတွေ ကြောက်လို့ထွက်ပြေးသွားခဲ့ရတဲ့ လူတွေ၊ သေသွားတဲ့ လူတွေကြောင့် ရခိုင်ပြည်ကြီး
ဟာ တစပြင်ဖြစ်ခဲ့ရတယ် ။ “ ပန်းကံကော်ကြိုင်ကြိုင်မွှီး မြောက်ဦးအိမ်ထောင်ပြီး” တဲ့ ။ ဆိုလိုတာက မြောက်ဦးမှာ အိမ်ခြေ ( ၅၂၂၂၂၅) ဆောင်ရှိခဲ့တဲ့ဟာ အခုတော့အခြေအနေမှန်ကို မှန်းဆသိနိုင်ကြမှာ
ပါ။ မြေလှန်စနစ်နဲ့ကျူပင်ခုတ် ၊ ကျူငုတ်မကျန်အောင် အကုန်လုံးရှင်းခဲ့လို့မြောက်ဦးရွှေနန်းတော်ဟာ
ပြာပုံဘဝကို ကျရောက်ခဲ့ရတယ် ။ ဘယ်သူမှမသိခဲ့ပါဘူး ။ ဗုဒ္ဓရဲ့အမွေအနှစ်တွေ ၊ တန်ဖိုးရှိတဲ့ အရာ
တွေ အကုန်လုံးယူသွားခဲ့တယ် ။ အဲဒီနေ့ကစပြီး ကျွန်ဇာတ်သွင်းအုပ်ချုပ်လာခဲ့တာ ခုလ ဒီဇင်ဘာ
(၃၁) ဆိုရင်(၂၂၈) နှစ်တင်းတင်းပြည့်ပြီပေါ့ ။
ဗမာတွေ လက်အောက်မှာ ရခိုင်တွေဘာဖြစ်ခဲ့သလဲ။ ဘာတွေဖြစ်နေကြလဲ ။ မေးနေစရာ
မလိုဘဲ ပကတိအရှိတရားကိုကြည့်ပြီး အဖြေကိုသိနိုင်ပါတယ် ။ ကမ္ဘာမှာ အထင်ကရတိုင်းပြည်(၄)ခု
ရှိတယ်လို့စာတွေထဲမှာ ဖတ်ခဲ့ရတယ် ။
(၁) တိုင်းပြည်ချမ်းသာလို့ လူချမ်းသာတာ -အမေရိကန်
(၂) တိုင်းပြည်မွဲလို့လူမွဲတာ - အာဖရိက
(၃) တိုင်းပြည်မွဲပေမယ့် လူချမ်းသာတာ - ဂျပန်
(၄) တိုင်းပြည်ချမ်းသာပေမယ့် လူမွဲတာ - ငါတို့ရခိုင် ပဲ ။
ဘာလို့ဒီလိုဖြစ်ရတာလဲ ။ ရခိုင်တွေနဂိုကတည်းကညံ့လို့လား ။ အတိတ်သမိုင်းကိုပြန်ကြည့်ရင် ရခိုင်
တွေမညံ့ခဲ့ပါဘူး ။ ရခိုင်ညံ့အောင် ၊ ခေါင်းမဖေါ်နိုင်လောက်အောင်ဖြစ်နေတာ ဘယ်သူတွေလုပ်ထား
လို့လဲ ။အရွယ်ရောက်တဲ့သူတိုင်း ကိုယ့်ပြည် ၊ ကိုယ့်မြေမှာကိုယ် မိသားစုနဲ့ အေးအေးချမ်းချမ်း
နေထိုင်လို့မရအောင် အလုပ်အကိုင်အခွင့်အလမ်း တွေမရှိတာ ၊ မရတာ ဘယ်သူတွေကြောင့်လဲ။
မေးနေစရာမလိုတဲ့ အဖြေပါ ။ သဘာဝသယံဇာတတွေ ဒီလောက်ပေါပါလျက်နဲ့ ထမင်းငတ်နေကြရ
တဲ့ဘဝ ။ ရေနံ ၊ သဘာဝဓာတ်ငွေ့ပေါပါလျက်နဲ့ အမှောင်တိုက်သွင်းခံနေရတဲ့ဘဝ။
ခေတ်အဆက်ဆက် ဗမာအစိုးရရဲ့ နိုင်ငံရေးကစားကွက်နဲ့ ကျားကွက်ရွေ့ခံရတဲ့ဘဝ ။ ရခိုင့်မျိုးဆက်
သစ်တွေရဲ့ ဦးနှောက်ကိုအဆိပ်တွေလောင်းထည့် ခံနေရတဲ့ဘဝ ။ အဲဒီ ဒီဇင်ဘာ(၃၁) ရဲ့သမိုင်းကြွေး
ကိုခင်ဗျားတို့ဘယ်လိုပြန်ဆပ်မလဲ-------------?
စကားပုံရှိတယ် ။ အလှူမှာဝေဿန္တာရာ ၊ အငိုမှာ မပဠာ ၊ အလိမ်မှာ ကမ္ဘာမှာ ဗမာတဲ့ ။ ခင်ဗျားတို့ဘယ်ထိ လိမ်အုံးမလဲ ။ ဘယ်အထိဖိနှိပ်အုံးမလဲ ။အတိတ်ကြွေးကို ခင်ဗျားတို့မျိုှးဆက်
တွေကောင်းမွန်စွာပြန်မဆပ်ဘူးဆိုယင်တိုင်းရင်းသားညီအစ်ကိုတွေရဲ့ ဒဏ်ခတ်ခြင်းကို ခင်ဗျားတို့လဲ
တစ်နေ့ပြန်ခံရအုံးမှာပဲ ။ကမ္ဘာသူ ၊ ကမ္ဘာသားများအတွက် ဒီဇင်ဘာ(၃၁) ဆိုတာ Happy New Year
ရယ်လို့ပျော်စရာ ဖြစ်ပေမယ့် ရခိုင်တွေအတွက်တော့ ကမ္ဘာပျက်ခဲ့တဲ့ညပါပဲ ။

မောင်စိန်တောက် (စစ်တွေ)

ဒီဆောင်းပါးသည် ဆောင်းပါးရေးသူ၏ အာပေါ်သာဖြစ်ပါသည်။ RSV ၏ အာပေါ်လုံးဝမဟုတ်ပါ။ မူရင်းအတိုင်း ပြန်လည် တင်ပြပေးလိုက်ပါသည်။




by ရွှေသဇင်

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ