ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 January 2013

ကချင်စစ်ပြေးဒုက္ခသည်များ အားလှုဒါန်းရန် ကိုမင်းကိုနိုင်တိုက်တွန်း


       ကချင်ပြည်နယ်တိုက်ပွဲများ  ကြောင့် ဒုက္ခသည်ဦးရေသည်  တိုးပွားလာပြီး ယခုလတ်တလော   ဖြစ်ပွားနေသော တိုက်ပွဲများ ကြောင့်လည်း ဒုက္ခသည်လူဦးရေ   သည်ထပ်မံတိုးပွားလာပြီး အကူအညီ များလိုအပ်လျက်ရှိကြောင်းကို ဇန်န ၀ါရီ ၁၀ရက်က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီစား   သောက်ဆိုင်၌ ပြုလုပ်ခဲ့သော ကချင်ပြည်နယ် စစ်ဘေး သင့် ပြည်သူများ၏ဆုတောင်းပွဲမှာ  ကိုမင်းကိုနိုင်က ပြောကြားရာတွင်   ““ကျွန်တော်တို့ဒုက္ခသည်စခန်းတွင်   ကိုသွား   တော့ အဲဒီဒုက္ခသည်စခန်း  တွေထဲမှာ မူလတန်းအဆင့်ရှိတဲ့  ကလေးတွေက ထောင်နဲ့ချီရှိပါ တယ်။ 

        ကိုယ့်အိမ်မှာမူလတန်းတစ်   ယောက်ရှိရင်တောင် ဒီလောက် ကသီတာ အဲဒီထောင်နဲ့ချီရှိတဲ့ ကလေးတွေဟာ ဒုက္ခသည်အနေ နဲ့ရှိတာပါ။ဒီဒုက္ခသည် ၁နှစ်ခွဲ  လောက်ရှိတဲ့ကလေးတွေဟာ ပြောင်းဖူးပြုတ်ထားတဲ့အရည် ကျဲကျဲကိုသာ အဟာရအဖြစ်သုံး   ဆောင်ရပါတယ်။ ““ပိုက်ဆံတွေပို နေတဲ့နေရာတွေဆို ဒီဒုက္ခသည်  စခန်တွေမှာ လူကြီး ၁ယောက် ကို ဆန် ၃ပြည်ကနေ ၆ပြည်ရပါ တယ်။ အဲဒါ ၁လစာပါနောက်ထပ်  မရတော့ပါဘူး””ဟု ပြောကြားခဲ့ သည်။
ဆက်လက်၍ယင်းကဲ့သို့ ဒုက္ခရောက်သော ကချင်စစ်ဘေး ဒုက္ခသည်များအား ကိုယ်တိုင် သွားရောက်လှူဒါန်းရန် အတွက် ပြောကြားရာတွင်လည်း ““ကျွန်တော်တို့ကို ကချင်တိုင်းရင်း သားတွေက အမြဲတမ်းခေါ်ပါ တယ်။ ကျွန်တော်တို့သွားရင် ကချင်   တိုင်းရင်းသားတွေ အင်မတန်အား  ရှိပါတယ်။ ကျွန်တော်တို့ကို  ““မင်းတို့ဗမာတွေလာရင် ငါတို့ သက်သာတယ်””လို့ပြောတယ်။ ပြန်ပြောမယ့်သူရှိရင်မလိုလား အပ်တဲ့ စစ်ပွဲတွေကနည်းနည်း   လေးတော့   နောက်ဆုတ်သွား   ပါတယ်။ ကျွန်တော်တို့က နှစ် ဖက်လုပ်နေရပါမယ်။တစ်ဖက် ကလည်း လွှတ်တော်ထဲမှာပြတ်   ပြတ်သားသားငြိမ်းချမ်းရေးကို တရားဝင်ဥပဒေကြောင်းအရ ပြောနေကြတဲ့အခါမှာ တစ်ဖက် ကလည်း ဆေးမီးတိုကုသလို့ လက်ပူတိုက်ပြီးတော့ ကုရပါမယ်”” ဟု ပြောကြားခဲ့သည်။ ကချင်စစ်ဘေး ဒုက္ခသည် များအတွက် စားနပ်ရိက္ခာတို့ သည်။ဒုက္ခသည်စခန်းတိုင်းတွင်  လိုအပ်လျက်ရှိကြောင်း ကိုမင်းကို နိုင်ကပြောသည်။

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ