ယဉ်ကျေးသိမ်မွေ့သောသင့်အား အေးမြသောလေညှင်းနဲ့ အတူ ဆောင်းဦးရာသီမှ နွေးထွေးစွာကြိုဆိုပါ၏။ ¸.•*""*•.¸❤ •❥✿.. ♥*¨*•♫♪ ¨*♥░W░e░l░c░o░m░e░░to░ O░n░l░i░n░e░░ဆောင်း░ဦး░ရာ░သီ░ဂီ░တ░သံ░စဉ်░♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫❤¸.•*""*•.¸❤♪♫•*¨*•.¸¸

 

ဆရာတော်အရှင်မြတ် ဦးဝီရသူ တွေ့လေကြောက်စရာကောင်းလေ မွတ်ဆလင် တရားတော်

လိုချင်တာကိုဒီကနေရှာလိုက်ပါ

20 January 2013

ကချင်ပြည်နယ် ပဋိပက္ခသည် လူတို့၏ အသက် အိုးအိမ်စည်းစိမ်၊ နိုင်ငံတော်၏ ဒီမိုကရေစီ ဖော်ဆောင်ရေး ကြိုးပမ်း အားထုတ်မှုများ ထိခိုက်မှုရှိနေ၊ နှစ်ဖက် လက်ခံနိုင်သော ဖြေရှင်းချက် တစ်ရပ် ရရှိရန် တိုက်တွန်း



မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်က ချင်ပြည်နယ် ပဋိပက္ခ ဒုက္ခသည်များ အတွက် လူသားချင်း စာနာ ထောက်ထား မှုဆိုင်ရာ အကူအညီ ပေးရေးနှင့် ပတ်သက်သော ထုတ်ပြန်ချက် အမှတ် (၁/၂ဝ၁၃)ကို ဇန်နဝါရီ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။ အဆိုပါ ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်။
ကချင်ပြည်နယ် ပဋိပက္ခ ဒုက္ခသည် များအတွက် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးရေးနှင့် ပတ်သက်သော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင် ထုတ်ပြန်ချက်
ထုတ်ပြန်ချက် အမှတ်(၁/၂ဝ၁၃)
၁။      မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေး ကော်မရှင်၏ အဖွဲ့ဝင် (၄)ဦးပါ အဖွဲ့တစ်ဖွဲ့သည် လက်နက်ကိုင် တိုက်ပွဲများကြောင့် မိမိ နေထိုင်ရာ ဒေသမှ စွန့်ခွာ တိမ်းရှောင် နေကြရသည့် အရပ် သားများ၏ အခြေအနေကို ကိုယ်တိုင် ကိုယ်ကျ လေ့လာနိုင်ရန် ကချင် ပြည်နယ်သို့ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်မှ ၁၀ ရက်နေ့ထိ ပထမ အဆုံး အကြိမ်စတင် သွားရောက် ခဲ့ပါသည်။ ထိုခရီးစဉ် အတွင်း ကော်မရှင် အဖွဲ့သည် ကချင်ပြည်နယ် အစိုးရ၊ ကုလသ မဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း များနှင့် လူမှုရေး အသင်း အဖွဲ့များမှ လိုင်ဇာမြို့တွင်း နှင့်ပတ်ဝန်းကျင်ရှိ ရပ်ရွာစွန့်ခွာ တိမ်းရှောင် နေသူများ သို့ပေးအပ်သည့် လူသာချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးပို့ နိုင်ရေး အတွက် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဆက်သွယ် ညှိနှိုင်း နိုင်ခဲ့ပါသည်။
၂။      ကချင်ပြည်နယ် အတွင်းရှိ ရပ်ရွာစွန့်ခွာ တိမ်းရှောင် နေသူများ ထံသို့ အကူအညီ တိုးမြှင့်ပေးနိုင်ရေး အတွက် ကြိုးပမ်းအား ထုတ်မှုများ ဆက်လက် ပြုလုပ်သွားမည် ဟူ၍လည်း ကော်မရှင်က ဖော်ပြခဲ့ပါသည်။
၃။      ဤခရီးစဉ် ပြီးသည့်နောက် ကော်မရှင်သည် ဖြစ်ပွားနေသော ပဋိပက္ခ၏ အကျိုးဆက် အနေဖြင့် ဖြစ်ပေါ်လာသော လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အခြေခံ လိုအပ်ချက် များကို အသိအမှတ် ပြုပြီး အခြား တိုက်တွန်းမှု များအပြင် ဤကြိုးပမ်း အားထုတ်မှု များကို စီးပွားရေး လုပ်ငန်းရှင် များကလည်း ကူညီပံ့ ပိုးရန် တိုက်တွန်း ခဲ့သကဲ့သို့ ငြိမ်းချမ်းရေး ညှိနှိုင်း ဆွေးနွေးမှု များကို အောင်မြင်မှု ရသည်အထိ ဆက်လက်ဆောင် ရွက်သွားရန်လည်း အလေးအနက် တိုက်တွန်းခဲ့ ပါသည်။
၎။      ဤညှိနှိုင်း ဆွေးနွေး မှုများတွင် ကြုံတွေ့ နေရသည့် အခက်အခဲ များကို ကော်မရှုင်က ကောင်းစွာ သိရှိသကဲ့သို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့သည် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့် အကြားမှ ညှိနှိုင်း ဆွေးနွေး မှုများကို မဆုတ်မနစ် ဆက်လက် ပြုလုပ်နေသည့် အတွက် ကော်မရှင် အနေဖြင့် အားတက် မိပါသည်။ တစ်ချိန်တည်း မှာပင် ပဋိပက္ခ များကြောင့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးရေး အခြေ အနေသည် ပိုမို ဆိုးဝါးနေသည် ကိုလည်းကောင်း၊ ကချင်ပြည်နယ် အတွင်းနှင့် နယ်စပ် တစ်လျှောက်ရှိ ပဋိပက္ခ ဒုက္ခသည် များထံသို့ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ရောက်ရှိရေးမှာ အခက်အခဲဖြစ် နေသည်ကို လည်းကောင်း ကော်မရှင်က များစွာ စိုးရိမ်လျက် ရှိပါသည်။ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ များရောက်ရှိရေး ပြဿနာကို ဖြေရှင်းရန် အတွက် သက်ဆိုင်သူ အားလုံးက အရေးတကြီး ဆောင်ရွက်ခြင်းများ မပြုလုပ် ပါက ပဋိပက္ခ ပြင်းထန်လာ မှုကြောင့် ကလေးများ၊ အမျိုးသမီး များနှင့် အသက်အရွယ် ကြီးရင့် သူများကဲ့သို့ ထိခိုက် လွယ်သူများကို အထူး သက်ရောက်မှု ရှိသော လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးရေး အခြေအနေမှာ ပိုမို ဆိုးဝါး လာဖွယ်ရှိသည်ဟု ကော်မရှင်က ထင်မြင် ယူဆပါသည်။
၅။      သို့ဖြစ်၍ ပဋိပက္ခ ဒုက္ခသည် များထံသို့ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ရောက်ရှိရေး နှင့် လုံခြုံချော မွေ့စွာ ပို့ဆောင်ရေးကို မည်သို့ တာဝန် ယူနိုင်မည် ဆိုသည့် ပြဿနာကို နှစ်ဖက် ငြိမ်းချမ်းရေးဆွေး နွေးမှုတွင် အရေးကြီးသော ကိစ္စ တစ်ရပ်အဖြစ် ကိုင်တွယ် ဖြေရှင်းကြရန် ကော်မရှင်က အလေး အနက်တိုက် တွန်းအပ်ပါသည်။ ကမ္ဘာ့ အလှူရှင် အသိုက်အ၀န်း ကလည်း အကူအညီ ပေးရေးတွင် အရေးပါသည့် အခန်း ကဏ္ဍမှ ပါဝင်နိုင် ကြမည်ဖြစ်ပါသည်။
၆။      ကချင်ပြည်နယ် ပဋိပက္ခသည် လူတို့၏ အသက်အိုးအိမ် စည်းစိမ်အပေါ် တွင် လည်းကောင်း၊ နိုင်ငံတော်၏ ဒီမိုကရေစီ ဖော်ဆောင်ရေး ကြိုးပမ်းအားထုတ် မှုများ အပေါ်တွင် လည်းကောင်း၊ ထိခိုက်မှု ရှိနေသည်ကို ထောက်ရှုလျက် ပဋိပက္ခနှင့် ပတ်သက်သည့် နှစ်ဖက်လက်ခံ နိုင်သော ဖြေရှင်းချက် တစ်ရပ် အမြန်ဆုံး ရရှိရေး အတွက် အရှိန် မြှင့် ကြိုးပမ်း အားထုတ်သွား ကြပါရန် ကော်မရှင်က တိုက်တွန်း အပ်ပါသည်။
 
မြ၀တီ

 

No comments:

Post a Comment

facebook မှကြည့် ချင်ရင် like လုပ်ပါ