ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

20 January 2013

မီးလောင်ဒဏ်ရာရသော သံဃာခုနစ်ပါးအား အရေပြားလဲပေး



လက်ပံတောင်းတောင်အခင်းဖြစ်ပွားရာမှ အရေပြားမီးလောင်ခံရသော သံဃာတော်ခုနစ်ပါးအား သီတဂူဆရာ
တော်ကြီး၏ အစီအစဉ်ဖြင့် ဗြိတိန်နိုင်ငံမှ ခွဲစိတ်အထူးကုဆရာဝန်ကြီးကိုယ်တိုင်ခွဲစိတ်ကုသ၍ အရေပြားလဲပေးခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတောင်ရိုး၊ သီတဂူအာယုဒါနဆေးရုံတော်တွင် မီးလောင်ဒဏ်ရာရ သံတော်အပါး ၁၀၀ ကျော် ဆေး
ကုသမှုခံယူခဲ့ရာ အနာများကို စစ်ဆေး၍ စားဆေး၊ သောက်ဆေးပေးကာ ၉၀ ကျော်မှာ ဆေးရုံမှ ဆင်းသွားပြီ
ဖြစ်ကြောင်း သီတဂူအာယုဒါနဆေးရုံတော် စီမံအုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
သီတဂူအာယုဒါနဆေးရုံတော်ပေါ်သို့ ဇန်န၀ါရီ ၆ ရက်မှ ၉ ရက်အထိ မီးလောင်ဒဏ်ရာ သံဃာတော်၊ သာမဏေနှင့် အမျိုးသား၊ အမျိုးသမီး လူနာပေါင်း ၁၁၆ ဦး လာရောက်ကုသကြပြီး ၉၃ ဦးကို ဆေးရုံမှဆင်းခွင့်ပြုခဲ့သည်။
ဇန်န၀ါရီ ၁၀ ရက်အထိ တက်ရောက်ကုသနေသော လက်ပံတောင်းတောင်လူနာ ၂၃ ဦးရှိသည်ဟု ယင်းထုတ်ပြန်
ချက်တွင် ဖော်ပြထားသည်။
လက်ပံတောင်းတောင် ဖြိုခွင်းစဉ်က  မီးလောင်ဒဏ်ရာရ လူနာများအတွက် သီတဂူဆရာတော်သည် ဆေးဖိုးဝါးခ ကျပ် ၂၅ သိန်းလှူဒါန်းခဲ့သည်။ ထို့အပြင် ပြည်ပမှ ဆေးဝါးများမှာယူကာ ကျွမ်းကျင်နိုင်နင်းသော ဆရာဝန်များနှင့် သီတဂူအာယုဒါနဆေးရုံတော်တွင် ဒဏ်ရာရသံဃာတော်များနှင့် လူနာများအား ဆေးကုသမှုပေးနေကြောင်း သတင်းရရှိသည်။



7 day new

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ