ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 February 2013

နှစ်နိုင်ငံ ခေါင်းဆောင်များ ကုလားတန် မြစ် စီမံကိန်း၊ ၃ နိုင်ငံ အဝေးပြေးလမ်း ဖောက်လုပ်မှု၊ လီဒို လမ်းမကြီး ပေါ်ထွန်း လာခြင်း တို့ကို ဆွေးနွေး

နှစ်နိုင်ငံ ခေါင်းဆောင်များ ကုလားတန် မြစ် စီမံကိန်း၊ ၃ နိုင်ငံ အဝေးပြေးလမ်း ဖောက်လုပ်မှု၊ လီဒို လမ်းမကြီး ပေါ်ထွန်း လာခြင်း တို့ကို ဆွေးနွေး
နေပြည်တော် ဖေဖော်ဝါရီ ၁၃
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အိန္ဒိယ သမ္မတ နိုင်ငံ အောက်လွှတ်တော် (LOK SAB- HA) ဥက္ကဋ္ဌ Honourable Smt. Meira Kumar ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ  နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။
တွေ့ဆုံရာ၌ ကုလားတန်မြစ် စီမံကိန်း လုပ်ငန်းအား ဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ အိန္ဒိယ- မြန်မာ- ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်း ဖောက်လုပ်မှုတွင် မြန်မာ ဘက်မှ များစွာ ဆောင်ရွက်ပြီး ဖြစ်၍ အမြန် ပြီးစီးအောင် ပူးပေါင်း ဆောင်ရွက်ရေး၊ မိုရေး-တမူး- ကလေး- ကလေးဝ- မန္တလေးလမ်း ပြုပြင်မှုအား ပိုမိုတိုးမြှင့် ဆောင်ရွက်ရေး၊ ဒုတိယ ကမ္ဘာစစ် အတွင်းက ဖောက်လုပ်ခဲ့သော လီဒို လမ်းမကြီး ပြန်လည် ပေါ်ထွန်းလာခြင်း အားဖြင့် အိန္ဒိယ၊ မြန်မာ၊ တရုတ် ကုန်သွယ်မှု ပိုမိုဖြစ်ထွန်း လာမည်ဖြစ်၍ ပြန်လည် အကောင်အထည် ဖော်ရန် စဉ်းစား သုံးသပ်ရေး၊ နယ်စပ်တည်ငြိမ် အေးချမ်းမှု များကို နှစ်နိုင်ငံ ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ရေး၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသော သတင်း အချက်အလက် နည်းပညာ လုပ်ငန်းများအား ဆက်လက် တိုးမြှင့် ဆောင် ရွက်ရေးနှင့် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးစွာဖြင့် ပူးပေါင်း ဆောင်ရွက်မှုများ  တိုးမြှင့်ရေး ကိစ္စရပ် များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ကြသည်။
တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြ သော ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ဦးစိုးမောင်နှင့် ဦးဝင်းမြင့်၊ ဒုတိယ ဝန်ကြီး ဦးသန့်ကျော်၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ အတွင်းရေးမှူး ဦးကိုကိုထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး အိန္ဒိယ သမ္မတနိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H . E. Dr. Villur Sundararajan Seshadri လည်း တက်ရောက် ကြကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ