ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 February 2013

အိန္ဒိယ အဂတိလိုက်စားမှုကို အစာငတ်ခံ ဆန္ဒပြပြီး၊ အကျဉ်းထောင်များ ဖြည့်ဖို့ ကြိုးစားသူ



ဩဂုတ်လ ၁၆ ရက် ဒေလီမြို့တွင် အသက် ၇၄ နှစ်ရှိ လူမှုလှုပ်ရှားသူ အန်နာ ဟဇာရီ ဆိုသူက ရုပ်ပျက်လွန်းတဲ့ အိန္ဒိယရဲ့ အဂတိလိုက်စားမှုကို အပြင်းအထန်ဆန့်ကျင်တဲ့အနေနဲ့ အစာငတ်ခံ ဆန္ဒပြရင်း၊ သူ့လှုပ်ရှားမှုမှာ တစ်နိုင်ငံလုံး ပူးပေါင်းပါဝင်ဖို့ လှုံဆော်ခဲ့သည်။

ဟာဇရီ က အဂတိလိုက်စားမှု အဆုံးသတ်ပစ်ဖို့နဲ့ ကောင်းရာမွန်ရာလုပ်ဖို့ ငြင်းဆန်နေတဲ့ အစိုးရကို ၀ိုင်းဝန်း ဆန့်ကျင်ကြဖို့အတွက်၊ သူ့ရဲ့ ကမ်ပိန်းကို အိန္ဒိယရဲ့ 'ဒုတိယ လွတ်လပ်ရေး' လှုပ်ရှားမှုဟု ကြေငြာခဲ့သည်။
နောက် သူက ဗြိတိသျှ အစိုးရကို ဆန့်ကျင်ရာမှာ ဂန္ဒီကြီး အသုံးပြုခဲ့တဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့ 'ဂျေးလ် ဘာရို' ခေါ် ဥပုသ်စောင့်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ကျင့်သုံးခဲ့သည်။ ဆန္ဒပြ အဖမ်းခံခြင်းဖြင့် အိန္ဒိယ အကျဉ်းထောင်များကို လူထပ်ဖြည့်ဖို့ စည်းရုံးလှုံဆော်တဲ့ နည်းလမ်းဖြစ်သည်။
ညနေခင်း မြို့တော်ပန်းခြံထဲမှာ ထောင်ပေါင်းများစွာ စုဝေးဆန္ဒပြဖို့ စီစဉ်နေချိန်၊ အရပ်ဝတ်ရဲများက ဟာဇရီ နှင့် သူ့နောက်လိုက် ၂၆၀၃ ဦးကို ဖမ်းဆီးခဲ့သည်။

အဂတိလိုက်စားမှု အမြစ်ဖြတ်ပစ်ဖို့ အစာငတ်ခံ ဆန္ဒပြတောင်းဆိုနေသူ ဟာဇာရီ ကို ထောက်ခံသူများက ရဲကားဝင်ရောက်လာခြင်းကို ပိတ်ဆို့တားမြစ်ခဲ့ကြသည်။

ဩဂုတ်လ ၁၅ ရက်နေ့က ဟာဇာရီနှင့် သူ့ကိုထောက်ခံသူများ နယူးဒေလီမြို့ရှိ ဂန္ဒီကြီး အောင်မေ့ဖွယ်ရာ နေရာရှေ့မှာ ဆုတောင်းဝတ်ပြုမှု ပြုလုပ်နေခြင်း ဖြစ်သည်။ ဟာဇာရီက ၁၉၇၀ ပြည့်နှစ်များကတည်းက အိန္ဒိယ လူမှုပြဿနာများအတွက် အမြဲတိုက်ပွဲဝင်ခဲ့သူ ဖြစ်သည်။ ယခု အစိုးရဌာနတိုင်း အဆင့်တိုင်းမှ အကျင့်ပျက် ခြစားမှုများကို လွတ်လပ်တဲ့ ခုံရုံးဖွဲ့စစ်ဆေးပေးဖို့ အစိုးရကို တောင်းဆိုခြင်း ဖြစ်သည်။

ဩဂုတ်လ ၁၆ ရက်နေ့ အိန္ဒိယမြောက်ပိုင်း ချန်ဒီဂါမြို့မှ ဟာဇာရီ ရဲ့ အဂတိလိုက်စားမှု ဆန့်ကျင်လှုပ်ရှားမှုကို ထောက်ခံသူများ ချီတက်လာစဉ်။

အိန္ဒိယ အဓိက အတိုက်အခံ BJP ပါတီကလည်း နယူးဒေလီ အဂတိလိုက်စားမှု ဆန္ဒပြပွဲအတွင်း ဟာဇာရီ ကို မဖမ်းဆီးအောင် မီးတုတ်နှင့် ဖယောင်းတိုင်များ ထွန်းညှိ ချီတက်ခဲ့ကြသည်။

ဩဂုတ်လ ၁၇ ရက်၊ ဟာဇာရီ ကို ဖမ်းထားသော သီဟာ အကျဉ်းထောင် အပြင်ဖက်တွင်၊ အိန္ဒိယ ယောဂဂုရု ဆွာမိ ဘာဘာရမ်ဒဗ် က ဆန္ဒပြသူများနဲ့အတူ ဟာဇာရီကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေစဉ်။

ဩဂုတ်လ ၁၇ ရက် အမာဒဘဒ်မြို့မှ အဂတိလိုက်စားမှု ဆန့်ကျင်သူများက ဟာဇရီရဲ့ မျက်နှာဖုံးပုံများ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြသည်။

ဟာဇာရီ ကို ထောက်ခံသူများ သီဟာ အကျဉ်းထောင် အပြင်ဖက်တွင် လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြသည်။

မွမ်ဘိုင်းမြို့မှ အမျိုးသမီးကြီးတစ်ဦးက အဂတိလိုက်စားတဲ့ အစိုးရအဖွဲ့အပေါ် ဆန့်ကျင်သူ ဟာဇာရီ ကို အခိုင်အမာ ထောက်ခံကြောင်း ရဲမေများရှေ့ ပြသခဲ့သည်။
http://www.youtube.com/watch?v=ZqQMKCP8fls&feature=player_detailpage#t=1s
http://www.youtube.com/watch?v=ZyFAAA9LyNA&feature=player_detailpage#t=17s
မောက္ခ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ