ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 January 2013

မြောက်ဦးနယ်တွင် ဒုတပ်ကြပ်ကြီးဦးစိုးဝင်း သေနတ်လု၊တိုက်ခိုက်ခြင်းခံရ






မြောက်ဦးမြို့နယ်ရှိ ဘင်္ဂလီများနေထိုင်သည့်ပုရိန်ကျးရွာအနီးတွင် လုံခြုံရေးတာဝန်ကျနေသော ၃၇၇ တပ်ရင်းမှ အသက် ၃၅ နှစ်ခန့် ဒုတပ်ကြပ်ကြီး ဦးစိုးဝင်းအား ဇန္နဝါရီလ ၁၃ ရက်နေ့ ယနေ့နံနက်(၈)နာရီခန့်တွင် ပုရိန်ကျေးရွာနေ ဘင်္ဂလီအုပ်စုတစ်စုက  သေနတ်လုတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
Soe Win 377
အဆိုပါ ဘင်္ဂလီများ၏တိုက်ခိုက်မှုကြောင့် ဒုတပ်ကြပ်ကြီးဦးစိုးဝင်းမှာ ဒဏ်ရာပြင်းထန်စွာရခဲ့ပြီး
၎င်း၏သေနတ်ကိုလည်း ဘင်္ဂလီများက လုယူသွားခဲ့ကြောင်းသိရသည်။
တပ်ကြပ်ကြီး ဦးစိုးဝင်း သေနတ်လု တိုက်ခိုက်ခံရခြင်းနှင့်ပတ်သက်၍ '' အဲဒီတပ်ကြပ်ကြီး ဦးစိုးဝင်းကနေပြီးတော့ ပုရိန်ရွာအနီးရှိ တပ်ပိုင်လယ်ကွင်းပြင်မှာ စိုက်ပျိုးထားတဲ့ စပါးတွေကို လုံခြုံရေးတာဝန်ကျနေ တာဖြစ်တယ်။ ဒီကနေ့ နံနက်ပိုင်း  လုံခြုံရေးယူနေတဲ့အချိန်မှာ ကုလားတွေ အုပ်စုလိုက်လာပြီးတော့ သေနပ်ကိုလုတယ်။ ဓါး၊ တုတ်တွေနဲ့ တိုက်ခိုက်ကြတဲ့အတွက် တပ်ကြပ်ကြီး ဦးစိုးဝင်းမှာ လက်မောင်း၊ ကျောကုန်း၊ ပက်ခုံးတွေမှာ ဓါးဒဏ်ရာ၊ တုတ်ဒဏ်ရာတွေနဲ့ပြည့်နှက်နေပါတယ်။ သူကိုတော့အခု မြောက်ဦးဆေးရုံမှာ ခွဲစိတ်ကုသထားပါတယ်။ " ဟု သတင်းမေး သွားရောက်ကြည့်ရှုခဲ့သူက ပြောသည်။
အဆိုပါ ဒုတပ်ကြပ်ကြီးဦးစိုးဝင်းအား ယနေ့နေ့လည် ၁၂ နာရီခန့်တွင် မြောက်ဦးဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဆရာဝန်များမှ ခွဲစိတ်ကုသထားပြီဖြစ်သော်လည်း ၄င်းမှာ ဒဏ်ရာပြင်းထန်စွာရထားသောကြောင့် အတိတ်မေ့သကဲ့သို့ဖြစ်နေပြီး ကယောင်ကတန်း လျှောက်ပြောနေကြောင်း သိရသည်။
ယခုကဲ့သို့ မလိုလားအပ်သည့် ပြဿနာများပေါ်ပေါက်လာရခြင်းမှာ ကုလား-ရခိုင်အဓိကရုဏ်းအား အစိုးရနေဖြင့် တိတိကျကျပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ကုလား-ရခိုင်အဓိကရုဏ်းလေ့လာသူများ၏ ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်လျှက်ရှိသည်။


Arakan Time
Soe Win 22

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ