ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

13 February 2013

ရုရှားနိုင်ငံ မြောက်ပိုင်းတွင် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု ဖြစ်ပွား လူ ၁၈ ဦးထက် မနည်း သေဆုံး ခဲ့ပြီး သုံးဦးမှာ စိုးရိမ်ရ

ရုရှားနိုင်ငံ မြောက်ပိုင်းတွင် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု ဖြစ်ပွား လူ ၁၈ ဦးထက် မနည်း သေဆုံး ခဲ့ပြီး သုံးဦးမှာ စိုးရိမ်ရ
မော်စကို  ဖေဖော်ဝါရီ  ၁၂
ရုရှားနိုင်ငံ မြောက်ပိုင်း ကိုမီ ပြည်နယ်ရှိ Vorkutinskaya ကျောက်မီးသွေး တွင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး ထက်မနည်း သေဆုံးခဲ့ပြီး သုံးဦးမှာ စိုးရိမ်ရသည့် အနေ အထားတွင် ရှိကြောင်း အရေးပေါ် ဌာနမှ အာဏာပိုင် များက ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြောကြား ခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုသည် ရုရှား စံတော်ချိန် နံနက် ၁ဝ နာရီ ၂၈ မိနစ်တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ ပေါက်ကွဲမှု ဖြစ်ပွားချိန်၌ မိုင်းတွင်းတွင် အလုပ်သမား စုစုပေါင်း ၂၅၉ ဦး အလုပ် လုပ်ကိုင်လျက် ရှိပြီး ဒေသ စံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၄ဝ တွင် ဒဏ်ရာ ရရှိသူ များနှင့် ကျန်လုပ်သား များကို ဘေးလွတ်ရာ နေရာ သို့ပြောင်းရွှေ့ပေး ခဲ့သည်။
အရေးပေါ် လုပ်သား ၄ဝ ဦးသည် မြေအောက်တွင် ပိတ်မိ နေသော မိုင်းတွင်း အလုပ်သမား များကို ကယ်တင်ရန် ကြိုးပမ်းလျက် ရှိကြောင်းနှင့် အသက်ရှင် ကျန်ရစ်နေသော မိုင်းတွင်း လုပ်သားများကို ကယ်တင် နိုင် ရန် မျှော်လင့်လျက် ရှိကြောင်း အာဏာပိုင် များက သတင်းထောက် များကို ပြောကြားခဲ့သည်။
သေဆုံးသူ မိုင်းတွင်း လုပ်သားများ၏ မိသားစု များသည် နစ်နာကြေးငွေ ရူဘယ် နှစ်သန်းခန့် လက်ခံ ရရှိမည်ဖြစ်ကြောင်း သိရသည်။
ရုရှား နည်းပညာ ဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ Rostechnadzor ၏ ပဏာမ စစ်ဆေးချက် အရ ယင်းကျောက်မီးသွေး တွင်း၏ မြေအောက် အနက်မီတာ ၈ဝဝ တွင် မီသိန်းဓာတ် ငွေ့ ပေါက်ကွဲ မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ