ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 January 2013

လူသားစက်ရုပ်ကလေးများ။


သိပ်မဝေးတော့တဲ့အနာဂါတ်မှာတော့ လူတွေနေရာမှာအစားထိုးအလုပ်လုပ်ဖို့အတွက် အိမ်အကူစက်ရုပ်၊ အလုပ်သမားစက်ရုပ်တွေရှိလာနိုင်တော့မယ်လို့ သိပ္ပံသတင်းတစ်ပုဒ်မှာဖတ်လိုက်ရတယ်။ ဒါပေမယ့်အဲဒီစက်ရုပ်တွေထက်ပိုပြီးစောနေတဲ့ လူသားစက်ရုပ်လေးတွေ ကျနော်တို့နိုင်ငံမှာရှိနေပြီဆိုတာကတော့ သတိမမူမိခဲ့ကြဘူး။ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ အတွေးအခေါ်တွေမရှိဘဲ စီစဉ်ထားတဲ့အတိုင်းပဲလုပ်ငန်းစဉ်တွေကို လုပ်ကိုင်နေရတဲ့စက်ကိရိယာတွေကို စက်ရုပ်လို့ခေါ်မယ်ထင်ပါတယ်။ ဒါဆိုရင် လူသားတွေထဲကပဲ စက်ကိရိယာတွေလိုမျိုး တစ်နေ့ပြီးတစ်နေ့ ပုံသေလုပ်ငန်းတွေကိုပဲ လုပ်ကိုင်နေရတဲ့သူလေးတွေကိုတော့ လူသားစက်ရုပ်ကလေးတွေလို့ ခေါ်ဆိုရပါလိမ့်မယ်။

အဲဒီလူသားစက်ရုပ်ကလေးတွေပာာ ကျနော်တို့အိမ်အနီးနားဝန်းကျင်မှာလဲရှိတယ်၊ အသိအကျွမ်းတွေမှာလည်းရှိတယ်။ နောက်ဆုံးကိုယ့်အိမ်တွင်းမှာတောင် ရှိနိုင်ပါသေးတယ်။ နေ့တိုင်းနေ့တိုင်း မနက်မိုးလင်း ကျူရှင်သွား ကျူရှင်ပြီး ကျောင်းသွား၊ ကျောင်းဆင်းတော့ အိမ်ပြန်ရေမိုးချိုး ထမင်းစားပြီး ကျူရှင်နောက်တစ်ခုထပ်သွား။ ကျူရှင်ဆင်း အိမ်ပြန်လာတော့ သင်ထားတဲ့စာတွေကိုပြန်ပြီးလေ့ကျင့်ခန်းလုပ် စာကျက်။ ပြီးတော့အိပ်ရာဝင်။ ဒီလိုနဲ့ တစ်ကျော့ပြီးတစ်ကျော့။ သားသမီးပညာတတ်စေချင်လွန်းလို့ပါဆိုတဲ့ အတ္တတစ်ခုနဲ့ကလေးငယ်တွေရဲ့ပျော်ရွှင်ချိန်တွေကိုစတေးနေရတဲ့အခြေအနေတွေအတော်များလာနေပါပြီ။ ကလေးတွေအနေနဲ့ ကျူရှင်ပြီးကျောင်း ကျောင်းပြီးကျူရှင်နဲ့ မနိုင်ဝန်ထမ်းနေရတာလည်း သနားဖို့ကောင်းပါတယ်။ မနက်မိုးလင်းကတည်းက အိမ်ကထွက် မိုးအတော်ချုပ်မှအိမ်ပြန်ရောက် တစ်နေကုန်ပင်ပန်းနွမ်းနယ်နေတဲ့အချိန် မိဘကတုတ်တစ်ချောင်းနဲ့စာကျက်ခိုင်းလိုက်သေးတယ်။ ဒီလိုကျူရှင်နှစ်ခုတက်နေလို့ အတော်အတန်းကြီးနေပြီမထင်ပါနဲ့။ မူလတန်းကလေးတွေပါ။ ကျူရှင်တစ်ခုတည်းတက်လို့ရရဲ့သားနဲ့ ဘာလို့ဒီအရွယ်ကျူရှင်နှစ်ခုထားနေရတာလဲစောဒကတက်လိုက်တော့ အတန်းပိုင်ကျူရှင်ကမထားမနေရထားရတယ်၊ အတန်းပိုင်ကစာသင်မကောင်းလို့ စာတတ်အောင်နောက်တစ်ခုထားရသေးတယ်တဲ့။ ကျောင်းကကလေးတိုင်း အဲလိုကျူရှင်နှစ်ခုတက်နေရတာပဲတဲ့။ အင်း ဒီခေတ်မှာလူလာဖြစ်နေတဲ့သူတို့ဘ၀ကိုပဲ သနားမိတယ်။

အခုခေတ်ကလေးတွေ ထုတ်စည်းထိုးတာ မသိတော့ဘူး၊ ကြက်ဖခွပ်တာလည်းမသိဘူး၊ ရွှေစွန်ညိုဆိုလည်း ကြောင်ကြည့်နေတယ်။ ကစားချိန်ရယ်လို့မရှိ ကိုယ်လက်လှုပ်ရှားမှုမရှိတော့ ကျန်းကျန်းမာမာကလေးတွေမဖြစ်လာတော့ဘူး ကလေးလေးတွေကိုကြည့်ရင် ရှူနာရှိုက်ကုန်းပိန်ပိန်လေးတွေဖြစ်ရင်ဖြစ် မဖြစ်ရင် ၀၀တုတ်တုတ်ဘုတ်အီးလေးတွေဖြစ်နေရော။ ကလေးတွေကိုသူတို့ဆန္ဒကိုမမေးဘဲ အတင်းပုံစံသွင်းနေကြတော့ အဲဒီပုံစံခွက်ထဲမှာကလေးတွေညပ်ကုန်ပြီထင်ပါရဲ့။ ကစားချိန်ကစား၊ စာကျက်ချိန်စာကျက်မလုပ်ဘဲ စာပြီးရင်စာဆိုတော့ နုနယ်တဲ့ဦးနှောက်လေးမှာ ဖိအားတွေများပြီး စိတ်ဒဏ်ရာရနိုင်ပါတယ်။ ထူးချွန်အောင်လို့ဆိုပြီးအကြောင်းပြရင်လည်း တကယ်တမ်းထူးချွန်ခဲ့တဲ့သူတွေ အဲလောက်ဖိအားတွေနဲ့ကြီးပြင်းခဲ့တာမပာုတ်ဘူးဆိုတာကို နားလည်စေချင်ပါတယ်။ ကလေးမိဘတွေက သားသမီးပညာတတ်မတတ်ထက်ကို ကလေးအဆင့်မကောင်းမှာသိပ်ကြောက်တယ်။ ကိုယ့်သားသမီးထက် ကိုယ့်အတ္တကို ပိုဦးစားပေးတယ်။ မပာုတ်ဘူးလားပြန်စဉ်းစားကြည့်ပါ။ အဆင့်ချင်းပြိုင်တယ်၊ အမှတ်ချင်းပြိုင်တယ်။ ကလေးတွေထက်မိဘတွေအပြိုင်အဆိုင် ပိုများနေတယ်။ အဲဒီတော့အတန်းပိုင်ဆရာမဆီမှာကတစ်ကျူရှင်၊ အပြင်မှာလည်း တစ်ကျူရှင်။ သိပ်တတ်နိုင်လွန်းရင် အိမ်မှာတောင်ဆရာခေါ်သင်လိုက်သေးတယ်။ နောက်ဆုံးတော့ ခံစားရတာက ကလေးတွေပဲလေ။ ကလေးငယ်တွေတင်မကပါဘူး မြန်မာနိုင်ငံမှာတော့ ဆယ်တန်းကအရေးကြီးတော့ ဆယ်တန်းကလေးတွေဆိုလည်း ဖိအားကအတော်လေးကိုများတယ်။ ကျောင်း၊ ကျူရှင် ပြီးတော့ ဂိုက်ဆိုတာကရှိလိုက်သေးတယ်။ မိဘတွေကိုယ့်သားသမီးလိုင်းကောင်းကောင်းမရမှာသိပ်စိုးရိမ်တယ်။ အဲဒီတော့ ကျူရှင်ဆိုလည်း နှစ်ခုသုံးခု ဒီကြားထဲဂိုက်နဲ့ပါစာကျက်ခိုင်းသေးတယ်။ ကျနော်ဆယ်တန်းတုန်းက မိဘတွေကအမှတ်မကောင်းမှာသိပ်စိုးတယ်။ အဲဒါနဲ့ စိုးစံဘော်ဒါကိုပို့တယ်။ မနေနိုင်ဘူးဗျာ။ တစ်သက်လုံးမိဘရင်ခွင်မှာနေလာတာကနေ စစ်တပ်ပုံစံနဲ့ မျက်နှာထားခပ်ဆိုးဆိုးလူတွေကြီးပဲတွေ့နေရတော့ မနေနိုင်ဘူး ရန်ကုန်ပြန်ရောက်ရော။ ဆူဆူဆဲဆဲနဲ့ပဲ ကျနော့်ကို ကျူရှင်နှစ်ခုထားပြီး ဂိုက်တစ်ယောက်ထားပြန်ရော။ ကျောင်းကလည်းသွားရသေးတော့ မနက်မိုးလင်းအစောကြီး ကျူရှင်သွားရတယ်။ ပြီးရင်ကျောင်းတက်၊ ကျောင်းဆင်းတော့ ကျူရှင်သွား။ အိမ်ပြန်ရောက်တော့ ဂိုက်နဲ့တွေ့ရပြန်တယ်။ အဲဒီအချိန်ဆိုရင်တော့ ဂိုက်လည်းပြောချင်ရာပြော ကျနော်လည်း ဘာမှကိုမသိတော့ဘူး။ နံရံကိုမှီပြီး အိပ်ပျော်နေတော့တာပဲ။ ဘယ်လိုမှမခံနိုင်တော့တဲ့အဆုံး မိဘနဲ့သဘောတူညီချက်ယူပြီး ကျူရှင်တစ်ခုနဲ့ ဂိုက်ကိုဖြုတ်ပြီး နားချိန်ရအောင်ပြန်ယူရတယ်။ နားချိန် စာကျက်ချိန် အိပ်ချိန်တွေနဲ့Time table ဆွဲတယ်။ အိပ်ချိန်ကိုလုံးဝအပွန်းအပဲ့မခံဘူး။ တစ်နေ့၈နာရီမရရအောင်အိပ်တယ်။ လူတွေကဆယ်တန်းတစ်ယောက်လမ်းမှာ ထွက်နေရင်တောင်စာမကျက်ဘူးလားပဲမေးကြတာဆိုတော့ အိပ်ချိန်ကို၈နာရီထားရင် များလွန်းတယ်ထင်တယ်။ ဆယ်တန်းတစ်ယောက် ၈နာရီတော့မအိပ်သင့်ဘူးထင်ကြတယ်။ မပာုတ်ဘူး။ လူတစ်ယောက် ၈နာရီမှမအိပ်ရရင် ခေါင်းမကြည်ဘူး။ တစ်နာရီကျက်ရမယ့်စာ နှစ်နာရီလောက်မှရမယ်။ အဲတော့ ပြန်တွက်ကြည့်ရင် အိပ်ချိန်လျှော့ပြီးစာကျက်တာ အကျိုးမထူးဘူး။ အိပ်ချိန် နားချိန်မှာအပြည့်အ၀အိပ် နား၊ စာကျက်ချိန်မှာလည်း စိတ်ရောကိုယ်ပါနှစ်ကျက်။ အဲဒါဆိုရင် ဆယ်တန်းဆိုတာအလွယ်လေးပြီးသွားလိမ့်မယ်။
ဒီစာရဲ့အဓိကရည်ရွယ်ချက်က ကျောင်းသား၊ ကျောင်းသူကလေးတွေကို မလိုအပ်တဲ့ဖိအားတွေမပိစေချင်ဘူး။ ငယ်သေးတဲ့ကလေးတွေကို ကစားချိန်ရယ်ပေးလိုက်ပါဦး။ ကစားတဲ့ကလေး ပိုစာတော်ပါလိမ့်မယ်။ မယုံမရှိပါနဲ့ သိပ္ပံပညာရှင်တွေထောက်ခံထားတာပါ။ မိဘချင်းပြိုင်ဆိုင်မှုကိုဦးစားမပေးပါနဲ့။ ကိုယ့်သားသမီးပျော်ရွှင်မှုကိုဦးစားပေးပါ။ ပညာတတ်ဖို့ပဲဆိုပြီး ပင်ပန်းနွမ်းနယ်နေတဲ့ကလေးတွေကို ဥပက္ခောမပြုထားပါနဲ့။ လူသားစက်ရုပ်လေးတွေကို လွတ်လပ်ခွင့်ပေးပါ ပျော်ရွှင်ခွင့်ပေးပါ။


 


No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ