ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 January 2013

လျှပ်စစ်ဓာတ်အား ထုတ်ယူသည့် စနစ် SOLAR SYSTEM လုပ်ငန်းပေါင်း ၁၂၃ ခုနှင့် ကျေးလက် အိမ်ရာလုပ်ငန်း သုံးခုအတွက် တင်ဒါခေါ်ယူ

Photo:  http://www.myawady.net.mm/allnews/localnews/item/3948-2013-01-09-10-14-03
၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် အတွက် ကျေးလက်ဒေသ မီးလင်းရေးနှင့် ကျေးလက် အိမ်ရာ တည်ဆောက်ရေး လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရန် တင်ဒါစိစစ် ရွေးချယ်ရေး အခမ်းအနားကို ယနေ့ နံနက်
၉နာရီတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ အစည်းအဝေး ခန်းမ၌ ကျင်းပရာ တင်ဒါ စိစစ် ရွေးချယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်ဝင်းက ယနေ့ ပြုလုပ်သည့် တင်ဒါ အခမ်းအနားသည် တိုင်းဒေသကြီး/ ပြည်နယ် (၁၄) ခုရှိ ကျေးလက် ဒေသမီးလင်းရေး လုပ်ငန်းများ ဖြစ်သည့် နေရောင်ခြည် စွမ်းအင်၊ ရေအား လျှပ်စစ်၊ ဇီဝဓာတ်ငွေ့ လုပ်ငန်းများအနက် နေရောင်ခြည် စွမ်းအင်မှ လျှပ်စစ် ဓာတ်အားထုတ် ယူသည့် စနစ် Solar System လုပ်ငန်း ပေါင်း ၁၂၃ ခုနှင့် ကျေးလက် အိမ်ရာ လုပ်ငန်း သုံးခုတို့ကို ဆောင်ရွက်ရန် တင်ဒါ ခေါ်ယူခြင်း ဖြစ်ကြောင်း၊ တာဝန် ပေးအပ်ခြင်း ခံရသည့် ကုမ္ပဏီများ၊ အဖွဲ့အစည်းများ အနေဖြင့် လုပ်ငန်းများကို သတ်မှတ် စံချိန် စံညွှန်းနှင့် အညီ တာဝန်ယူ ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန် ရှိသူများက သတ်မှတ်ထားသော တင်ဒါ စည်းကမ်းများကို ရှင်းလင်း ဖတ်ကြားကြပြီး တိုင်းဒေသကြီး/ ပြည်နယ် အလိုက် တင်ဒါ တင်သွင်းသူများ စာရင်း ကြေညာခြင်းနှင့် စိစစ် ရွေးချယ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိသည်။ 



Photo:  http://www.myawady.net.mm/allnews/localnews/item/3948-2013-01-09-10-14-03



From :မြဝတီ
 

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ