ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

20 January 2013

ကချင်စစ်ပွဲ ရပ်ဆိုင်းရေး မုံရွာ မြို့ တွင် ဆန္ဒပြခွင့် ရရှိ

KIA strikeကချင် ပြည်နယ် အတွင်း ဖြစ်ပွား နေသော စစ်ပွဲများ ရပ်ဆိုင်းရေး အတွက် မုံရွာမြို့ တွင် ငြိမ်းချမ်းစွာ ဆန္ဒ ပြပွဲ တစ်ရပ် ပြုလုပ်ရန် ဇန်နဝါရီလ ၁၆ ရက်နေ့က မြို့ နယ် ရဲတပ်ဖွဲ့မှူး ထံ စာတင် ခွင့်ပြုမိန့် တောင်းခံ ခဲ့ရာ ဇန်နဝါရီလ ၁၈ ရက်နေ့ ညတွင် ခွင့်ပြုမိန့် ရခဲ့ကြောင်း ပွင့်လင်း လူ့အဖွဲ့ အစည်း (မုံရွာ)မှ အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ယင်း ဆန္ဒ ထုတ်ဖော် ပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ပြီး မွန်းတည့် ၁၂နာရီ တွင် မုံရွာမြို့  ဘောလုံးကွင်း အနီးမှ စတင် ထွက်ခွာ မည် ဖြစ်ပြီး ထိုမှ တစ်ဆင့် ဗိုလ်ချုပ် ကြေးရုပ်၊ ကျောက္ကာလမ်း၊ ပြည်ထောင်စု လမ်း အတိုင်း လမ်းလျှောက်ပြီး ဘောလုံးကွင်း တွင် ပြီးဆုံး၍ လူစု ခွဲမည် ဖြစ်ကြောင်း၊ လူအင်အား ၁၅၀ ခွင့်ပြုမိန့် ရကြောင်း ၄င်းက ရှင်းပြသည်။
ယင်း ဆန္ဒ ထုတ်ဖော် ပွဲမှာ မုံရွာမြို့  ပေါ်တွင် ပထမ ဆုံးသော တရားဝင် ဆန္ဒ ထုတ်ဖော် ခွင့် ရခြင်း ဖြစ်ပြီး ယခင်က ကြေးနီ စီမံကိန်း ဒေသခံများနှင့် လက်ပံတောင်း တောင် ကယ်တင်ရေး ကော်မတီမှ ဆန္ဒ ထုတ်ဖော်ခွင့် တောင်းခံ ခဲ့ခြင်းများ ရှိခဲ့ သော်လည်း ခွင့်ပြုခြင်း မရှိ ခဲ့ကြောင်း မုံရွာ ဒေသခံ တစ်ဦးက ပြောကြားသည်။




 By The Voice Journal

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ