ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

20 January 2013

ဖလား ၃ လုံး ချန်ပီယံဆု ထပ်ရနိုင်ပါတယ် – ဆာ အဲလက်စ်


SirAlex_25Years99Treble
မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန် က မိမိတို့ အသင်းသည် ၁၉၉၉ ခုနှစ်က ကဲ့သို့ ဖလား ၃ လုံး အောင်ပွဲမျိုး ထပ်မံရယူနိုင်စွမ်း ရှိကြောင်း ကြုံးဝါး ပြောကြားသွားခဲ့သည်။
မန်ယူ အသင်းသည် ၁၉၉၉ ခုနှစ်က ပရီးမီးယားလိဂ် ချန်ပီယံဆု၊ FA ဖလား ချန်ပီယံဆု နှင့် ချန်ပီယံလိဂ် ချန်ပီယံ ဆု များကို ရယူနိုင်ခဲ့ပြီး အောင်မြင်မှု အများအပြား ရရှိခဲ့ဖူးသည်။ လက်ရှိ အချိန်တွင်လည်း မန်ယူ အသင်းမှာ အဆိုပါ ချန်ပီယံဆုများ ရယူနိုင်သည့် လမ်းကြောင်း ပေါ်၌ ရှိနေပြီး ပရီးမီးယားလိဂ်၌ ပထမ နေရာမှ ဦးဆောင်နေပြီး၊ FA ဖလား ပြိုင်ပွဲတွင်လည်း နောက်တစ်ဆင့် တက်ရောက်ခဲ့သလို ချန်ပီယံလိဂ် ပြိုင်ပွဲတွင်လည်း ရှုံးထွက် အဆင့်သို့ တက်ရောက်နေပြီ ဖြစ်သည်။
ဖာဂူဆန် က “ကျွန်တော်တို့ ပွဲကြီးပွဲကောင်းတွေ ရင်ဆိုင်ရတော့မှာပါ။ မက်ဒရစ် အသင်း နဲ့ စပိန်ကို သွားရင်ဆိုင်ရမယ့်ပွဲ နဲ့ အိမ်ကွင်းမှာ လက်ခံရမယ့်ပွဲစဉ်တွေက ရင်ခုန်မှုတွေ ပေးစွမ်းနိုင်မှာပါ။ နောက်ပြီး FA ဖလားမှာလည်း အိမ်ကွင်းမှာပဲ ဖူလ်ဟမ် အသင်း နဲ့ တွေ့ဆုံ ယှဉ်ပြိုင်ရပါမယ်။ ဒီ အချိန်ဟာ အသင်း အတွက် အရေးကြီးဆုံး အချိန်ဖြစ်ပြီး ဒီပွဲစဉ်တွေကပဲ ချန်ပီယံလိဂ်၊ FA Cup နဲ့ ပရီးမီးယားလိဂ် အတွက် အဆုံးအဖြတ် ပေးသွားမှာပါ။ ကျွန်တော်တို့ အသင်း အနေနဲ့ ဒီအချိန်ကို အကောင်းဆုံး ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ ဘာနဲ့ တူသလဲ ဆိုရင် ကျွန်တော်တို့ ချန်ပီယံ ဖလား ၃ လုံး ရရှိခဲ့တဲ့ ၁၉၉၉ ခုနှစ် က ပုံစံနဲ့ တူနေပါတယ်။ အဲတုန်းက ကျွန်တော်တို့ လန်ဒန် ကလပ် အသင်း ချယ်ဆီး အသင်း ကို ၂ ဂိုး ဂိုးမရှိနဲ့ ပရီးမီးယားလိဂ် မှာ အနိုင် ရရှိခဲ့သလို FA ဖလားမှာလည်း လန်ဒန် မြို့ခံ အာဆင်နယ် အသင်းကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အခုလည်း လန်ဒန် ကလပ် စပါး အသင်း နဲ့ တွေ့ဆုံနေပြီး FA ဖလားမှာလည်း လန်ဒန် မြို့ခံ ဖူလ်ဟမ် အသ်ငး နဲ့ ရင်ဆိုင်ရမှာပါ။” ဟု ထုတ်ဖော် ပြောကြားသွားခဲ့ပါသည်။


MMFC

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ