ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 January 2013

KIO စစ်ဆင်ရေးနှင့် အနာဂါတ် နိုင်ငံရေး ပြသနာ




မြန်မာ အစိုးရဘက်က မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၅) ရက်နေ့မှာ လဂျာယန်-လိုင်ဇာလမ်းကြောင်းပေါ်မှာရှိနေတဲ့ KIA တပ်တွေ ဒီလမ်းကြောင်း ကနေ ဆုတ်ခွာပေးဖို့ ရာဇသံပေးခဲ့ ပြီး နောက်ပိုင်းမှာ တိုက်ပွဲများ ခါတိုင်းထက်ပိုမို ပြင်းထန်လာပါတယ်။ အစိုးရတပ်တွေဟာ KIA စခန်းတွေကို တိုက်ခိုက် သိမ်းပိုက်လာတဲ့ အထိ တိုက်ပွဲတွေ ပြင်းထန်လာ ခဲ့ပါတယ်။ တိုက်ပွဲတွေမှာလည်းဘဲ အစိုးရ တပ်ဘက်က လေကြောင်း ပစ်ကူတွေ အပါအဝင် တာဝေးပစ်   ဟော်ဝစ်ဇာတွေ၊ လောင် ချာတွေ အသုံးပြုပြီးတော့ ရှေ့တန်းစစ်မြေပြင် တပ်တွေကို ပစ်ကူပေးခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ အစိုးရဟာ KIO ဌာနချုပ်ကို ထိမ်းချုပ်နိုင်တဲ့ နေရာတွေကိုပါ ရယူလာနေပါတယ်။ KIO ကတော့ နိုင်ငံရေးအရ ဆွေးနွေးကြရင် လက်ရှိ ဖြစ်ပွား နေတဲ့စစ်ရေး ပြသနာတွေ အလိုလို ပြေလည် သွားလိမ့် မယ်လို့ ပြောကြားချက်တွေ ရှိခဲ့ပေမဲ့ နိုဝင်ဘာလ (၃၀) ရက်နေ့ ရွှေလီဆွေးနွေးမှာဘဲ ရပ်တန့်နေခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် ကချင်ကို ဘာကြောင့် စစ်ဆင်ရေး လုပ်နေရခြင်းရဲ့ ရည်ရွယ်ချက်က ဘာဖြစ် နိုင်မလဲ ? ဒီစစ်ပွဲကိုဘယ်လို အဆုံးသတ်ကြမလဲ ? ဆိုတာ တွေကို ဒီတိုက်ပွဲကို အနီးကပ်   စောင့်ကြည့်နေတဲ့ တရုတ်နိုင်ငံ အခြေစိုက် စစ်ရေး အကဲ ခတ် ဦးအောင်ကျော်ဇောကို ရွှေဟင်္သာ သတင်း ဌာန က မေးမြန်း ထားပါတယ်။

ရွှေဟင်္သာ (မေး) - ကချင်ကို ထိုးစစ်ဆင်နေတဲ့ အစိုးရရဲ့ စစ်ရေး အကြောင်းပြချက် အပေါ်မှာ ဆရာ ဘယ်လိုသုံးသပ် ပါလဲ?
ဦးအောင်ကျော်ဇော (ဖြေ) - ဒါက လမ်းကြောင်းရှင်းဖို့ သူတို့ပြောပေမယ့် ဒါကအပေါ်ယံ အကြောင်း ပြချက်ပါ၊ ဒါက အဓိကမဟုတ်ပါဘူး၊ လဂျားယန်က ကချင်တပ်တွေ ဆုတ်ပေးပါလို့   နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး ဆုတ်ပေး စေချင်ရင် လည်း ကချင်ဖက်ကဆုတ်ပေးမယ့် အနေအထားမှာ ရှိပါတယ်၊ အခုသူတို့ဟာက ဒီဇင်ဘာ (၃၀) ရက်နေ့က လည်း ၇၇၁ စခန်းကို သိမ်းလိုက်တယ်။ အဲတာ KIA တပ်ရင်း ၂၃ ရဲ့ဌာနချုပ် စခန်းပါ။ အရင်တုန်းက အတူတူ နေခဲ့တဲ့နေ ရာလေ။ အဲဒီ ၇၇၁ စခန်းအောက် မှာ သူတို့ စခန်း တစ်ခု ရှိပါတယ်၊ အဲဒီ စခန်းလောက်အထိ သူတို့လာလို့ရပြီးသား ပါ။ ဒီတော့ ၇၇၁ ကို တက်တိုက်စရာ လိုလားဗျာ။ အခုဆို နောက်ဆုံး ဖွန်ဗျဉ်ဘွမ် (KIA တပ်ရင်း ၂၄ ဌာနချုပ်) စခန်း အထိတောင် တက်တိုက်လာတယ်။ ဒီတော့ ဒီစစ်ဆင်ရေးရဲ့ အဓိက ရည်ရွယ်ချက်က လမ်းကြောင်းရှင်းဖို့ မဟုတ်နိုင် ဘူး လိုင်ဇာကို စစ်ရေး အရ ထိန်းချုပ်နိုင်ပြီး ခြိမ်းခြောက်လို့ရတဲ့ ကုန်းမြင့်စခန်းတွေကို သူတို့ လိုချင်လို့ပဲ။
ရွှေဟင်္သာ (မေး) - ဓါတု လက်နက် အချို့ အသုံးပြု တယ်လို့ ရှေ့တန်း သတင်းတွေက ဆိုပါတယ်၊ ဒီအခြေ အနေ ပေါ်မှာ ဆရာသိထားတာလေး ပြောပြပေးပါ။
အောင်ကျော်ဇော (ဖြေ) - ဓါတု လက်နက် ဆိုတာတော့ လက်နက်အကြီးတော့ မဟုတ်ဘူး၊ အဆင့်မြင့်တဲ့ အမျိုးအ စားတွေမဟုတ်ဘူး၊ ဓါတု လက်နက် အမျိုး အစား လို့ပြောရင် အကြုံးဝင်တဲ့ ရိုးရိုး တန်းတန်း သာမန် စစ်ပွဲတွေမှာ သုံး တဲ့ လက်နက် အချို့ကို သုံးတာ ရှိပါတယ်၊ အဲဒီကျည်ဆံတွေကနေ အငွေ့တွေ ထွက်ပြီး မူးဝေ အော့အန် တာလောက် အဲလိုမျိုး အပျော့စား သုံးတာတွေ ရှိပါတယ်။ ဒါတွေ ကလည်း ဓါတု လက်နက်လို့ ပြောရင် အကြုံးဝင်ပါတယ်။ Chemical Warfare လောက်ထိ သုံးတာ မဟုတ်ပါဘူး။
ရွှေဟင်္သာ (မေး) – ကချင်စစ်ရေး ပြသနာဟာ ငြိမ်းချမ်းရေး ဖြေရှင်း နိုင်သေးခြင်း မရှိတဲ့ နောက် ဆက်တွဲ ပြသနာလို့ သုံးသပ်ချက်တွေ ရှိပါတယ်၊ ဒီအပေါ် ဆရာ့ အမြင်ဘယ်လို ရှိပါသလဲ။
အောင်ကျော်ဇော (ဖြေ) - စစ်ရေးဆိုတာ နိုင်ငံရေးရဲ့ အဆက်ပဲလေ၊ နိုင်ငံရေး အရဖြေရှင်း နိုင်ရင် စစ်ရေး အရ ဖြေ ရှင်းနိုင်မယ်၊ အမှန်ပြောရရင် ဒီလမ်းကြောင်းဟာ ဖြေရှင်းနိုင်တဲ့ လမ်းကြောင်းပဲ ဖြစ်တယ်။ ကျွှန်တော်တို့ ပြောနေ တာ က နိုင်ငံရေးအရ ဆွေးနွေးနိုင်မယ့် အခြေအနေ အချက်အလက်တွေကို ဖန်တီးနိုင်ရန် တပ်တွေကို ရပ်ထားလို့ရတယ်၊ လိုင်ဇာကို မသိမ်းဘူး၊ လမ်းကြောင်း စိုးမိုးရေး သက်သက်ပဲ ဆိုရင် ဘာလို့ တပ်မ ၈၈၊ ၂၂၊ ၃၃၊ ၁၀၁ ပါ ရောက်နေ တာလဲ ဒီလောက် တပ်အင်အား လိုပါသလား၊ တက်နေတာက အခုမှ တက်နေတာ မဟုတ်ဘူး မနှစ် ကတည်းက တက်ထိုးနေတာလေ၊ လဂျားယန်မှာ သူတို့တပ်တွေရှိတယ်၊ ရဟတ်ယာဉ်တွေလည်း ဆင်းလို့ရတယ်၊ သူတို့အဓိက ရည်ရွယ်ချက်က လိုင်ဇာကို အထီးကျန် ဖြစ်အောင်၊ လိုင်ဇာက ကေအိုင်အိုရဲ့ စီးပွားရေး အဆောက် အအုံမြို့လေ၊ ဒီ တောင့်တင်းနေတဲ့ KIO လိုင်ဇာကို သူတို့က အားနည်းသွားအောင် Financial Blow လုပ်တာ၊ လိုင်ဇာကိုမသိမ်းဘူး၊ သိမ်းရင်သူတို့ နိုင်ငံရေး သိက္ခာကျတယ်။ အခု ၇၇၁ ကုန်းရတယ်၊ ဖွန်ဗျဉ်ဘွမ်ကို ရမယ်ဆိုရင် လိုင်ဇာကို မသိမ်းပေ မယ့် ဘယ်လိုပဲ ဖြစ်ဖြစ် စစ်ရေး အရ ထိန်းချုပ် ထားနိုင်ပြီလေ။
ရွှေဟင်္သာ (မေး) – ဒီစစ်ပွဲရဲ့ အဆုံးသတ်က ဘယ်လို ဖြစ်လာနိုင်မလဲ
အောင်ကျော်ဇော (ဖြေ) - စစ်ပွဲက အချိန်တစ်ချိန်ရှိလာပြီဗျ၊ အမှန်ပြောရရင် ရပ်သင့် တယ်လို့ထင် ပါတယ်၊ အထူး သဖြင့် ထိုးစစ်ဆင်နေတာက ဗမာတပ်လေ၊ KIA က ခံစစ်ဆင်နေတဲ့ တပ်ကို၊ သူမရပ်ပဲ ဆက်ထိုးရင်တော့ ဒီ့ထက် ဆိုး ကျိုးတွေ အများကြီး မြင်ရမယ်။ တစ်အချက်က အမျိုး သားရေး   ပြသနာ ကြီး ပေါ်လာတော့မယ်၊ ကချင်တွေရဲ့ ဗမာမုန်းတီးရေး စိတ်ဓါတ်တွေ ကိန်း အောင်းလာတော့မယ်၊ ဗမာ တပ်က ရှေ့ကပြင်ထိုးနေတယ်ဆိုရင် သူတို့ နောက်တန်းတပ်တွေကို ကေအိုင်အေက ပြန် ထိုးလို့ရတယ်၊ ဝင်တိုက်ရမှာ၊ ဒါပေမယ့် အခု ကေအိုင်အေကမထိုးဘူး။ အဲလို မြို့ပေါ် တိုက်ပွဲတွေ ဖြစ်လာရင် အရပ် သားတွေ သေကြေမှု၊ ဒုက္ခ သည်တွေ အများကြီး ဖြစ်လာလိမ့်မယ်။ ဟိုတုန်းက ကရင်-ဗမာ အင်းစိန် တိုက်ပွဲ အပြီး မြင်ရတဲ့အဖြစ် အပျက်တွေမျိုး ခင်ဗျားတို့ မြင်ရ ကြားရတော့မှာ။ ဗမာ တပ်တွေ အနေနဲ့ လုပ်သင့်တာက စစ်အရှိန်လျော့၊ နိုင်ငံရေးအရ စကား ပြောနိုင်အောင် ကြိုးစား၊ ပြောချင်ရင် ပြော လို့ ရရ မှာပေါ့။ အဖြေ ရှိရမှာပေါ့။ ခိုင်မာတဲ့ ကတိကဝတ် တွေပေး။ ပြသနာ ဖြစ်ထားရင် ပြသနာကို ရှင်းနိုင်မယ့် အ ဖြေ ရှိကို ရှိရမယ်။
အခု အနေအထားမျိုး ဗမာ တပ်ကဆက်ထိုးနေမယ်ဆိုရင် ကျွှန်တော် မြင်ယောင်တာတော့ ခင်ဗျားတို့ မကြာခင် ကြား ရမှာပါ၊ ကချင်ပြည်နယ်က မြို့ကြီးတွေရဲ့ ဘယ်မြို့တွေမှာ မြို့ပေါ် တိုက်ပွဲတွေ   ဖြစ်လာတော့မယ်၊ အဲဒါ ဆိုရင် အရင် တုန်းကနဲ့ မတူတဲ့ ပြသနာတွေက အမျိုးသားရေး ပြသနာက ပိုကြီးထွားလာမယ်၊ ရထားတဲ့ ငြိမ်းချမ်းရေး အရှိန်လည်း ပျောက်သွားလိမ့်မယ်။ မြို့တွင်း မုန်းတီးမှုကြောင့် သတ်ဖြတ်မှုတွေဖြစ်လာလိမ့်မယ်၊ ခင်ဗျားတို့ ကြားမိလား မသိဘူး၊ ကရင်-ဗမာ အင်းစိန် စစ်ပွဲ အပြီး ဖြစ်ခဲ့တဲ့ ပြွှန်တာဆာ၊ ဒိုက်ဦး၊ ဖြူး တို့မှာ ဖြစ်ခဲ့တဲ့ အဖြစ်မျိုး ဖြစ်လာခဲ့ရင် ကရင် ကိစ္စ တောင်မှ   နှစ်ပါင်း (၆၀) လောက်လုံးပန်းလာရတယ်။ ကချင်ကိစ္စထပ်ဖြစ်လာရင် ကျွှန်တော်တို့ တိုင်းပြည် တိုးတက်   ရေးက  အဝေးကြီး ဖြစ်သွားလိမ့်မယ်။
From ရွှေဟင်္သာသတင်းဌာန

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ