ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 January 2013

သုတေ သနပြု စီမံကိန်း အောင်မြင် လာပါက ဆန်စက်များ၌ ကျယ်ကျယ် ပြန့်ပြန့် အသုံးပြု နိုင်ပြီး ကျေးရွာ မီးလင်းရေး လုပ်ငန်းများတွင် အထောက် အကူ ပြုနိုင်မည်


Photo:  http://www.myawady.net.mm/allnews/localnews/item/3949-2013-01-09-10-14-35
မြန်မာ နိုင်ငံတွင် စပါးခွံ ဓာတ်ငွေ့ အသုံးပြု လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး စွမ်းအား မြှင့်တင်မှု အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာ့ လယ်ယာ ထွက်ကုန် ပစ္စည်း ရောင်းဝယ်ရေးနှင့် ဂျပန်နိုင်ငံ Bio-Fuel Co., Inc တို့ ပူးပေါင်း သုတေ သနပြု စီမံကိန်း အကောင် အထည် ဖော်ရေး လုပ်ငန်း သဘော တူညီချက် လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် အဆိုပါ ဝန်ကြီးရုံး အစည်း အဝေး ခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က ပြည်တွင်း၌ အသုံးပြု နေကြ သည့် စပါးခွံ ဓာတ်ငွေ့ အင်ဂျင်များမှာ ပြည်တွင်းရှိ ကျွမ်းကျင် သူများက ထုတ်လုပ်သည့် စက်များ ဖြစ်ပြီး စပါးခွံ ဓာတ်ငွေ့တွင် ပါ လာသော ကတ္တရာကို ကုန်စင်အောင် မသန့်စင် နိုင်သည့် အတွက် စက်လည်ပတ်မှု မတည်ငြိမ်ခြင်း၊ အင်ဂျင် သက်တမ်း ကျဆင်းခြင်း၊ မကြာခဏ အင်ဂျင် ဖွင့်၍ ကတ္တရာများ သန့်စင် ပေးရခြင်း စသော အားနည်းချက်များ ရှိသည့် အပြင် ပတ်ဝန်းကျင် ပြည်သူများ အတွက်ပါ ကျန်းမာရေး ထိခိုက် လာနိုင်ဖွယ် ရှိကြောင်း၊ ထို့ကြောင့် ဂျပန်နိုင်ငံ METI နှင့် NEDO တို့မှ တာဝန်ရှိ သူများ မြန်မာ နိုင်ငံသို့ ၂ဝ၁၂ ခုနှစ် သြဂုတ်လ အတွင်းက လာရောက်ပြီး MAPT၊ မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်း၊ မြန်မာ ဆန်စက် ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိ သူများနှင့် တွေ့ဆုံ ညှိနှိုင်းခြင်း၊ ကွင်းဆင်း လေ့လာခြင်း များကို ညှိနှိုင်း ဆောင်ရွက် ခဲ့ကြပြီး ယင်းစီမံ ကိန်းကို ဂျပန်နိုင်ငံ NEDO အကူအညီဖြင့် ပူးပေါင်း ဆောင်ရွက်ရန် ၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၁ဝ ရက်က METI နှင့် မြန်မာ့ လယ်ယာ ထွက်ကုန် ပစ္စည်း ရောင်းဝယ်ရေး တို့သည် Meeting Minute ကို နှစ်ဖက် လက်မှတ် ရေးထိုး နိုင် ခဲ့ကြ ကြောင်းဖြင့် ပြော ကြားသည်။

ဤသုတေ သနပြု စီမံကိန်းသည် နည်းပညာ မြင့်မားသည့် ဂျပန်နိုင်ငံမှ ပညာရှင်များ လာရောက်ပြီး မိမိတို့ နိုင်ငံမှ ပညာရှင် များနှင့် ပူးပေါင်း ဆောင် ရွက်မည် ဖြစ်၍ အောင်မြင်မည် ဟုလည်း တထစ်ချ ယုံကြည် မိကြောင်း၊ ယင်းစီမံကိန်း အောင်မြင် လာပါက မိမိတို့ နိုင်ငံတွင် ရှိသည့် ဆန်စက်များ၌ ကျယ်ကျယ် ပြန့်ပြန့် အသုံးပြု လာနိုင်မည် ဖြစ်သည့် အပြင် ကျေးရွာ မီးလင်းရေး လုပ်ငန်းများ တွင်ပါ များစွာ အထောက် အကူပြု နိုင်မည် ဖြစ်ကြောင်း၊ စီမံကိန်း အောင်မြင်ရေး အတွက် အတူပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ပြီး ယင်းစီမံကိန်းကို အဓိက ပံ့ပိုး အကူအညီ ပေးခဲ့သည့် NEDO အဖွဲ့အား အထူး ကျေးဇူးတင်ရှိ ပါကြောင်းဖြင့် ပြောကြား သည်။

ဆက်လက်၍ NEDO ဥက္ကဋ္ဌ Dr. Kazuo Furukawa က စီမံကိန်း ဆိုင်ရာ အချက်အလက် အကျဉ်းချုပ်ကို ရှင်းလင်း ပြောကြားပြီး မြန်မာ့ လယ်ယာ ထွက် ကုန် ပစ္စည်း ရောင်းဝယ်ရေး ဦးဆောင် ညွှန်ကြားရေး မှူးနှင့် Bio -Fuel Co., Inc ဥက္ကဋ္ဌ Mr. Tomitake Maruyama တို့က သုတေသန လုပ် ငန်း ဆောင်ရွက်မှု သဘော တူညီချက်ကို လက်မှတ် ရေးထိုး ကြသည်။

စီမံကိန်းကို ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ အထိ အကောင် အထည်ဖော် ဆောင်ရွက်မည် ဖြစ်ပြီး စီမံကိန်း အတွက် NEDO မှ ဂျပန် ယန်းသန်း ၉ဝ နှင့် Bio-Fuel Co., Inc မှ ဂျပန် ယန်းသန်း ၄ဝ ထည့်ဝင်မှုဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိ ရသည်။


Photo:  http://www.myawady.net.mm/allnews/localnews/item/3949-2013-01-09-10-14-35 
 


 

From : မြဝတီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ