ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 February 2013

၅.၅ လက်မ မျက်နှာပြင်ဖြင့် LG Optimus G Pro

lg-optimus-g-pro-confirmed-0

ဖေဖော်ဝါရီလကုန်ရင်ထွက်တော့မယ့် တောင်ကိုရီးယား LG ရဲ့  နောက်ဆုံး စမတ်ဖုန်း
ဖြစ်ပါတယ်။

စမတ်ဖုန်းဆိုတာထက် Phablet လို့ခေါ်တဲ့ စမတ်ဖုန်းမကျ Tablet မကျ ကြားထဲက ဖုန်း+Tablet အမျိုးအစား ဖြစ်ပါတယ်။ ဒီတော့ Samsung Galaxy Note 2 ကို အဓိကယှဉ်ပြိုင်မယ်ဆိုတာ သေချာနေပါပြီ။

-1.7 GHz quad-core Snapdragon processor
- 13-megapixel  နောက်ကင်မရာ၊ 2 megapixel ရှေ့ ကင်မရာ
- 3,140mAh battery
- ၅.၅ လက်မ Full HD 1080p ကြည်လင် မျက်နှာပြင်
- Android Jelly Bean
စတဲ့ Specification များပါဝင်ပါတယ်။ မျက်နှာပြင်ကို နည်းနည်း ကုန်းထားပြီး သုံးဖက်မြင် ကို အနီးစပ်ဆုံးပေးစွမ်းမယ့် 2.5D အမျိုးအစား ဖြစ်တယ်လို့ဆိုပါတယ်။ ဖန်သားပြင်ဘက်အခြမ်း ဘေးဘောင်တွေကို အကြမ်းခံအောင် သတ္တုနောက်တစ်လွှာ ခံထားပါတယ်။
အဓိက ကောင်းသွားတာကတော့ ကင်မရာ ဖြစ်ပါတယ။် 13 megapixel ဆိုတော့ Note 2 က 8 megapixel ထက် သာသွားတာတော့ အမှန်ပါပဲ။ ဘက်ထရီကတော့ မတိမ်းမယိမ်းမှာ ဖြစ်ပါတယ်။ သို့ပေမယ့် Samsung Galaxy Note 2 ကလို ခဲတံ (S Pen) မပါပါဘူး။
ဒီတော့ ဈေးနှုန်းကသာ လူအများစိတ်ဝင်စားတော့မယ် အနေအထားမှာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ လက်ရှိ Note II က ၅ သိန်းအထက်မှာရှိပါတယ်။ အကယ်၍ အသစ်ထွက်တဲ့ LG Optimus G Pro သာ ယင်းဈေးနဲ့တူနေတယ်။
သို့မဟုတ် မတိမ်းယိမ်းဆိုရင် ရွေးချယ်စရာဖြစ်လာ ပါပြီ။ ဈေးနည်း ရင် မေးစရာတောင် မလိုပါဘူး။ G Pro က လူကြိုက်များလာမှာပါ။ သို့ပေမယ့် Samsung Galaxy Note II ထက် ဈေးက ၃၀ ရာခိုင်နှုန်းနဲ့ အထက်ပိုများမယ်ဆိုရင်တော့ Note II ဟာ Phablet ဈေးကွက်မှာ နံပါတ် ၁ တည်ရှိနေအုံးမှာ ဖြစ်ကြောင်း သိရပါတယ်။




၇ိုးရာလေး

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ