ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

20 January 2013

၁၉၉၉နှစ် ကဲ့သို့ ဖလား၃လုံး ဆက်တိုက်ရမယ်လို့ ယုံကြည်တဲ့ ရှာရင်ဂမ်


Sharingam
မန်ချက်စတာ ယူနိုက်တက် အသင်း၏ ဂန္တ၀င် ကစားသမားဖြစ်သူ ရှာရင်ဂမ်က ယခုနှစ် မန်ယူအသင်းသည် ၁၉၉၉ခုနှစ် ကလိုပင် ဖလား၃လုံး ဆွတ်ခူးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။
အင်္ဂလန် တိုက်စစ်မှူးလည်းဖြစ်သူ ရှရင်ဟမ်ဟာ  မန်ယူအသင်း နှင့်အတူ ၁၉၉၈-၁၉၉၉ခုနှစ်မှာ တရာသီထဲတွင် အက်အေဖလား၊ ပရီးမီးယားလိဂ်ဖလား နှင့် ချန်ပီယံလိဂ်ဖလား ၃လုံးဆက်တိုက် ရယူခဲ့သော အသင်းတွင် အဓိကနေရာမှ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
ရှာရင်ဂမ်ကအခုမန်ချက်စတာ ယူနိုက်တက် အသင်းက ကျွန်တော်တို့ ၁၉၉၉ခုနှစ် ကထက် ပိုမိုသာပါတယ် နောက်ပြီး ဖာဂူဆန်ရဲ့ ပွဲအတွင်း နည်းဗျူဟာကို ကောင်းစွာအသုံးချတတ်မှုနဲ့ ကစားသမားကောင်း များစွာနဲ့ ပေါင်းစပ်လိုက်ပြီ ဆိုတော့ မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး ကျွန်တော်ကတော့ ဒီနှစ်မှာ ၁၉၉၉ခုနှစ် ကနည်းတူ ဖလား၃လုံးကို တခါထည်း သိမ်းပိုက်နိုင်မယ်လို့ ယုံကြည်မိပါတယ်။ ကျွန်တော်တို့ မန်ယူအသင်းဆိုတာ ဘယ်တော့မှ ကျရှုံးသွားမယ့် အသင်းမဟုတ်ပါဘူး ယခုနှစ်မှာ မန်ယူအသင်းက တကယ်ကျေနပ်စရာ ကောင်းပါတယ် ကျွန်တော် ၀က်စ်ဟမ်းနဲ့ ဒုတိယအကျော့ ပြန်ကန်ပွဲကို ကြည့်မိလိုက်တယ် ကစားသမားတိုင်း တက်ကြွလန်းဆန်းနေပြီး အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ဂစ်ဆိုရင် ယခုချိန်ထိ သူရဲ့ပေးပို့မှု ကစားအားတွေက ကျမသွားပါဘူး။ ဗန်ပါစီ ဆိုတာကလည်း ဂိုးသွင်းတဲ့ နေရာမှာ အလွန်ပါးနပ်တဲ့ တိုက်စစ်မှူး တဦးဖြစ်ပြီး ဒီနှစ်မှာ မန်ယူအသင်းဟာ ဖလား၃လုံးရဖို့ ယုံကြည်ပါတယ်လို့ အင်တာဗျူး တခုတွင် ပြောဆိုသွားခဲ့ပါသည်။


MMFC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ