ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 February 2013

ဧရာဝတီမြစ် ပြုပြင် ထိန်းသိမ်းရေးနှင့် ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး ဖြစ်မြောက်နိုင်စွမ်း လေ့လာ မှုသည် အရေးကြီးသော လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်မည်ဖြစ်


နေပြည်တော် ဖေဖော်ဝါရီ ၁၃
ပြည်ထောင်စု ဝန်ကြီး ဦးဥာဏ်ထွန်းအောင်သည် ဖေဖော်ဝါရီ ၁၁ ရက်က နေပြည်တော် ဟိုတယ် ဇုန်ရှိ  အမရ ဟိုတယ်၌ ကျင်းပသည့် ပို့ဆောင်ရေး ဝန်ကြီးဌာန ရေအရင်း အမြစ်နှင့် မြစ်ချောင်း များ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် SBE nv Engineering Co., Ltd. တို့ အကြား ဧရာဝတီမြစ် ပြုပြင် ထိန်းသိမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ဖြစ်မြောက် နိုင်စွမ်း လေ့လာ ဆောင်ရွက်ရန်နားလည်မှု မှတ်တမ်း လက်မှတ် ရေးထိုးပွဲ၌ ကမ္ဘာပေါ်တွင် မိမိနိုင်ငံ၌ ရေမရှိ၍ အခြား နိုင်ငံများမှ ရေကို ဝယ်ယူပြီး မြစ်ချောင်းများ ပြုလုပ်ရသည့် နိုင်ငံများစွာ ရှိကြောင်း၊ မိမိတို့ နိုင်ငံ၏ အသက်သွေးကြော ဖြစ်သည့် ဧရာဝတီ၊ ချင်းတွင်း စသည့် မြစ်များမှ ပင်လယ်ပြင်သို့ နှစ်စဉ်ပျမ်းမျှ စီးဆင်း သွားသော ရေထု ပမာဏမှာ မြန်မာနိုင်ငံ ဧရိယာ တစ်ခုလုံးတွင် ရှစ်ပေထုခန့် ပမာဏရှိပြီး အဆိုပါ စီးဝင် သွားသော ရေချိုများကို စနစ်တကျ သိုလှောင် ထိန်းသိမ်း အသုံးပြုမည် ဆိုပါက လယ်ယာကဏ္ဍ၊ လျှပ်စစ် ကဏ္ဍနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကဏ္ဍရပ်များ၊ သစ်တောနှင့် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ဆိုင်ရာ ကဏ္ဍများတွင် များစွာ အကျိုးဖြစ်ထွန်း လာနိုင်မည် ဖြစ်ကြောင်း  ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စု ဝန်ကြီးက ရေလမ်းကြောင်း ကျပ်တည်းမှုများ ဖြစ်ပေါ် လာရခြင်း၏ အကြောင်းရင်းသည် သဘာဝ ဖြစ်စဉ်များနှင့် လူများ၏ ဖန်တီးမှု ကြောင့်ပင် ဖြစ်ကြောင်း၊ ရေကြောင်း ပို့ဆောင်ရေး အတွက် အခက်အခဲများကို ကျော်လွှားနိုင် စေရန် ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ မြစ်ကြောင်း ပြုပြင်နည်း စနစ် (River Bed Regulation) ကို အခြေ ခံကာ ရေ အရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာန အနေဖြင့် ပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက် ပေးလျက် ရှိကြောင်း၊ ဧရာဝတီမြစ် ပြုပြင် ထိန်းသိမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ဖြစ်မြောက် နိုင်စွမ်း လေ့လာမှုသည် အရေးကြီးသော လိုအပ်ချက် တစ်ခုကို ဖြည့်ဆည်းနိုင်မည် ဖြစ်ကာ လေ့လာမှုမှ ဖြစ်ပေါ် လာမည့် ရလဒ်များကို အခြေခံ၍ လုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက် နိုင်ခြင်းဖြင့် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ကဏ္ဍ တစ်ခေတ်ဆန်း လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ဘယ်လ်ဂျီယံ နိုင်ငံ SBE nv Engineering Co., Ltd. တို့ အကြား နားလည်မှု စာချွန်လွှာကို နှစ်ဖက် တာဝန်ရှိ သူများက လက်မှတ်ရေးထိုး ကြပြီး ပြည်ထောင်စု ဝန်ကြီးက ဘယ်လ်ဂျီယံ နိုင်ငံ SBE nv Engineering Co., Ltd. သို့ လုပ်ငန်း ဆောင်ရွက် ခွင့်ပြုမိန့်ကို ပေးအပ် ခဲ့ကြောင်း သိရသည်။


မြ၀တီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ