ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 January 2013

အလုပ်သင်ဆရာဝန်ဘ၀ တစ်ညတာ။


တစ်ညဆေးပညာဌာနမှာ နိုက်ဂျူတီကျနေတဲ့အချိန်မှာ တွန်းလှည်းနဲ့မေ့မြောနေတဲ့ သက်လတ်ပိုင်းလူနာတစ်ယောက် ရောက်လာတယ်။ ဘေးနားမှာပါလာတဲ့လူတစ်ယောက်ကို History လှမ်းမေးလိုက်တယ်။ “လူနာဘာဖြစ်တာလဲ” “မသိဘူးဗျ။ ကျနော်ကလူနာရှင်မပာုတ်ဘူး ကျနော်တို့ရပ်ကွက်ထဲမှာ လဲနေလို့ခေါ်လာတာ” သွားပြီ။ ဘာမှဆက်မေးလို့မရနိုင်တော့ဘူး။ ပိုင်ရှင်မဲ့ဖြစ်ပြီ။ ကြီးကြပ်တဲ့ဆရာက DKA ဖြစ်နေဦးမယ်။ ဆီးချိုဖောက်ဆိုလို့ ဖောက်စစ်ကြည့်တော့ ဆီးချိုစက်က ဂဏန်းမပြနိုင်တော့ဘူး High တဲ့။ Hourly ဆီးချိုစစ်ရမယ်၊ Drip သွင်းရမယ်ညွှန်ကြားပြီးဆရာပြန်ထွက်သွားတယ်။ “ပော့ရောင် Drip ပုလင်းတော့ ရှိတယ်။ Drip set မရှိဘူး။ ဘာနဲ့သွင်းမတုန်း” “ခဏနေဦး ငါလူနာတွေဆီကချေးကြည့်လိုက်ဦးမယ်”
“ဘယ်သူ့ဆီမှာ ဆေးသွင်းပိုက်အပိုလေးများ ရှိလဲဗျ။ ကျနော်တို့မနက်ဖြန်ကျရင် ပြန်တောင်းပေးပါ့မယ်။ အခုအသုံးလိုနေလို့ပါ” လူနာတွေအကုန်လုံးတုတ်တုတ်မလှုပ်ဘူး။ ပြန်မရတော့မှာများအသိသာကြီးဆိုတဲ့မျက်နှာလေးတွေနဲ့။
“မရှိဘူးထင်တယ်ကွ၊ ငါသွားဝယ်လိုက်တော့မယ်” ဆေးသွင်းပိုက်ဝယ်လာပြီး ဆေးသွင်းပေး ခဏနားနေတဲ့အချိန်ထမင်းစားနေတုန်း လူနာစောင့်တစ်ယောက် ရောက်လာတယ်။ ထမင်းစားနေတာတွေ့တော့ အားနာနေပုံရတာနဲ့ ရတယ်ပြောသာပြောဆိုတော့ “ဆရာ ခုနကရောက်လာတဲ့လူနာ ချီးတွေထွက်တာ နံစော်နေတာပဲ ကျနော်တို့ကသူ့ဘေးကဆိုတော့ မခံနိုင်တော့ဘူး” မေ့နေတဲ့လူနာဆိုတော့ ဖြစ်ချင်တာဖြစ်နေမှာပေါ့။ ချီးထွက်နေတာတော့ ဆရာဝန်လည်း ဘာလုပ်ပေးရမလဲမသိဘူး။ “အာ ဆောရီးဗျာ(ကိုယ့်လူနာလည်းမပာုတ်ဘဲ ကြားထဲကတောင်းပန်ရပြီ) ကျနော်ထမင်းစားပြီးရင် အလုပ်သမားတစ်ယောက်ကိုလုပ်ခိုင်းလိုက်ပါ့မယ်” ထမင်းခဏချ အလုပ်သမား ရှာပုံတောင်ဖွင့်။ အလုပ်သမားတစ်ယောက်တွေ့တော့ သွားအကုန်လုံးပေါ်အောင်ပြုံးပြီး “အမကြီး ထမင်းစားပြီးပြီလားဗျ။ ပိာုလေ အခုနောက်ဆုံးရောက်တဲ့ လူနာတစ်ယောက်လေ။ ညစ်ပတ်ကုန်လို့ အဲဒါအမလာသန့်ရှင်းရေးလုပ်ပေးပါဦးနော် ပဲာပဲာ” “ကျမ လာခဲ့မယ်(အသံပြတ်ကြီးနဲ့ ဒဿအရှုံးပေးရလောက်တဲ့ ရှစ်ခေါက်ချိုးမျက်နှာကြီးနဲ့) ” Pickup လူနာဆိုတော့လည်း ပိုက်ဆံမရတော့ ဘယ်လုပ်ပေးချင်ပါ့မတုန်း ငါလည်း အလုပ်သမားပောာက်တာတောင်ခံနေရပါလားဆိုပြီး တွေးမိသေးတယ်။ Hourly ဆီးချိုဖောက်နေရလို့ မနက်လင်းခါနီးလောက်ကျတော့ “ပော့ရောင် ငါတို့ဆီးချို Strip (ဆီးချိုစစ်တဲ့အတံ) ကုန်ပြီကွ ဘယ်လိုလုပ်မလဲ” “ငါတို့ဖက်တီးက ဆီးချိုရှိတယ်ကွ။ အဲတော့သူ့ ဆီးချို Strip နဲ့လုပ်ကြတာပေါ့ကွာ။ ပေား ဖက်တီးရေ မင်းဆီးချို Strip သုံးမယ်နော်” “အေး အေး သုံးလိုက်ကွာ။ မနက်ကျမှပြန်တောင်းကြတာပေါ့” မနက်မိုးလင်းတော့ နိုက်ဂျူတီ ရီပို့တင်ပြီး စာရင်းရှင်းနေတုန်း ကြီးကြပ်တဲ့အမက “ပဲာ့ Strip က၂၂ချောင်းတောင် FOC ဖြစ်နေပါလား ဘယ်လိုဖြစ်ရတာတုန်း” “ပိာုလေ အမ ညတုန်းကလာတဲ့ DKA လူနာက Pickup ဆိုတော့လေ အဲဒါနဲ့ အဲလောက်ကုန်သွားတာပါအမ” သွားပြီဖက်တီး Strip ဖိုးတွေပြန်တောင်းဖို့ကတော့ မျှော်လင့်ချက်မရှိတော့ဘူး။ ဖက်တီးကိုလှမ်းကြည့်တော့ သူလည်းမျက်နှာငယ်လေးနဲ့။ ဂျူတီအောက်ပြီး နောက်နေ့ဆေးရုံရောက်တော့ လူနာက ငုတ်တုတ်။ ပာိုတစ်နေ့ကဖြစ်တာ သူမပာုတ်တဲ့အတိုင်း။ အင်ဆူလင်ထိုးနေရတာကို ဘာလို့ဆက်မထိုးတော့တာလဲမေးတော့ ၀ယ်ဖို့ပိုက်ဆံမရှိလို့တဲ့။ လူနာဆေးရုံကဆင်းတော့ ဆေးကုမ္ပဏီတွေကလှူထားတဲ့ Ward fund နဲ့အင်ဆူလင်တစ်လုံးဝယ်ပေးလိုက်ရတယ်။ ဆင်းသာသွားရော ကျေးဇူးတင်စကားတစ်ခွန်းမပြောသွားဘူးဗျ။

ကျနော်တို့ပောာက်စ်တွေ Pickup(ပိုင်ရှင်မဲ့) လူနာတွေကိုပစ်ထားသတဲ့လား။ ဆရာဝန်တွေသိပ်ပောာက်တာပဲတဲ့လား။ အလုပ်သင်ဆရာဝန်တွေ ဘာအလုပ်မှမလုပ်ဘဲ ပေားလားဝါးလားလုပ်နေတယ်တဲ့လား။ ဆေးရုံမှာပိုက်ဆံမရှိရင် ဘာမှမလုပ်ပေးဘူးတဲ့လား။



 


No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ