ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

11 October 2012

၁၉၈၃ အာဇာနည်ဗိမာန် ဗုံးခွဲဓာတ်ပုံများ တောင်ကိုရီးယား စဖြန့်


၁၉၈၃ ခုနှစ်က ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှန် အား ရည်ရွယ်၍ မြောက်ကိုရီးယား အကြမ်းဖက်သမားများက ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုအပြီး ထိခိုက်ဒဏ်ရာရ သေဆုံးနေသူများ၏ မြင်ကွင်းပုံများကို နှစ်ပေါင်း

တနင်္သာရီ အစိုးရ အတွင်းရေးမှူးအား ထားဝယ် ၈၈ ကန့်ကွက်


တနင်္သာရီတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူးက ၈၈ အဖွဲ့အား ထိပါးပြောဆိုခြင်းနှင့်ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားများ (ထားဝယ်) က ကြာသပတေးနေ့တွင် ကြေညာချက် ထုတ်ပြန် ကန့်ကွက်လိုက်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (ဂ) အရ အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်။ အခြေခံဥပဒေကို ဆန့်ကျင်၍ တောင်မရောက် မြောက်မရောက် အဖွဲ့အစည်းများဟု ပြောဆိုသည့် တနင်္သာရီတိုင်း
ဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်သိန်း ၏ ပြောဆိုချက်အား ရှုံ့ချကန့်ကွက်ပါသည်” ဟု ကြေညာချက်တွင် ပါရှိသည်။

KNU စစ်ဦးစီးချုပ် သတင်းစာရှင်းလင်းပွဲ အစီအစဉ် ဖျက်သိမ်း


  ကရင် အမျိုးသား အစည်းအရုံး KNU မှ ထိပ်တန်းခေါင်းဆောင် သုံးဦး ထုတ်ပယ်ခြင်း၊ ဘားအံမြို့တွင် ဗဟိုအဆင့် ဆက်ဆံရေးရုံး ဖွင့်လှစ်ခြင်း ကိစ္စတို့နှင့် ပတ်သက်၍ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်၍ အောက်တိုဘာလ ၁၃ ရက်နေ့၌ မြဝတီမြို့၌ သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ရန် ကနဦး စီစဉ်ထားသော်လည်း ပြန်လည် ဖျက်သိမ်း လိုက်ကြောင်း KNU ၏ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒို အော်မော်အေး ပြောသည်။

ချောက်မြို့တွင် မြစ်ရေကြီးပြီး ကမ်းပါးပြို၊ အိမ်ခြေ ၁၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်း


မကွေးတိုင်း ချောက်မြို့နယ်မှာ အောက်တိုဘာ ၉ ရက်နေ့ကနေစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါး ပြိုကျခဲ့တဲ့အတွက်  စလေတိုက်နယ်က ကျေးရွာအချို့ ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရပါတယ်။
စလေတိုက်နယ် လက်ပံကျွန်းကျေးရွာအုပ်စုက ကျွန်းသစ်အနောက်ရွာနဲ့ ရေလယ်မြောက်ရွာက အိမ်ခြေ ၁၀၀ ကျော်လောက် ရွှေ့ပြောင်းခဲ့ရပြီး လူဦးရေ ၃၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရတာပါ။
ကမ်းပါးပြိုကျမှုကြောင့် လူအသေအပျောက် တစုံတရာမရှိဘူးလို့လည်း သိရပါတယ်။ ဒါပေမယ့်   ရွာသူရွာသားတွေအတွက် နေအိမ်တွေပြန်ဆောက်ဖို့နဲ့ စားနပ်ရိက္ခာ အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

DVB

ရန်ကုန်မြို့ တရားဥပဒေ စိုးမိုးမှု ရှိရဲ့လား


အခုနောက်ပိုင်း ရန်ကုန်မှာ ခပ်စိပ်စိပ် ကြားလာရတဲ့ သတင်းတွေကတော့ အုပ်စုဖွဲ့ ရမ်းကား ရိုက်နှက်မှု သတင်းတွေပါပဲ။ ဒီသတင်းဖြစ်စဉ်တွေကို ကြည့်ရင် မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှု အခြေအနေတွေကိုပါ သိနိုင်မှာမို့ ဒီ အကြောင်းတွေကို သုံးသပ်တင်ပြသွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့ည ဆရာစံလမ်းက မိုးအလင်းဖွင့်တဲ့ SS ကဖေးဝင်းထဲမှာ ထိတ်လန့်စရာကောင်းတဲ့ ရိုက်ပွဲတခုဖြစ်ခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ မနက် ၂ နာရီလောက်မှာ ညကလပ်က ပြန်လာပုံရတဲ့ လူငယ်

မြန်မာဘက်တင်သွင်းမည့် စိတ်ကြွဆေး အလုံး၆၅သိန်းကျော်ဖမ်းမိ

မြန်မာနိုင်ငံကို တင်သွင်းမယ့် စိတ်ကြွဆေး အလုံးပေါင်း ၆၅ သိန်းကျော်ကို အောက်တိုဘာ ၆ ရက်နေ့က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ကိုလားစစ်မြို့အနီး Khuang pui lam အဝေးပြေးလမ်းမကြီးပေါ်မှာ ကိုလားစစ်မြို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ကနေ ဖမ်းဆီးရမိခဲ့ပါတယ်။
ဒီဆေးတွေရဲ့တန်ဖိုးဟာ ရူပီးငွေ ၉၈ သိန်း၊ ကျပ်ငွေအားဖြင့် သိန်း ၁၅၀၀ ကျော် တန်တယ်လို့ ဆိုပါတယ်။
ကြိုတင်သတင်းရရှိထားချက်အရ အာသံပြည်နယ် မြို့တော် ဂိုဝါဟတီး မြို့ကနေ မီဇိုရမ်ပြည်နယ်ထဲ

ကျိက်ထီးရိုး စေတီတော်ဆိုင်ခန့်  လေလံကိစ္စအပြန်လှန်ဆဒ္ဒပြကြ

ဆိုင်ခန်းတွေ တည်းခိုခန်းတွေကို လေလံမချပေးဘဲ ကိုယ့်နီးစပ်ရာလူတွေကိုပဲ ပြန်လည်ချထားပေးတဲ့အပေါ် မကျေနပ်လို့ ဆိုင်ခန်းပိုင်ရှင်တွေနဲ့ တည်းခိုခန်း ပိုင်ရှင်တွေက ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ကို မကျေနပ်ကြောင်း ဆန္ဒထုတ်ဖော်မယ့်

ဆန္ဒပြ တော်ဝင်သစ်စက်အလုပ်သမားများ အမှုဖွင့်စစ်ဆေးခံနေရ


ပြီးခဲ့တဲ့ရက်ပိုင်းက အလုပ်သမားအခွင့်အရေး တောင်းဆိုဆန္ဒပြခဲ့ကြတဲ့  တော်ဝင်မိသားစုပိုင် သစ်အချောထည်စက်ရုံက အလုပ်သမားခေါင်းဆောင်တွေကို စမ်းချောင်းမြို့နယ် ရဲစခန်းက အမှုဖွင့်ပြီး ခေါ်ယူစစ်ဆေးနေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့က အလုပ်သမားများ ဆန္ဒပြနေကြစဉ်
ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်နေ့တုန်းက ရန်ကုန်တိုင်း မြောင်းတကာစက်မှုဇုန်ရှိ တော်ဝင်မိသားစု ကုမ္ပဏီပိုင်  သစ်အချောထည်စက်ရုံက အလုပ်သမားတွေဟာ  လုပ်အားခတိုးမြှင့်ရရှိရေး အပါအ၀င်

ဒေါ်အောင်ဆန်းစုကြည် သုံးခွ ခရီးစဉ် (ဓာတ်ပုံ)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ သုံးခွမြို့ အန်အယ်လ်ဒီရုံးမှာ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့သလို ဒေသခံပြည်သူလူထုကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဆည်မြောင်း တာဝန်ရှိသူတွေနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ တွေ့ဆုံခဲ့ပါတယ်။
ဓါတ်ပုံကြည့် ရန်

DVB

လက်ပန်းတောင်းတောင်ကို ဆက်လက်တူးဖော်၊ သာသနီက အဆောက်ဦများ ဖျက်ဆီး


မြေသိမ်းမှုတွေကြောင့် ဒေသခံတောင်သူတွေနဲ့ အငြင်းပွားနေတဲ့ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က လက်ပန်းတောင်းတောင် စီမံကိန်းကို ဆက်လက်လုပ်ကိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကြေးနီစိမံကိန်းအတွက် လိုအပ်တဲ့ မြေဇာတွေကို လက်ပန်းတောင်းတောင်ကနေ ထုတ်ယူနေပြီး သမိုင်းဝင် လယ်တီ ဆရာတော် ဘုရားကြီးရဲ့ သာသနိက အဆောက်အဦတွေ ဖျက်ဆီးခံနေရတယ်လို့ မျက်မြင်တွေခဲ့ရတဲ့ ၀က်မှေးကျေးရွာသား ကိုဇော်ဦးက ပြောပါတယ်။

ရှမ်းတော်လှန်ရေးတပ်သားများအတွက် စံပြကျေးရွာ တည်မည်


ရှမ်းလက်နက်ကိုင် တော်လှန်ရေးတပ်သားတွေနဲ့ မိသားစုတွေအတွက်  စံပြကျေးရွာကြီးတရွာ တည်ဆောက်သွားမယ်လို့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်
ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရ အကြား မနေ့က လားရှိုးမြို့မှာ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပြီးနောက်  စံပြရွာ အကောင်အထည်ဖော်ဖို့အတွက်

စိုက်ပျိုးရေးဘဏ်ကို အများပိုင်ဘဏ်အဖြစ် အသွင်ပြောင်းမည်


လယ်ယာနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့  အစိုးရပိုင် စိုက်ပျိုးရေးဘဏ်ကို အများပိုင်ဘဏ်အဖြစ် ပြင်ဆင်ပြောင်းလဲဖွဲ့စည်း ဆောင်ရွက်သွားတော့မယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းနဲ့ စိုက်ပျိုးရေးဘဏ်တို့ ပူးပေါင်းပြီး စိုက်ပျိုးရေးဘဏ်ကို အများပိုင်ဘဏ်အဖြစ် အသွင်ကူးပြောင်းဖို့ သမ္မတက ခွင့်ပြုချက် ပေးထားပြီးဖြစ်တဲ့အကြောင်း အောက်တိုဘာ ၁၀ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ စက်မှုလယ်ယာပြပွဲမှာ လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အစိုးရပိုင် စိုက်ပျိုးရေးဘဏ်အနေနဲ့ လယ်သမားတွေကို ထောက်ပံ့ပေးရာမှာ အကန့်အသတ်တွေ ရှိတဲ့အတွက် အခုလို အများပိုင်ဘဏ်အဖြစ် ပြောင်းဖို့ ဆောင်ရွက်တာလို့ အဲ့ဒီပွဲကို

သမ္မတဦးသိန်းစိန် တောင်ကိုရီးယားခရီးစဉ် ပြီးဆုံး



တောင်ကိုရီးယားနိုင်ငံကို သုံးရက်ကြာ ချစ်ကြည်ရေးခရီးသွားခဲ့တဲ့ သမ္မတဦးသိန်းစိန်ဟာ ခရီးစဉ် အဆုံးသတ်ပြီး ဒီကနေ့ ညပိုင်းမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း မှာ နှစ်နိုင်ငံကြား

ဘင်္ဂလာပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်ကြောင့် ရခိုင်နယ်စပ်တွင် လေပြင်းတိုက်၍ မိုးကြီးနေ


ထွန်းထွန်း
ဘင်္ဂလား ပင်လယ်အော်တွင် ယခုနှစ်အတွင်း ပထမဆုံး ဖြစ်ပေါ်နေသော မုန်တိုင်းငယ်ကြောင့်  မြန်မာ- ဘင်္ဂလားဒေ့ခ်ျ နယ်စပ်တလျှာက် လေပြင်းများ တိုက်ခတ်ကာ မိုးသည်းထန်စွာ ရွာသွန်းနေသည်ဟု သိရသည်။

“မြို့ထဲမှာတော့ မုန်တိုင်းသတင်း သတိပေး တာတော့ မရှိသေးဘူး။ မိုးက

မြန်မာက ငါးဖမ်းသမား ၂၈၉ ဦး ဘင်္ဂလာဒေခ်ျ့က ကယ်တင်

ဘင်္ဂလာပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းကြောင့် ကမ်းကပ်လာသူ  မြန်မာနိုင်ငံသား ငါးဖမ်းသမား ၂၈၉ ဦးကို ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့မှ ထိန်းသိမ်း ထားသည်ဟု သိရသည်။
တက်ကနက် ချောင်းတွင် ဆိပ်ကပ်ထားသော စက်လှေများ။

10 October 2012

လူမျိုးစုများ အခွင့်အရေး ကာကွယ်ပေးဖို့ အမေရိကန်တိုက်တွန်း

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ရှိနေကြတဲ့ ရိုဟင်ဂျာ ခေါ် မွတ်စလင် ဘာသာဝင် လူမျိုးစုတွေ ရဲ့ ပြဿနာဟာ ဖြေရှင်းဖို့ ခက်ခဲတယ်ဆိုတာ အသိအမှတ် ပြုထားသော်လည်း၊ သူတို့ရဲ့ အခွင့်အရေးကို ကာကွယ်ပေးကြဖို့ သက်ဆိုင်ရာ အစိုးရတွေကို အမေရိကန် ပြည်ထောင်စုက တိုက်တွန်း လိုက်ပါတယ်။
Photo courtesy of The mission of the US, Geneva

မြေလွတ်မြေရိုင်း နည်းဥပဒေ အမြန်ဆုံး ပြဋ္ဌာန်းရေးတောင်းဆို


ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA) အပါအ၀င် တောင်သူလယ်သမား အရေး နဲ့ လယ်ယာမြေအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက အစိုးရ အနေနဲ့ မြေလွတ်မြေရိုင်း နည်းဥပဒေတွေ အမြန်ဆုံး ပြဋ္ဌာန်းပေးဖို့ ဒီကနေ့ တောင်းဆိုလိုက်ကြပါတယ်။
RFA

(အရေးကြီးသတင်းပေးချက်) ၂၀၁၂ ခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ပထမဆုံး မုန်တိုင်း စဖြစ်တော့မည် ဟုသိရ"


ဘင်္ဂလားပင်လယ်အော်တွင် ယခုနှစ် ပထမဆုံးဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အစောဆုံးအနေဖြင့် အောက်တိုဘာလ ၁၀ ရက် ညပိုင်းနှင့် အနောက်ကျဆုံး အောက်တိုဘာလ ၁၁ ရက် နံနက်တို့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ဖြတ်ကျော်နိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောကြားလိုက်သည်။

ဓာတ်ပုံ- ထိုင်းမိုးလေ၀သဌာန"မုန်တိုင်းငယ် ကမ်းခြေကို ဖြတ်ကျော်လာစဉ်အတွင်း လေတိုက်ခတ်မှုဟာ တစ်နာရီ မိုင် ၄၀ မှ ၅၀

မောင်တောမြို့ရှိမီးလောင်ခံခဲ့ရသော ကျေးရွာများတွင် နေအိမ်တည်ဆောက်ရေး လုပ်ငန်းအချို့စတင်မှုမရှိသေး


မောင်တောမြို့နယ်အတွင်း မီးလောင်
ပျက်စီးခဲ့သည့် ကျေးရွာများမှ
 နေအိမ်များကို အိုင်အင်ဂျီအိုများမှ
 တည်ဆောက်ရန်ရှိသော်လည်း

ယခုအချိန်ထိ နေအိမ်ဆောက်လုပ်ရေးလုပ်ငန်းများ စတင်မှုမရှိသေးကြောင်း၊ စည်ပင်သာယာရေးအဖွဲ့၊ယူအန်အိပ်ခ်ျ စီအာရ်နှင့် ကဲရ်မြန်မာအဖွဲ့များမှ တာဝန်ယူတည်ဆောက်ပေးရန်ရှိကြောင်းလည်း သိရသည်။

"ရခိုင်သားတွေရဲ့ အသံ သမ္မတထံ ရောက်ပါလေပြီ"


လွန်ခဲ့ တဲ့ - ၈-၁၁-၂၀၁၂ -ရက်နေ့ က
 မြန်မာနိုင်ငံမှာ အစ္စလန်မစ်အဖွဲ့ ချုပ်OIC-ကိုရုံးခမ်းဖွင့်လှစ်ခွင့်အတွက်အစိုးရနဲ့ 
သဘောတူစာချုပ်လက်မှတ်ထိုး
လိုက်နိုင်ကြပြီဆိုပြီး ဆော်ဒီနိုင်ငံကလာတဲ့ 
သတင်းအရသိကြရတယ် ။
 
ဒီတော့ခါ -OIC- အဖွဲ့ ရဲ့  မြန်မာနိုင်ငံမှာ အထူးသဖြင့်ရခိုင်ပြည်နယ်မှာ ရုံးခမ်းဖွင့်လှစ်ဖို့ အကြောင်းအရာဟာ   ပြသနာဖြစ်လာတယ်
 

လူထုနဲ့သံဃာတော်တွေက လက်မခံပေမယ့် အိုအိုင်စီရုံးဖွင့်ဖို့ ပြင်ဆင်


ဆော်ဒီအာရေဗျနိုင်ငံ အခြေစိုက် အိုအိုင်စီလို့ခေါ်တဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူးချုပ်ရဲ့ ပြီးခဲ့တဲ့ ရှေ့ပြေးခရီးစဉ်အတွင်း


photo-အိုအိုင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုစာချွ
န်
လက်မှတ် ထိုးထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး

စက်တင်ဘာ ၁၁ ရက်နေ့က အိုအိုင်စီနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးတို့ ပူးပေါင်း ဆောင်ရွက်မှု စာချွန်လွှာကို လက်မှတ် ရေးထိုး ခဲ့ကြပါတယ်။

စစ်တွေမြို့ လမ်းမများပေါ်တွင် ထောင်ချီသည့် ရခိုင်အမျိုးသမီးများက ငြိမ်းချမ်းစွာ စီတန်း၍ (OIC) ကို ကန့်ကွက် ဆန္ဒပြ(သတင်းအပြည့်အစုံ)


မောင်အေးနှင့်ထွန်းထွန်း
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့နေ့
လည်ပိုင်းက ထောင်နှင့်ချီသည့်ရခိုင်
အမျိုးသမီးများက OIC (Organization
of Islamic Cooperation ) ရုံးဖွင့်မည်ကို
ကန့်ကွက်သည့် အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်ပြသခဲ့ကြသည်။

9 October 2012

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများ မြန်မာနိုင်ငံထဲသို့ ပြန်လည်ဝင်ရောက် လုပ်ကိုင်မှုများပြားလာ


ထိုင်းနိုင်ငံတွင်လုပ်အားခနည်းပါးလာမှုနဲ့
လူနေမှုအသုံးစရိတ် မြင့်မားလာခြင်းကြောင့်
 မြန်မာရွှေ့ပြောင်းအလုပ်သမားများမှ မိမိနိုင်ငံမှ စက်ရုံများသို့ ပြန်လည်သွားရောက်
လုပ်ကိုင်မှု များပြားလာကြောင်း သိရှိရသည်။

စစ်တွေ ရဟန်းတော်များ ဆန္ဒပြပွဲ လူပေါင်းသောင်းချီ ပူးပေါင်းပါဝင်


စစ်တွေတွင်  ယနေ့ ပြုလုပ်သော ရဟန်းတော်များ ဦးဆောင် ဆန္ဒပြပွဲသို့ လူပေါင်းသောင်းချီ ပူးပေါင်း ပါဝင်လာသဖြင့် လူထု လူပ်ရှားမူ ဆန္ဒပြပွဲ တစ်ခု အဖြစ်သို့ ပြောင်းလဲ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဦးဆောင် ဆရာတော် တစ်ပါးက နိရဉ္စရာသို့ မိန့်ကြားသည်။

“ အခု ဦးဇင်းတို့က ဦးဥတ္တမ

7 October 2012

အစည်းအဝေးအကြောင်းပြတဲ့ ဆရာဝန်ကြောင့် ကိုယ်ဝန်ဆောင်မိခင် နှင့် ကလေး အသက်ဆုံးရှူံး


မြို့နယ်အုပ်ချုပ်ရေးအစည်းအဝေးကို အကြောင်းပြသည့် ဆရာဝန်တဦးကြောင့် အသက် ၁၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိ ခင် နှင့် လွယ်ထားတဲ့ ကလေးငယ်တို့ စက်တင်ဘာ ၂၇ ရက်နေ့က အသက်ဆုံးရှူံးသွားသည်ဟု သိရသည်။

ရိုဟင်ဂျာအရေး ဆောင်ရွက်မပေးနိုင်ကြောင်း ဦးသိန်းညွှန့် ပြော


ရခိုင်ပြည်နယ်မှာ မွေးဖွားကြီးပြင်းသော
 မည်သူ့ကိုမဆို နိုင်ငံသားအဖြစ် လက်ခံ
 အသိမှတ်ပြုသော်လည်း ‘ရိုဟင်ဂျာ’
ဟူသည် မြန်မာနိုင်ငံ သမိုင်းကော်မရှင်က
အသိမှတ်ပြုထားသော လူမျိုးများထဲတွင်

စစ်တွေမြို့၊ လမ်းမကြီးရှိကုလားဗလီအတွင်းမှ အိမ်ငယ်တစ်ဆောင်မီးလောင်


ယနေ့ ၇-၁၀-၂၀၁၂ နေ့ နေ့လည်ပိုင်းတွင်
 ကုလားဗလီကြီးအတွင်းမှ မီးခိုးများထွက်လာ
သဖြင့် သက်ဆိုင်ရာများမှဝင်ရောက်စစ
ဆေးကြည့်ရှုရာတွင် တစ်စုံတစ်ဦးက မီးရှို့
ရန်ကြိုးစားထားမှုအားတွေ့ရှိရသဖြင့် မီးမလောင်ကျွမ်းမီ ၀င်ရောက်ငြိမ်းသတ်နိုင်ခဲ့သည်။ 

လူနည်းစုရခိုင်ဗုဒ္ဓဘာသာ အဆောက်အအုံများအား အကြမ်းဖက်ခြင်းအား ပြင်းထန်စွာချုပ်ချခြင်း






လေးစားအပ်ပါသော ကမ္ဘ္ဘာသူ ကမ္ဘာသား များ
ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် လူမျိုးများနှင့် ငြိမ်းချမ်းရေးကို လိုလားသော ကမ္ဘာသူ ကမ္ဘာသားများအနေဖြင့် လုံးဝလက်ခံနိုင်စရာ အကြောင်းကိစ္စမဟုတ်ပါ။ ယခုဖြစ်ပျက်ခဲ့မူများသည် ဘာသာရေးအစွန်းရောက်သူ လူတစ်စုကြောင့် ဖြစ်ပျက် ခဲ့သည်ဟု ဖြေရှင်းချက်ပေးသော်လည်း တာဝန်အရှိဆုံးလူများမှာ ထိုနိုင်ငံတွင် အုပ်ချုပ်သောအစိုးရအဖွဲ့တွင် အဓိကတာဝန်ရှိသည်ဟု ယူဆပါသည်။ ယခုဖြစ်ပျက်ခဲ့သော အကြောင်းအရာများနှင့်ပတ်သတ၍ ကမ္ဘာ့လူအခွင့်အရေးအဖွဲ့ အစည်းတော်တော်များများ နူတ်ဆိတ်နေကြသည်ကို တွေ့ရသဖြင့်လဲ အလွန်ဝမ်းနည်းမိပါသည်။ ရခိုင်ပြည်နယ်တွင်ဖြစ်ပျက်ခဲ့မူများအား အာပေါင်အာရင်း သန်စွာဖြင့် အော်ဟစ်ခဲ့ကြသော HRW အဖွဲ့အစည်းများ ယခုအရေးတွင် တိတ်ဆိတ် နေကြသည်ကို တွေ့ရှိရ၍လဲ အလွန် အံ့သြသင့်မိပါသည်။ ရခိုင်ပြည်နယ်တွင်းဖြစ်ပျက်ခဲ့မူများတွင် လူနည်းစု၊လူနည်းစုဟု တစာစာ အော်နေခဲ့ကြသော HRW အဖွဲ့များသည် ယခု ဘင်္ဂလားဒေရှ့် နိုင်ငံတွင်ဖြစ်ပျက်ခဲ့သော လူနည်းစုဗုဒ္ဓဘာသာဝင်များ၏ အရေးအတွက် တခွန်းတပါဒမှ ပြောဆိုခြင်းမရှိသည်မှာ အလွန် ၀မ်းနည်းစရာကောင်းလှပါသည်။ ဗုဒ္ဓဘာသာ လူနည်းစုများမှ ထောက်ပံ့ငွေမရရှိသောကြောင့် ထမအော်ကြခြင်းလားဟု သံသယ ၀င်မိပါသည်။ ဘာသာရေးအစွန်းရောက်အဖွဲ့အစည်းများနှင့် ယခုအရေးတွင် တလုံးတပါဒမှ မပြောဘဲ တိတ်ဆိတ် နေကြသော မိမိတို့ကိုယ်မိမိတို့ လူ့အခွင့်အရေးဖခင်ကြီးများဟု ထင်မှတ်နေကြသော HRW အဖွဲ့များအား ပြင်းပြင်းထန်ထန် ချုပ်ချ ပါကြောင်းနှင့် ပျက်စီးသွားသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများနှင့် ပုထိုးတော်များအား အမြန်ဆုံးပြန်လည်ပြုပြင်ပေးပါရန်နှင့် လူနည်းစု ဗုဒ္ဓဘာသာဝင်များ၏ အသက်အိုးအိမ် များအား လုံခြုံစိတ်ချစွာနေထိုင်နိုင်ရန် တာဝန်ယူမူပေးပါရန် သက်ဆိုင်သော နိုင်ငံနှင့်အဖွဲ့အစည်းများအား တောင်းဆိုလိုက်ပါရသည်။
ကမ္ဘာသူကမ္ဘာသားများ ဘာသာရေးအစွန်းရောက်သူများ၏ ရန်မှကင်းဝေးကတ်ပါစီ-----
အားလုံးကို လေးစားစွာဖြင့်
ဦးအောင်မြကျော်
ပြည်နယ်လွတ်တော်ကိုယ်စားလှယ်
ရခိုင်ပြည်နယ်လွှတ်တော်
စစ်တွေမြို့၊ ရခိုင်ပြည်နယ်။
ဖုန်း ၀၉၅၆၈၀၄၇၉


arakanTime

Abu Hamza ကိုအမေရိကန်မှာ စတင်ရုံးထုတ်


အကြမ်းဖက်သမား အဖြစ် စွပ်စွဲခံထားရတဲ့ အစွန်းရောက် မူစလင် တရားဟောဆရာ Abu Hamza al-Masri။ (ဇန်န၀ါရီလ ၂၄ ရက်၊ ၂၀၀၃)။

အကြမ်းဖက်သမား အဖြစ် စွပ်စွဲခံထားရတဲ့ အစွန်းရောက် မူစလင် တရားဟောဆရာ အဘူဟမ်ဇာ အယ်လ် မာဆရီ (Abu Hamza al-Masri) နဲ့အတူ နောက်ထပ် အကြမ်းဖက်သမား အဖြစ် သံသယရှိသူ လေးယောက်တို့ဟာ စနေနေ့က ဗြိတိန် နိုင်ငံကနေ အမေရိကန် ပြည်ထောင်စု

မြန်မာနိုင်ငံ ကူညီထောက်ပံ့ရေး ဥပဒေ အမေရိကန်ပြဌာန်း


အမေရိကန် သမ္မတ ဘရက်အိုဘားမား။

မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ စီးပွားရေးဆိုင်ရာ မူဝါဒနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ချုပ်ရေးစနစ် ပေါ်ပေါက် လာဖို့အတွက် အမေရိကန် အစိုးရနဲ့ လွှတ်တော်က ဥပဒေသစ်နဲ့ ပြသလိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက ပြောလိုက်ပါတယ်။ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းကြီးတွေ

ပညာရေး ပြင်ရန် အတွေးအခေါ် ပြင်ဖို့လိုဟု ၈၈ ပြော



 မြန်မာနိုင်ငံ၏ နိမ့်ကျနေသော ပညာရေးစနစ်ကို ပြုပြင်ရန်မှာ အတွေးအခေါ် အရေးကြီးပြီး
နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်နှင့် ပညာရေး၊ ကျန်းမာရေးစနစ် မည်သည်က ပိုအရေးကြီးသည်ကို ခွဲခြားရန်
လိုအပ်ကြောင်း ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် က မြန်မာနိုင်ငံ ခရစ်ယာန် ဓမ္မတက္ကသိုလ်

အမ်းမြို့ တရားရုံး ဆုံးဖြတ်ချက် မျှတမူ မရှိ၍ ပြည်နယ် ၀န်ကြီးချုပ်ထံ စာရေး အသနားခံ


ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ ရော်ဘာ စိုက်ခင်း  ပိုင်ရှင်အမျိုးသမီး တစ်ဦးသည် သူမပိုင် ရော်ဘာ စိုက်ခင်း မီးလောင်ကျွမ်းခံရမူနှင့် ပတ်သက်ပြီး   မြို့နယ် တရားရုံး၏ ဆုံးဖြတ်ချက် အပေါ် ကျေနပ်မူ မရှိ သဖြင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ထံသို့ စာရေးပြီး ပြန်လည် ဖြေရှင်းပေး ရန် မေတ္တာရပ် ခံ တောင်းဆို လိုက်သည်။
မီးလောင်ပျက်စီးသွားသော မလှဝင်းကြည်ပိုင် ရော်ဘာခင်း (ဓါတ်ပုံ- နိရဉ္စရာ)
တိုင်ကြားသူမှာ မလှဝင်းကြည် ဖြစ်ပြီး ယမန်နေ့ (အောက်တိုဘာ ၆

ဘုန်းကြီးကျောင်း တိုက်ခိုက်ခံရမှု ကော့စ်ဘဇားတွင် လူပေါင်းထောင်ချီ ဆန္ဒပြ


ဘုန်းကြီးကျောင်းများ တိုက်ခိုက်ခံရမှု အပေါ် ဆန့်ကျင် ကန့်ကွက်သည့် အနေဖြင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့တွင် ယနေ့ (အောက် တိုဘာ ၇ရက်) နံနက်တွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူနှင့် ခရစ်ယာန် ဘာသာဝင် တို့ စုပေါင်းပြီး ဆန္ဒပြခဲ့ကြသည်။

KIA ကချင်ပြည်နယ် အနှံ အပြား မိုင်းထောင် နေ


 အောက်တိုဘာလ(၄) ရက်တွင် ကချင်ပြည်နယ်၊ မြို့လှမြို့နယ်ခွဲ၊ အုတ်ချီရွာမှ  ရွာသား (၃) ယောက်ဟာ ကျွဲပျောက်၍ သွားရောက်ရှာဖွေစဉ် မြို့လှမြို့နယ်ခွဲရဲ့ အရှေ့ဘက် (၇) မိုင်လောက်ဝေးတဲ့နေရာမှာ ရှိတဲ့
ကိုင်းကြိုးလွင်တောင်ယာစုနဲ့ နန့်မလင်းတော ကြား အမတ်ကြီးကုန်းရွာကို သွားတဲ့လမ်းပေါ်မှာ KIA ထောင်ထားတဲ့မိုင်းကို နင်းမိပြီး မိုင်းပေါက်ကွာလို့ တစ်ယောက်သေ ဆုံးသွားတယ်လို့သိရပါတယ်။

  သေဆုံးသူမှာ ကျွဲပိုင်ရှင် ဦးကျော်စိုးပြီးပြီး ကျန်နှစ်ယောက်ဖြစ်တဲ့ ဦး သန်းအောင်နဲ့ ဦးအုန်းလှိုင်တို့ဟာ မိုင်းစများထိမှန်ခဲ့သဖြင့် ဒဏ်ရာများရရှိကာ မြို့လှမြို့နယ်ခွဲ တိုက်နယ်ဆေးရုံမှာ ကုသဆေးကုသမှု ခံနေရတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ကဲ့သို့ KIA က ထောင်ထားတဲ့ မိုင်းအားဒေသခံ ရွာသူရွာသားများ နင်းမိခြင်းဖြစ်စဉ်များ မကြာခဏဖြစ်ပွား လျက်ရှိတယ်လို့သိရပါတယ်။



 ဖေဖေါ်ဝါရီလ (၁) ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ ခွန်ပအို့ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီမှ မန်နေဂျာ ဦးကျော်လေးနှင့် လုပ်ငန်းကြီးကြပ်သူ ဦးဝင်းမြင့်တို့(၂)ဦးဟာ KIA က ထောင်ထားတဲ့ မိုင်းနင်းမိပေါက်ကွဲလို့ အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။
ထို့အတူ ဇန်န၀ါရီလ (၂၉) ရက်နေ့မှာလည်း ဖားကန့်မြို့နယ်၊ လိုက်ဆဲတောင်တက်ကားလမ်းမှာ ဆိုင်ကယ်တစ်စီး ၀ါးဆစ်မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

 ဦးလက်ခိုမန်း(၃၄နှစ်)ရဲ့ ၀ဲပေါင်ရိုးကျိုး ဒဏ်ရာ ရရှိပြီး မောင်ပိုင်(၂၇နှစ်)ရဲ့ ၀ဲဘက်ပေါင်ခြေသလုံး မိုင်းစထိမှန်တဲ့ ဒဏ်ရာရရှိခဲ့ပါတယ်။ သူတို့နှစ်ဦး အနေနဲ့ ဖားကန့်မြို့နယ်၊ တာမခံရွာသို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ်မှာ ကချင်တပ်ဖွဲ့ KIA က ထောင်ထားတဲ့ မိုင်း နင်းမိပေါက်ကွဲ သွားခြင်းဖြစ်ပါတယ်။


ဧပြီလ ၁၉ ရက်နေ့ မှာလည်း KIA တပ်ရင်း ၁၄ မှ ထောင်ထားသောမိုင်းနင်းမိခဲ့ပြီး ဒေသခံ ဦးထွန်းအေးမှာ ညာဘက်ပေါင်ကျိုးသွားသဖြင့် မြစ်ကြီးနားဆေးရုံတက်ရောက်ခဲ့ရပါတယ်။


ကချင်ပြည်နယ်အတွင်းမှာ အလားတူဖြစ်စဉ်မျိုးများစွာရှိခဲ့ပြီး လက်ရှိအချိန်အထိ KIA မှထောင်ထားသော မိုင်းနင်းမိ၍ သေဆုံး/ ဒဏ်ရာရသူ ဒေသခံ အရပ်သား (၁၀၂) ယောက် ရှိနေပြီလို့ သိရပါတယ်။ KIA မှ အစိုးရတပ်အတွက် ရည်ရွယ်ထောင်ထားသော မိုင်းများဟာ ဒေသခံများ အတွက် အန္တရာယ် ဖြစ်လျက်ရှိသဖြင့် ဒေသခံ ရွာသူရွာသားများဟာ စိုးရိမ်ကြောက်ရွံ့လျက်ရှိပါတယ်။



ကချင်းသတင်းဌာန

4 October 2012

ဘဏ္ဍာအခွန်သတင်း မီဒီယာ ဆက်သွယ်မေးမြန်းနိုင်


ဗဟိုဘဏ်အပါအ၀င် ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ သတင်းတွေ ထုတ်ပြန်ပေးဖို့ ဒုဝန်ကြီးခေါင်းဆောင်တဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းထားတယ်လို့ ၀န်ကြီးဌာနက ပြောပါတယ်။
မီဒီယာနဲ့ မပြောဖို့ ဗဟိုဘဏ်ကနေ ပုဂ္ဂလိကဘဏ်တွေကို ညွှန်ကြားချက် ထုတ်ပြန်ထားတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အဲ့ဒီသတင်း မဟုတ်တဲ့အကြောင်းနဲ့ သတင်းထုတ်ပြန်ရေး အတွက် ဆောင်ရွက်ထားပုံကို ၀န်ကြီးဌာနအဖွဲ့ခွဲမှူး ဦးကြည်ဇင်ထွန်းက အခုလို ပြောပါတယ်။
ဗဟိုဘဏ်(နေပြည်တော်)က ၀န်ထမ်းတဦး (ဓာတ်ပုံ- ရိုက်တာ)
“မီဒီယာနဲ့မတွေ့ဖို့တော့ မညွှန်ကြားဘူး။ ကျနော်တို့ ဒု-၀န်ကြီးကလည်း သတင်း ထုတ်ပြန်ရေးခေါင်းဆောင်လေ၊ သူကလည်း မီဒီယာနဲ့တွေ့ဖို့ အားပေးနေတာ ။ ဒေါက်တာမောင်မောင်သိန်း (ဒု-၀န်ကြီး) ခေါင်းဆောင်ပြီးတော့ ပြည်တွင်း အခွန်ညွှန်ချုပ်ပါတယ်။ အကောက်ခွန်ညွှန်ချုပ်ပါတယ်။ ပင်စင်ညွှန်ချုပ်ပါတယ်။ အားလုံးပေါင်း ၆ ယောက်။ အတွင်းရေးမှူးက ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း။ အဲအဖွဲ့ကနေ ပြည်သူလူထု သိသင့်တဲ့ သတင်းတွေဆို အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးဖို့၊ ဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး သုံးသပ်ပြီး ဆောင်ရွက်သင့်တဲ့ သတင်းမီဒီယာလုပ်ငန်းတွေ ဆောင်ရွက်ဖို့၊ နောက်တခါ နိုင်ငံတကာအဖွဲ့အစည်းများ၊ သတင်းဌာနများက မေးမြန်းတာတွေကို  ဒီအဖွဲ့ကနေ ဖြေကြားပေးဖို့ ၊ နောက် လက်အောက်ခံမှာ ဌာန ၁၁ ခုရှိတယ်။ သူတို့တွေက ဘာထုတ်ပြန်ချင်တယ်၊ ဘာပြောချင်တယ်၊ ဘာသတင်းတွေပေးချင်တယ် ဒါတွေကို သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဆက်သွယ်ဆောင်ရွက်ဖို့ မူတွေချထားပါတယ်။”
ဗဟိုဘဏ်က မီဒီယာမပြောနဲ့ဆိုတဲ့ ကောလာဟလနဲ့ ပတ်သက်ပြီး ကမ္ဘောဇဘဏ်က အထွေထွေ မန်နေဂျာ ဦးဇော်လင်းထွဋ်က အခုလိုပြောပါတယ်။
“မီဒီယာတွေကို မပြောနဲ့လို့ မပြောထားဘူး။ ကျနော်သိသလောက်တော့ ပြောလို့ရပါတယ်။ ဒါပေမယ့် အချက်အလက် ခိုင်ခိုင်လုံလုံနဲ့ပြောဖို့ အဲလိုပုံစံမျိုးပြောတာပါ။ တချို့ပြောလိုက်ပြီးရင် တချို့မီဒီယာတွေက ပြောတာနဲ့ ရေးတာ နည်းနည်းလွဲနေတာတွေ့ရတယ်လေ။ တချို့လူတွေကပြောတာတော့ အမှန်ပြောလိုက်တယ်။ ဒါပေမယ့် အချက်အလက်တွေ လွဲမှားတာတွေ တွေ့ရတယ်လေ။”
ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ရက်က ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ သိလိုတာရှိရင်  အဖွဲ့ရဲ့အတွင်းရေးမှူး ဦးမောင်မောင်ဝင်း ဖုန်းနံပါတ် ၀၁ – ၄၁၀ ၄၅၀ ကိုဆက်သွယ်နိုင်ကြပါတယ်။

DVB

အမေရိကရောက် ဦးအေးသာအောင်နှင့် ယူတီကာရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံဆွေးနွေး






Ayetharaunginutikaအမေရိကသို့ရောက်ရှိနေသော ဦးအေးသာအောင်သည် အောက်တိုဘာလ ၁ ရက်နေ့က ယူတီကာမြို့မှ မြန်မာမိသားစုများနှင့် တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး၊ တိုင်းရင်းသားအရေးနှင့် ပက်သက်၍ မေးမြန်းခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ ရခိုင်၊ ကရင်၊ ဗမာ အမျိုးသား ၁၅၀ ခန့် တက်ရောက်ခဲ့ပြီး ဦးအေးသာအောင်အား ဂုဏ်ပြုသည့်အနေဖြင့် ရခိုင်သီချင်း၊ ရခိုင်အကများဖြင့် ကြိုဆို ဖျော်ဖြေခဲ့သည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်(အမေရိက) ဒု-ဥက္ကဌ ခိုင်လင်းမှ ဦးအေးသာအောင်၏ အတ္ထုပတ္တိက

မြန်မာနှင့် ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့တို့ နယ်စပ်တွင် တွေ့ဆုံ


နှစ်နိုင်ငံ အလံတင် တပ်မှူး အဆင့် ဆွေးနွေးပွဲကို မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နယ်ခြား စောင့်တပ်ဖွဲ့တို့ အကြား ယမန်နေ့က ဘင်္ဂလာဒေခ်ျ့ အပိုင် နယ်စပ် ကျေးးရွာ တစ်ခု ဖြစ်သော ခေါင်းတုံးတွင် ပြုလုပ်ခဲ့သည်။
နစကနှင့် ဘီဂျီဘီ တပ်မှူးများ ယခုလို မကြာခဏ တွေ့ဆုံကြသည်။

3 October 2012

အာရှ၏ ကိုလိုနီခေတ် နောက်ဆုံးခံတပ်ကြီးကို ထိန်းသိမ်းခြင်း


lPhotoအေပီသတင်းဌာနမှ ဒဲန်းနစ်ဂရေး၏ ဆောင်းပါးကို အောင်ထွန်းဦး ဘာသာပြန်သည်။
အာရှမှာ ဒီလိုနေရာမျိုး ဘယ်နေရာမှာမှ နောက်ထပ်မရှိတော့ပါဘူး။ လူမျိုးစုမျိုးစုံကြားမှာ ရာစုနှစ်တစ်ခုထက်ပိုပြီး ပကတိအတိုင်း လန်းလန်းဆန်းဆန်းနဲ့ အရောင်အသွေးစုံလင်စွာ ရှိနေခဲ့တဲ့ ခန့်ညားပြီး အညတရဖြစ်တဲ့ ကိုလိုနီခေတ်

ဗုဒ္ဓဘာသာဝင်များကို တိုက်ခိုက်မူ နိုဘယ်လ် ဆုရှင် ဒေါက်တာ ယူနိုး ကျေညာချက်ထုတ်၊ ပြန်ကြားရေး ၀န်ကြီး လမ်းပေါ်ထွက် ဆန္ဒပြ


ဘင်္ဂလာဒေခ်ျ့ နိုင်ငံက  ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေနဲ့  ဗုဒ္ဓဘာသာဝင်များရဲ့  နေအိမ်တွေကို မီးရှို့တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး  နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါက်တာ မူဟာမတ် ယူနိုးမှ ကျေညာ ချက် တစ်စောင် ထုတ်ပြန်လိုက်ပြီး သတင်း ပြန်ကြားရေး ၀န်ကြီး ဟာဆန်နုရ်ဟုပ် အီနုရ် ကတော့  လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပါတယ်။

ဓါတ်ပုံဆရာ လောအယ်စိုး ဓာတ်ပုံသတင်းထောက် ကိုဂုဏ်ပြုမှတ်တမ်း

DVB

ရခိုင်ပြည်နယ်ကို ဖျက်ဆီးမည့် ဧရာဝတီ-အောင်ဇော် သမ္မတမျက်နာကို ခြေထောက်နဲ့  ကန်သည့်အကောင်(ပေးစာ)


တို့ မီး ရို့ မီးများ မရှိစေရန်  နိုင်ငံတော်
က အထူးအာရုံစိုက်လုပ်ကိုင်နေသော
 ရခိုင်ပြည်နယ်အရေးသည် အင်မတန်
အရေးကြီးသည် ။သမ္မတကြီးဦးသိန်းစိန်
က အမေရိကပြည်ထောင်စု

 နယူးယောက်မြို့  ကုလသမဂ္ဂညီလာခံသို့ တက်ရောက်ခဲ့ စဉ် ကုလသမဂ္ဂ

သံလွင်ရေကာတာ စီမံကိန်းများ ရပ်တန့်ရေး ကရင်နီ ကွန်ယက် တောင်းဆို


ကယားပြည်နယ်အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ်မှာ ရွာသစ် ရေကာတာ စီမံကိန်း တည်ဆောက်နေမှုနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု လိုအပ်နေတဲ့အတွက် ကရင်နီ လူမှုအဖွဲ့အစည်းများ ကွန်ယက် အနေနဲ့ သမ္မတထံ အိပ်ဖွင့်ပေးစာ ပေးပို့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
AFP
သံလွင်မြစ်ဖျားပိုင်းမှ မြင်ကွင်းတစ်ခု ဖြစ်ပါသည်။
ကရင်နီ လူမှုအဖွဲ့အစည်းများ ကွန်ရက် (KCSN) က ရန်ကုန်မြို့ စီးတီး စတား ဟိုတယ်မှာ ဒီကနေ့ မွန်းလွဲပိုင်းက သတင်းစာရှင်းလင်းပွဲ

ဘန်ကောက် ရဟန်းတော်များ ဆန္ဒပြသတင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရဟန်းတော်  ၃၀၀ ခန့်က ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ဘုန်းတော်ကြီး ကျောင်းများနှင့် ဗုဒ္ဓဘာသာဝင်များ နေအိမ်များကို မီးရှို့ တိုက်ခိုက် ခံရမူ အပေါ် ကန့်ကွက် ဆန္ဒပြခဲ့ကြသော သတင်းကို ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ယနေ့တွင် ဖေါ်ပြကြသည်။

အင်္ဂလိပ်လို ထုတ်ဝေသည့် New Age

ဂျော်ဂျီယာ ပါလီမန် ရွေးကောက် ပွဲ မှာ ရုရှား လိုလားတဲ့ ပါတီ အနိုင်ရ


1003-Georgia_Parliamentary_Election_full_600
နောက်ဆုံး ရရှိသည့် သတင်းများ အရ ဂျော်ဂျီယာ ပါလီမန် ရွေးကောက် ပွဲ တွင် ရုရှား လိုလား
သည့် အတိုက် အခံ Georgian Dream ပါတီ မှ အနိုင် ရရှိ ခဲ့ သည် ဟု အာဏာရ ပါတီ United
National Movement မှ ၀န်ခံ ခဲ့ သည်။

OIC ကို နိုင်ငံ တွင်း ဉ် အခြေချ ခွင့်ရန် သဘောမတူ သည့် ကန့် ကွက် ပွဲ များ ပြု လုပ် မည်



308016_388513647886601_1704505450_nOIC အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ၏ လူသားချင်း စာနာမှုဆိုင်ရာ ရုံးခန်း နှင့် ၎င်း တို့ 
၏ မည်သည့် ယန္တယား ကို မှ မြန်မာ နိုင်ငံ တွင်း လည်ပတ် ရန် မြန်မာ နိုင်ငံ တွင်း ဉ် ခွင့် ပြု ရန်
သဘော မ တူ ကြောင်း မျိုး ချစ် လူငယ် များ ကွန်ယက် မှ တာဝန်ရှိ သူ ကို အေးကျော် က FNG
ကို ပြောသည်။

တပ်ပြေးကလေးစစ်သားကိစ္စ လူ့အခွင့်အရေးကောင်စီကို တင်ပြ



အဓမ္မ စစ်တပ်တွင်း သွတ်သွင်းခံရတဲ့ ကလေးစစ်သား တစ်ဦး ပြန်လည်ထွက်ပြေး လွတ်မြောက်လာကြောင်း သိရပါတယ်။
ပြည်မြို့က မောင်သန်းနိုင်ထွန်း ဆိုသူ အသက် ၁၄ နှစ် အရွယ် ကျောင်းသားလေး ကို ၂၀၀၈ ခုနှစ်က စစ်သားတစ်ဦးက အလုပ်ရမယ်ဆိုပြီး ခေါ်ဆောင်သွားပြီး  စစ်တပ်ထဲကို အဓမ္မ သွင်းခဲ့ပါတယ်။
မောင်သန်းနိုင်ထွန်းဟာ  လားရှိုးမြို့ သံချပ်ကာတပ်မှာ တာဝန်ထမ်းဆောင်နေခဲ့ရပြီး ၃ နှစ် အကြာမှာ ထွက်ပြေးပြီး မိဘထံ ပြန်လည် ရောက်ရှိလာပါတယ်။
ဒါပေမဲ့ တပ်ပြေးတစ်ဦး ဖြစ်နေတာကြောင့် ဒီကိစ္စကို ကြားဝင်ဆောင်ရွက်ပေးဖို့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကောင်စီကို မိဘတွေက ဒီကနေ့ တင်ပြထားသလို ILO ကိုလည်း ဆက်လက်တင်ပြမယ်လို့ သိရပါတယ်။


RFA

ရခိုင်ဒေသ လူထုအစည်းအဝေးမှ ဆုံးဖြတ်ချက်များအား နိုင်ငံတော် အစိုးရထံသို့ ပေးပို့






ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် စက်တင်ဘာ ၂၅၊ ၂၆ ရက်နေ့က ကျင်းပခဲ့သော လူထုအစည်းအဝေးမှ ဆုံးဖြတ်ချက်များအား စက်တင်ဘာ(၃၀) ရက်နေ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရထံသို့ အမြန်ချောပို့ဖြင့် ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

အိမ်ရှင်မတွေကို လစာပေးသင့်ရဲ့လား


အိန္ဒိယမှာ ခင်ပွန်းသည်တွေက အိမ်ရှင်မတွေကို အိမ်ဝေယျာဝစ္စအတွက် လခပေးရမယ်ဆိုတဲ့ ဥပဒေတရပ်ကို ပြဋ္ဌာန်းနိုင်ဖို့ မူကြမ်းရေးဆွဲထားပါတယ်။ အိန္ဒိယအစိုးရရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကတော့ ဒီဥပဒေဟာ ချောင်ထိုးခံထားရတဲ့ အမျိုးသမီးတွေကို အင်အားမြင့်မားလာစေမယ်လို့ မျှော်လင့်နေပါတယ်။
ဒါပေမယ့် ဥပဒေကို အိမ်ထောင်ရှင်အမျိုးသားတွေနဲ့ အမျိုးသမီးအဖွဲ့တွေက ဝေဖန်နေကြပါတယ်။ ဒီအကြောင်း သတင်းထောက် ဘစ္စမေလာ ဂီလာနီက နယူးဒေလီကနေ သတင်းဆောင်းပါးပေးပို့ ထားတာကို နားဆင်ကြရမှာပါ။

DVB

လွှတ်တော်တွင်း တင်ပြချက်များသည် ပြည်သူ့လိုအပ်ချက်နှင့် ကွဲလွဲနေဟု ဒေါ်ဖြူဖြူသင်းပြော


လွှတ်တော်တွင်းမှာ တင်ပြချက်တွေဟာ မဲဆန္ဒနယ်ထဲက ပြည်သူ့လိုအပ်ချက်တွေနဲ့ အတော်များများ ကိုက်ညီမှု မရှိသေးဘူးလို့ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့

မန္တလေး ရေဘေးဒုက္ခသည်များ အကူအညီလိုအပ်


မန္တလေးမြို့မှာ စက်တင်ဘာလ ၃၀ နဲ့ အောက်တိုဘာလ ၁ ရက်နေ့တွေက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ပရံချောင်း ရေလျှံမှုကြောင့် မြို့သစ်နေရာ တချို့မှာ ရေတွေဝင်ရောက်လာပြီး ပြန် မထွက်တာကြောင့် ဒေသခံ ရေဘေးဒုက္ခသည်တွေ အကူအညီ လိုအပ်နေပါတယ်။
မန္တလေးမြို့သစ်က အောင်ပင်လယ် ရပ်ကွက်၊ အောင်သာယာ ရပ်ကွက်၊ ကံသာယာ ရပ်ကွက်၊ မြရည်နန္ဒာ ရပ်ကွက်၊ ထွန်တုံး ရပ်ကွက်၊ သိုးခြံဘူတာ အနီး တ၀ိုက် ရေကြီးရေလျှံ မှု ဖြစ်ပွားခဲ့ပါတယ်။
(ဓာတ်ပုံ- ဒီဗွီဘီ)
ဒီမနက်ပိုင်းမှာ ရေကျသွားပေမယ့် ရေဘေးေ

facebook မှကြည့် ချင်ရင် like လုပ်ပါ