ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

20 January 2013

ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်ကြောင်း ကေအင်န်ယူတာဝန်ရှိသူ ပြောကြား



Photo

နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်တွင် ပြုလုပ်သော (၇၅)ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်လာသော ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ကေအင်န်ယူ(KNU)အနေဖြင့် ပြည်ထောင်စုမှ မည်သည့်အခါမျှ ခွဲထွက်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ KNU (ကရင်အမျိုးသားအစည်းအရုံး) သဘောထားကို အခွင့်အခါကြုံခိုက်မှာ ပြောကြားချင်တယ်။ ကျွန်တော်တို့ဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်က ဘယ်တော့မှ ခွဲမထွက်ဘူးဆိုတာကို ကျွန်တော်တို့ ဒီမှာကြုံတုန်းကို အတိအလင်းပြောကြားချင်တယ်”ဟု နှစ်သစ်ကူးပွဲသို့ တက်ရောက်လာသော ကေအင်န်ယူဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကပြောသည်။
အခက်အခဲနှင့် စိန်ခေါ်မှုများစွာ ရှိနေသော်လည်း ညီညွတ်ရေးငြိမ်းချမ်းရေးကို မျှော်မှန်း၍ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံရေးပြဿနာကိုလည်း နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းသွားမည်ဟု ဖဒိုမန်းငြိမ်းမောင်ကပြောကြားခဲ့သည်။
ယခုနှစ် ဇန်န၀ါရီ ၁၂ ရက်တွင် ကျရောက်သော (၇၅)ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့သည် အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံးတို့ အပစ်အခတ်ရပ်စဲခြင်း တစ်နှစ်ပြည့်မြောက်သည့်နေ့လည်းဖြစ်သည်။
ထို့အပြင် ယခုနှစ်တွင် ကျရောက်သော ကရင်နှစ်သစ်ကူးနေ့အတွက်လည်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာပေးပို့ခဲ့ပြီး ကရင်အမျိုးသားများအပါအ၀င် တိုင်းရင်းသားလူမျိုးများအားလုံးအတွက် စစ်မှန်ပြီးငြိမ်းချမ်းကာ အားလုံးတန်းတူ၍ မိမိတို့အခွင့်အရေး မိမိတို့ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ပြဋ္ဌာန်းနိုင်သည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အပြောင်းအလဲများစွာကို ကရင်အမျိုးသားများကိုယ်တိုင် အားထုတ်ပါဝင် ဖန်တီးနိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါသည်ဟု သ၀ဏ်လွှာထဲ ရေးသားထားသည်။
ကရင်ပြည်နယ်တွင် ကျင်းပသော ယခုနှစ် ကရင်နှစ်သစ်ကူးပွဲတော်သို့ ကရင်အမျိုးသားအစည်းအရုံးမှ ခေါင်းဆောင်အချို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။



7day new

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ