ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 January 2013

အလုပ်သင်ဆရာဝန်ဘ၀ ၂။


မြန်မာပြည်မှာ ချမ်းသာတဲ့သူတွေကရက်ရက်စက်စက်ချမ်းသာနေသလောက် ဆင်းရဲတဲ့သူတွေကလည်း စဉ်းစားလို့မရလောက်အောင်ကိုအတိဒုက္ခရောက်နေကြရှာတယ်။ ဆင်းရဲတာကိုအကြောင်းပြပြီး ကိုယ့်သားသမီးစွန့်ပစ်တဲ့သူတွေ၊ တောင်းစားခိုင်းနေတဲ့မိဘတွေကိုတွေ့ဖူးသလို အရမ်းကိုဆင်းရဲရုံသာမက စိတ်အခြေအနေမူမမှန်ပေမယ့်လည်း ကိုယ့်သားသမီးဆိုတဲ့အသိနဲ့ မစွန့်လွှတ်နိုင်ဘဲချစ်တဲ့မိဘကိုလည်းတွေ့ဖူးခဲ့တယ်။
အဲဒီနေ့က သားဖွားမီးယပ်ဌာနမှာအတော်လေးကိုအလုပ်ရှုပ်နေခဲ့တယ်။ ညနေဘက်လောက်မှာ အရေးပေါ်ပြင်ပလူနာဌာနကနေဖုန်းဆက်တယ်။ စိတ်သိပ်မကောင်းတဲ့ ဗိုက်ကြီးသည်တစ်ယောက်ကို လမ်းဘေးမှာတွေ့လို့ခေါ်လာပေးတာရှိတယ်။ အခုလွှတ်ပေးလိုက်မယ်တဲ့။ အလုပ်ရှုပ်နေတဲ့အချိန်မှ လူနာအသစ်ရောက်မယ်ဆိုတော့ စိတ်တော့နည်းနည်းညစ်တယ်။ ပိုဆိုးတာက စိတ်မနှံ့တဲ့လူနာဆိုတော့ ပိုစိတ်ညစ်တယ်။ စိတ်မနှံ့တဲ့လူနာတွေက လူကောင်းကိုင်တွယ်ရသလိုမျိုးမပာုတ်ဘူးလေ။ ပြောစကားနားထောင်ချင်မှနားထောင်တဲ့အပြင် ဆရာဝန်ကိုလည်းဆဲချင်ဆဲ ကန်ချင်ကန်လုပ်တတ်တာကိုး။ ဖုန်းဆက်ပြီးသိပ်မကြာခင်မှာ တွန်းလှည်းနဲ့ဗိုက်ကြီးသည်တစ်ယောက်ရောက်လာတယ်။ ကတုံးဆံပင်ပေါက်နဲ့ တကိုယ်လုံးညစ်ပတ်နံစော်နေတဲ့အပြင် ပါးစပ်ကလည်းတစ်တွတ်တွတ်ရွတ်နေတာဆိုတော့ မေးစရာမလိုဘဲကို ခုနကပြောထားတဲ့ စိတ်မနှံ့တဲ့တစ်ယောက်ဆိုတာ သိသာပါတယ်။ လမ်းထဲမှာ ဗိုက်နာလို့အော်ငိုနေတာတွေ့လို့ဆေးရုံခေါ်လာပေးတာလို့ပြောတယ်။ အသက်ကလည်း နှစ်ဆယ်အစိတ်လောက်ပဲရှိဦးမယ်။ လမ်းဘေးမှာလျှောက်သွားနေတဲ့ ရုပ်ကလေးကလည်း အသေအချာဖီးလိမ်းပြင်ဆင်ထားရင် ဆိုးတဲ့အထဲမပါလောက်တဲ့ စိတ်မနှံ့တဲ့သူဆိုတော့ ဒီဗိုက်ဘယ်သူ့လက်ချက်လဲဆိုတာ ကောက်ရိုးပုံထဲအပ်ရှာရတာကမှ လွယ်ဦးမှာပေါ့။ ဘာမှလည်းမေးလို့မရဘူး။ ကံကောင်းချင်တော့ သူတို့အိမ်ကိုသိတဲ့တစ်ယောက် ဆေးရုံမှာရှိနေလို့ သွားအကြောင်းကြားခိုင်းလိုက်ရတယ်။ လူနာကတော့ မွေးမယ့်အခြေအနေမှာမရှိသေးပါဘူး။ အတော်လေးကြာတော့ သွားအကြောင်းကြားတဲ့လူနဲ့အတူ တုန်တုန်ရီရီအဖွားအိုကြီးတစ်ယောက် ပါလာတယ်။ သူ့မြေးတော်တယ်လို့ပဲသိရတယ်။ အမေကြီးကလည်း သူတောင်သူများပေးစာကမ်းစာစားနေရတာဆိုတော့ သူ့မြေးလေးမစောင့်ရှောက်နိုင်ဘူးဖြစ်နေရှာမှာပေါ့။ သွားခေါ်ပေးတဲ့လူက အမတစ်ယောက်တော့ရှိသေးတယ် သွားခေါ်တာလည်းမလိုက်လာဘူးလို့ပြောတယ်။ ကဲပါလေ ထားပါတော့ ဆေးရုံရောက်နေပြီဆိုတော့ စောင့်ရှောက်ရမှာက ဆေးရုံတာဝန်ဖြစ်ပြီကိုး။ ဘေးနားကလူနာတွေကလည်း ဒုက္ခရောက်တဲ့မြေးအဖွားကို ၀ိုင်းပြီးဂရုဏာပိုကြရှာပါတယ်။ အစိုးရဆေးရုံဆိုတော့လည်း မရှိတဲ့သူတွေချည်းပေမယ့် ရှိတဲ့အစားအသောက်လေး အသုံးမလိုတော့တဲ့အ၀တ်အထည်လေးတွေ ၀ိုင်းဝန်းကူညီကြရှာတယ်။ လူနာက စိတ်မနှံ့ပေမယ့် ရိုင်းရိုင်းစိုင်းစိုင်းကြီးတော့လည်း မပာုတ်ရှာဘူး။ ဆရာဝန်တွေကိုဆိုရင် ရိုရိုသေသေပဲစကားပြောတယ်။ အော်ကြီးပာစ်ကျယ်လည်းမလုပ်ဘူး။ သူ့ဘာသာသူတတွတ်တွတ်နဲ့ပြောနေတာပဲရှိတယ်။ ကလေးမွေးတော့လည်း သွေးပေါင်တွေအရမ်းတက်နေလို့ ခွဲမွေးခဲ့ရတယ်။ ကံကောင်းတယ်ပဲပြောမလားတော့မသိဘူး။ မွေးတဲ့ကလေးက ယောက်ျားလေးဖြစ်နေတယ်။ စိတ်သာမနှံ့တာ သူ့သားလေးကိုတော့သိတယ်ဗျ။ မွေးပြီးနောက်နေ့ကျတော့ သူ့သားလေးကိုနို့တိုက်ပြီး ထွေးပွေ့ထားတာ လူကောင်းအတိုင်းပဲ။ ဒါပေမယ့်သူစိတ်မနှံ့ဘူး။ သူ့တစ်ယောက်စာတောင် သူကောင်းကောင်းထိန်းကျောင်းနိုင်စွမ်းမရှိတာ သူ့ကလေးကိုသူမွေးမြူနိုင်စွမ်းမရှိဘူးလေ။ အဲဒါနဲ့ဆေးရုံအစီအစဉ်နဲ့ ကလေးကို ဂေပာာပို့ဖို့စီစဉ်ရတယ်။ ကလေးကိုလာမခေါ်ခင် သွေးတိုးစမ်းကြည့်ပြီး ညိုမ နင့်ကလေးငါတို့ကိုပေးပါလားဆိုတော့ မပေးဘူးတဲ့။ ချစ်တယ်တဲ့။ ကလေးလာခေါ်တဲ့နေ့ကျတော့ သူ့ကိုနားလည်အောင်ပြောပြရတာပေါ့။ စိတ်မကောင်းတဲ့သူပေမယ့် သူ့ကလေး ကောင်းဖို့ဆိုတာကိုနားလည်ပုံရပါတယ်။ ဘာမှတော့အကြောက်အကန်မလုပ်ရှာဘူး။ ပေးခါနီး သူ့ကလေးလေးကိုဖက်ထားပြီး ငိုနေတဲ့ပုံပာာ စိတ်ထိခိုက်လွန်းလို့ ဒီတစ်သက်မေ့နိုင်မယ်မထင်တော့ဘူး။ ချမ်းသာတဲ့သူတွေထားစရာမရှိဖြစ်နေတာကို မနာလိုမဖြစ်ပါဘူး။ ဆင်းရဲတဲ့သူတွေ ဒုက္ခရောက်နေတာကိုတော့ မကြည့်ရက်ဘူး။ ဒီလိုအဖြစ်အပျက်မျိုးတွေထပ်မမြင်ချင်တော့ဘူး။




 


No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ