ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

20 January 2013

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် မှ အရပ်ဖက်လူ့အဖွဲ့အစည်း ၈၆ ခုမှ လူပုဂ္ဂိုလ် ၂၀၀ ခန့်နှင့် တွေ့ဆုံ


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ယနေ့ နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် အရပ်ဖက်လူ့အဖွဲ့အစည်း ၈၆ ခုမှ လူပုဂ္ဂိုလ် ၂၀၀ ခန့်နှင့် တွေ့ဆုံရာတွင်
ပြောကြားသည့် သမ္မတ မိန့်ခွန်းမှ ကောက်နှုတ်ချက် တချို့ကို ဖော်ပြလိုက်ပါသည်။

"အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ကျွန်တော်နဲ့ အလုံးစုံတူညီရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ကျွန်တော်တို့ အားလုံး နိုင်ငံရေး တည်ဆောက်ရေး၊
အမျိုးသားပြန်လည်စည်းလုံညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တူညီတာတွေကို ပူးပေါင်းဆောင်ရွက်ကြဖို့ ဖိတ်ခေါ်တာပဲဖြစ်ပါတယ်။

မတူညီမှုတွေကိုလည်း ထိပ်တိုက်ရင်ဆိုင်တဲ့နည်းလမ်းတွေကို ကျော်လွန်တဲ့ ဆွေးနွေးညှိနှိုင်းမှုနည်းလမ်းနဲ့ အဖြေရှာပြီး လက်တွဲလုပ်ဆောင်သွားကြဖို့
ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီလိုတောင်းဆိုရခြင်းဟာလည်း ပြည်တွင်းပြဿနာအမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရတဲ့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ခေတ်မီတဲ့
လူ့အဖွဲ့အစည်းထူထောင်ရန်နဲ့ ခေတ်မီအမျိုးသားစီးပွားရေးတစ်ရပ်ပိုင်ဆိုင်နိုင်ဖို့ အရေးတကြီး လိုအပ်နေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့် တောင်းဆို
တိုက်တွန်းရခြင်းဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ ဖြစ်ထွန်းမှုများမှာ အရပ်ဖက်လူ့အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍ အရေးပါမှုကို အမှန်တကယ် ယုံကြည်ကြောင်း
ဦးစွာပြောကြားလိုပါတယ်"










No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ