ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 January 2013

တရုတ်က မြန်မာဖရဲသီးများကို ဈေးနှိမ်ဝယ်ယူနေခြင်းကြောင့် တောင်သူနှင့် ကုန်သည်များ ယခုရာသီတွင် အရှုံးပေါ်နေ


ပြီးခဲ့သည့် နှစ်များအတွင်း တရုတ်နိုင်ငံသို့ ပုံမှန်တင်ပို့ခဲ့သော မြန်မာနိုင်ငံထွက် ဖရဲသီးများမှာ လက်ရှိတွင်  ဈေးကောင်း မရရှိသည့် အတွက် အရှုံးပေါ်လျက်ရှိ ကြောင်း ဖရဲစိုက်ပျိုးသူတောင်သူများ နှင့် ကုန်သည်များက ပြောသည်။ "ဖရဲသီးက ဒီနှစ် ဈေးကောင်း မရဘူး။ ဈေးရမယ်ထင်ပြီး သွားကြတာ ဟိုလည်း ရောက်ရော ဈေးက မကောင်းဘူး။ ပြန်သယ်ဖို့ က လည်း စရိတ်နှစ်ခါကုန် တော့ မဖြစ်နိုင်ဘူး။ ဒီတော့ ဈေးကောင်း မရ လည်း ရောင်းခဲ့ရတာပဲ။ တချို့လူတွေဆို ခရီးစရိတ်တောင်မကျေကြဘူး"ဟု တရုတ်နိုင်ငံသို့ ဖရဲသီးတင်ပို့လျက်ရှိသည့် သီရိမင်္ဂလာဈေးမှ ကုန်သည်တစ်ဦး က မြန်မာတိုင်း(မ်)ကို ပြောသည်။ ဖရဲသီးဈေးမှာ ယမန်နှစ်က တစ်တန်လျှင် ယွမ်ငွေ ၃,၅၀၀ မှ ၄,၀၀၀ (မြန်မာ ငွေကျပ် ၄၇၉,၅၀၀ မှ ၅၄၈,၀၀၀) ကြား ရှိသော်လည်း ယခုနှစ်ဇန်န၀ါရီ လဆန်း ပိုင်း တစ်တန်ဈေးနှုန်းမှာ ယွမ် ၁,၅၀၀ မှ ၂,၀၀၀ (မြန်မာငွေ ကျပ် ၂၀၅,၅၀၀ မှ ၂၇၄,၀၀၀) ကြားသာ ပေါက်ဈေးရှိတော့ ကြောင်း ၎င်းကပြောသည်။
 
     တောင်သူများ အနေဖြင့် ယခုနှစ်တွင် ၇၅ ရာခိုင်နှုန်းခန့် အရှုံးပေါ်နိုင်ကြောင်း ဖရဲသီးစိုက်ပျိုးသော တောင်သူ တစ်ဦး ဖြစ်သူ ဦးရွှေဝင်းက ပြောသည်။ "မနှစ်က ဒီလိုအချိန်မှာဆိုရင် တောင် သူရော ကုန်သည်ပါ အဆင်ပြေတယ်။ အမြတ်မများတာ တောင်မှ  မရှုံးဘူး။ ဒီနှစ်က တောင်သူတွေ ၇၅ ရာခိုင်နှုန်း လောက် ရှုံးတယ်။ တရုတ်ဘက်က ၀ယ် အားကတော့ မနှစ်ကအတိုင်းပဲ ဒါပေမယ့်ဈေးက မနှစ်ကလောက်မရ တော့ဘူး။ ကျွန်တော်တို့ရဲ့ စိုက်ခင်း အရင်းက တစ်ဧကကို လေး၊ ငါးသိန်း လောက်ရှိတယ်။ ကားခကလည်း တရုတ်ပြည်ကို အရောက် ၁၂ ဘီးကားတစ်စီးကို ခုနစ်သိန်း၊ ရှစ်သိန်းလောက်ရှိတယ်။ ဒါပေမယ့် ဟိုရောက်လို့
ရောင်းရင် ဈေးက မကောင်းတော့ တစ်ခါတလေ အသီးဖိုးတောင် ပြန်မရချင်ဘူး။ အလကားပေးခဲ့ရ သလိုပါပဲ" ၎င်းက ပြောသည်။
ယခုကဲ့သို့ မြန်မာဖရဲသီးများအား တရုတ်နိုင်ငံက ဈေးလျှော့ဝယ်ခြင်းနှင့် ပတ်သက်၍လည်း ခိုင်လုံသော အကြောင်းရင်း အမှန်ကို မသိရကြောင်းလည်း ဖရဲ စိုက်ပျိုးသည့် တောင်သူများနှင့် ကုန်သည်များက ပြောသည်။
        "သူတို့ဘက်က ဘာဖြစ်လို့ ဈေး ကောင်းကောင်းမပေးလဲဆိုတာကို ကျွန်တော်တို့ သေချာတော့မသိဘူး။ သူတို့ဆီမှာပဲ အသီးတွေထွက်နေလို့ လားဆိုပြီးတော့ပဲ စဉ်းစားစရာရှိတာပေါ့။ ဒါကလည်း ကျွန်တော်တို့ တောင်သူတွေ တွေးကြည့်တာပါ။ ဘာဖြစ်လို့လဲဆိုတဲ့ အကြောင်းရင်းကိုတော့သေချာမသိဘူး" ဟု ဦးရွှေဝင်းက ပြောသည်။ ပြီးခဲ့သည့်နှစ်အတွင်း တရုတ်နိုင်ငံသို့ တစ်နေ့လျှင် ဖရဲသီးတင်သည့် ကုန်ကားအစီး ၅၀ မှ ၆၀ ကြားတင်ပို့ရောင်းချနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ဈေးကောင်း မရတော့ သည့် အတွက် တစ်နေ့လျှင် အစီး ၃၀ မှ ၄၀ ကြားသာ ရောင်းချနိုင် တော့ကြောင်းလည်း ဖရဲသီးကုန်သည် တစ်ဦးက ပြောသည်။
"မနှစ်က ဒီကပို့ရင် ပို့သလောက် တရုတ်ကလည်း ၀ယ်နိုင်တယ်။ ဒီနှစ်လည်း မနှစ်ကလို တစ်နေ့ကိုကားအစီး ၅၀၊ ၆၀ လောက်တွေ သွားပို့ဖူးတယ်။ ဒါပေမယ့် ဟိုဘက်က ဈေးကောင်းမပေးတဲ့အခါကျတော့ အခုနောက်ပိုင်း တောင်သူတွေလည်း သိပ်မပို့တော့ဘူး" ဟု ၎င်းက ပြောသည်။ ၁၂ ဘီးကား တစ်စီးတွင် တစ်လုံးလျှင် ကိုးပိဿာအလေးချိန်ရှိ ဖရဲသီးအလုံး ၁,၁၀၀ မှ ၁,၂၀၀ ခန့် အထိ တင်ဆောင် နိုင်ပြီး တရုတ်သို့ ပို့သော ဖရဲသီးများမှာ ၈၅၅ ခေါ် အစင်းပါသော ဖရဲသီးများနှင့် အစေ့လွတ် ဖရဲသီးများကိုသာ ပို့ရကြောင်း သီရိမင်္ဂလာကုန်စည်ဒိုင်မှ တာဝန်ခံတစ်ဦးကပြောသည်။
           "တရုတ်ကိုပို့တဲ့ ဖရဲသီးက အရည်အသွေးကောင်းတွေပဲ အမြဲပို့တာ။ အဲဒီက မကြိုက်တဲ့ အသီးတွေ ကိုပဲ ပြည်တွင်း မှာ ရောင်းတာ။ အရည်အသွေးညံ့လို့ ဈေးချရောင်းတာမျိုးလည်း မဟုတ်ဘူး။ တော်တော်အရွယ်လှတဲ့ အသီးတွေ ကိုတောင် သူများထက် နည်းနည်းပဲပိုပေးတယ်။ တစ်တန်ကို ယွမ် ၂,၀၀၀ ပေးရင် ကောင်းတဲ့ အသီးတွေကို ယွမ်၂,၁၀၀၊ ၂,၁၅၀ လောက်ပဲ   ပေးတာမျိုးပေါ့" ဟု၎င်းက ပြောသည်။ တရုတ်ပြည်သို့ ယခုလက်ရှိတင်ပို့ လျက်ရှိသော ဖရဲသီးများမှာ ဒီဇင်ဘာ၊ ဇန်န၀ါရီလ များတွင်ပေါ် သော အညာ ဒေသထွက် ဖရဲသီးများဖြစ်ပြီး မြန်မာပြည်အောက်ပိုင်းမှ ဖရဲသီးများမှာ မတ်နှင့် ဧပြီလများတွင်သာ အထွက်များ ကြောင်း ကုန်သည်များကပြောသည်။ တရုတ်နိုင်ငံမှ ၀ယ်လက်များသည် မြန်မာဖရဲသီးများကို နိုဝင်ဘာလကုန်မှ စတင်ခါဝယ်ယူပြီး ဧပြီလ မကုန်ခင်တွင် အ၀ယ်ရပ်ကြောင်းလည်း ကုန်သည်များက ပြောသည်။




 
ကချင်နေစဉ်သတင်း 

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ